1 131




OK Tech

Unicode

ပြီးခဲ့တဲ့ကြာသပတေးနေ့က US သမ္မတဒေါ်နယ်ထရန့်နဲ့အဖွဲ့ဟာ Huawei ကို Blacklist တင်ခဲ့ပီးတဲ့နောက်မှာ US ကုမ္ပဏီတွေအနေနဲ့ Huawei နဲ့တရားဝင်စီးပွား‌ရေး လုပ်ဖို့ခက်ခဲသွားတဲ့ အနေအထားဖြစ်လာပီး အဲ့ထဲကမှ Google ကလဲ သူ့ရဲ့Software, Hardwareနဲ့တခြား technical service တွေကို Huawei ကိုပေးသုံးမှာမဟုတ်တော့တဲ့အတွက် ‌နောက်ပိုင်း Huawei ဖုန်းတွေအနေနဲ့Google playstore နဲ့ပတ်သတ်တဲ့ Service အပြင် gmail စတဲ့ တခြား service တွေပါပါလာတော့မှာမဟုတ်တော့ ပါဘူး

ဒါ့အပြင် Android update နဲ့ Security patch ပုံမှန်ရရေးအနေအထားကလဲမရေမရာဖြစ်လာခဲ့ပီး လက်ရှိဈေးကွက်ထဲမှာရောင်းချနေတဲ့ P20,P30,Mate20 တို့လိုဖုန်းတွေပါ အဲ့ဂယက်သက်ရောက်နိုင်တယ်လို့လဲ သိရပါတယ်Huawei ဟာ Android ရဲ့ public version တနည်းအားဖြင့် open sourced license ကိုပဲအသုံးပြုရတော့မှာဖြစ်လို့ နောက်ပိုင်း Huawei ဖုန်းတွေမှာ Google servicesအသုံးပြုခွင့်ရရေးကို software နဲ့ပဲဖြေရှင်းရတော့မယ်ထင်ပါတယ်

ဘာတွေဆက်ဖြစ်မလဲဆို‌တာတော့‌စောင့်ကြည့်ရဦးမှာပါ ဒီသတင်းကိုတော့ Reutersကနေကူးယူဖော်ပြပေးတာဖြစ်ပါတယ်

OK Tech

Facebook Comments