1 104

အသက္ ၅၅ႏွစ္အ႐ြယ္ Nanita Ronquillo ဆိုတဲ့ အမ်ိဳးသမီးဟာ ေဈးထဲမွာ ငါးေရာင္းတဲ့ အလုပ္ကို လုပ္ကိုင္ေနတဲ့ Single Mom တစ္ေယာက္ပဲျဖစ္တယ္။ သူမမွာ သားတစ္ေယာက္ရွိၿပီး သူ႔မရဲ႕ ျပင္းျပတဲ့ ဆႏၵကေတာ့ သားျဖစ္သူကို ေဆးေက်ာင္း ထားႏိုင္ရမယ္ဆိုတာပါပဲ။

သူမေဈးေရာင္းရတဲ့ တစ္ေန႔စာ ဝင္ေငြက သားျဖစ္သူကို ေဆးေက်ာင္းထားဖို႔ ဘယ္လိုမွမျဖစ္ေပမဲ့ သူမရဲ႕ ဆႏၵကေတာ့ ဘယ္ေတာ့မွ မရပ္တန႔္သြားခဲ့ပါဘူး။ Nanita ဟာ Single mom ျဖစ္ေပမဲ့ သူမရဲ႕ စိတ္ဓာတ္နဲ႔ ဇြဲသတၱိကေတာ့ တကယ့္ကို ျပင္းထန္တဲ့ သူတစ္ေယာက္လို႔ေတာင္ ဆိုရမလိုပါပဲ။

သူမရဲ႕ သားျဖစ္သူ John Nico Ronquillo ကို ပိုေကာင္းတဲ့ဘဝမွာ ေအာင္ျမင္တဲ့သူတစ္ဦးျဖစ္ေစရမယ္လို႔ ယုံၾကည္ထားသူျဖစ္ၿပီး ဘယ္လိုနည္းနဲ႔ျဖစ္ျဖစ္ သူမရဲ႕ ယုံၾကည္ခ်က္ကို အပ်က္မခံႏိုင္သူတစ္ဦးလည္းျဖစ္တယ္။ Nanita ရဲ႕ ခင္ပြန္းျဖစ္သူက သူမကြဲၿပီး ေနာက္အိမ္ေထာင္အသစ္နဲ႔ ေနေနတာေၾကာင့္ Nanita က သားတစ္ေယာက္ထဲနဲ႔ ဘဝကို ႐ုန္းကန္းေနရတာျဖစ္ပါတယ္။

ေဈးေရာင္းရတာ အျခားသူေတြအတြက္ေတာ့ သက္သာတဲ့ အလုပ္တစ္ခုလို႔ ထင္ခ်င္ထင္ေပမဲ့ သူမအတြက္ေတာ့ အရမ္းကို ပင္ပန္းလွပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ တစ္ခါတေလမွာ ငါးေတြမကုန္ရင္ ညေန ၅နာရီ/ ၆နာရီေလာက္အထိ ထိုင္ေရာင္းရၿပီး မနက္ဆိုလည္း ၅နာရီေလာက္ထၿပီး ေဈးဗန္းခင္ေနရပါၿပီ။ သားျဖစ္သူေက်ာင္းစရိတ္အတြက္ ေဈးကို မနက္ပိုင္းတင္မဟုတ္ဘဲ ညေနပိုင္းေတြပါ အပိုေငြရေအာင္ ေရာင္းေနရတာပဲျဖစ္တယ္။

သူမ ေစ်းေရာင္းရတဲ့ ဝင္ေငြက တစ္ေန႔ကို PHP 1000 (အေမရိကန္ ေဒၚလာ ၁၉) ေလာက္အထိ ရရွိပါတယ္။ ဒါေပမဲ့ ေက်ာင္းစရိတ္ကို ဝင္ေငြက မမွ်တဲ့အတြက္ သားျဖစ္သူ ေက်ာင္းနားခဲ့ရတဲ့ ႏွစ္ေတြလည္း ရွိခဲ့ပါတယ္။

အျခားသူေတြ ၄ႏွစ္နဲ႔ ဘြဲ႕ရခဲ့ေပမဲ့ သူမရဲ႕ သားကေတာ့ ၆ႏွစ္ေနမွ ဘြဲ႕ကို ရရွိခဲ့တာျဖစ္ပါတယ္။ အခုေတာ့ သူမရဲ႕ ႀကိဳးစားအားထုတ္မႈေတြက အရာထင္ခဲ့ပါၿပီ။ သားျဖစ္သူလည္း ေဆးေက်ာင္းက ဘြဲ႕ရလို႔ ဆရာဝန္ႀကီးေတာင္ ျဖစ္ေနပါၿပီ။ သူမမွာ ႏွလုံးေရာဂါရွိတာေၾကာင့္ အခုဆို အလုပ္ေပးမလုပ္ေတာ့ဘဲ သားျဖစ္သူက တစ္ဖန္သူမကို ျပဳစုေစာင့္ေရွာက္ေနပါတယ္။

Lifestylemyanmar

Unicode

အသက် ၅၅နှစ်အရွယ် Nanita Ronquillo ဆိုတဲ့ အမျိုးသမီးဟာ ဈေးထဲမှာ ငါးရောင်းတဲ့ အလုပ်ကို လုပ်ကိုင်နေတဲ့ Single Mom တစ်ယောက်ပဲဖြစ်တယ်။ သူမမှာ သားတစ်ယောက်ရှိပြီး သူ့မရဲ့ ပြင်းပြတဲ့ ဆန္ဒကတော့ သားဖြစ်သူကို ဆေးကျောင်း ထားနိုင်ရမယ်ဆိုတာပါပဲ။

သူမဈေးရောင်းရတဲ့ တစ်နေ့စာ ဝင်ငွေက သားဖြစ်သူကို ဆေးကျောင်းထားဖို့ ဘယ်လိုမှမဖြစ်ပေမဲ့ သူမရဲ့ ဆန္ဒကတော့ ဘယ်တော့မှ မရပ်တန့်သွားခဲ့ပါဘူး။ Nanita ဟာ Single mom ဖြစ်ပေမဲ့ သူမရဲ့ စိတ်ဓာတ်နဲ့ ဇွဲသတ္တိကတော့ တကယ့်ကို ပြင်းထန်တဲ့ သူတစ်ယောက်လို့တောင် ဆိုရမလိုပါပဲ။

သူမရဲ့ သားဖြစ်သူ John Nico Ronquillo ကို ပိုကောင်းတဲ့ဘဝမှာ အောင်မြင်တဲ့သူတစ်ဦးဖြစ်စေရမယ်လို့ ယုံကြည်ထားသူဖြစ်ပြီး ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် သူမရဲ့ ယုံကြည်ချက်ကို အပျက်မခံနိုင်သူတစ်ဦးလည်းဖြစ်တယ်။ Nanita ရဲ့ ခင်ပွန်းဖြစ်သူက သူမကွဲပြီး နောက်အိမ်ထောင်အသစ်နဲ့ နေနေတာကြောင့် Nanita က သားတစ်ယောက်ထဲနဲ့ ဘဝကို ရုန်းကန်းနေရတာဖြစ်ပါတယ်။

ဈေးရောင်းရတာ အခြားသူတွေအတွက်တော့ သက်သာတဲ့ အလုပ်တစ်ခုလို့ ထင်ချင်ထင်ပေမဲ့ သူမအတွက်တော့ အရမ်းကို ပင်ပန်းလှပါတယ်။ ဘာကြောင့်လဲဆိုတော့ တစ်ခါတလေမှာ ငါးတွေမကုန်ရင် ညနေ ၅နာရီ/ ၆နာရီလောက်အထိ ထိုင်ရောင်းရပြီး မနက်ဆိုလည်း ၅နာရီလောက်ထပြီး ဈေးဗန်းခင်နေရပါပြီ။ သားဖြစ်သူကျောင်းစရိတ်အတွက် ဈေးကို မနက်ပိုင်းတင်မဟုတ်ဘဲ ညနေပိုင်းတွေပါ အပိုငွေရအောင် ရောင်းနေရတာပဲဖြစ်တယ်။

သူမ စျေးရောင်းရတဲ့ ဝင်ငွေက တစ်နေ့ကို PHP 1000 (အမေရိကန် ဒေါ်လာ ၁၉) လောက်အထိ ရရှိပါတယ်။ ဒါပေမဲ့ ကျောင်းစရိတ်ကို ဝင်ငွေက မမျှတဲ့အတွက် သားဖြစ်သူ ကျောင်းနားခဲ့ရတဲ့ နှစ်တွေလည်း ရှိခဲ့ပါတယ်။

အခြားသူတွေ ၄နှစ်နဲ့ ဘွဲ့ရခဲ့ပေမဲ့ သူမရဲ့ သားကတော့ ၆နှစ်နေမှ ဘွဲ့ကို ရရှိခဲ့တာဖြစ်ပါတယ်။ အခုတော့ သူမရဲ့ ကြိုးစားအားထုတ်မှုတွေက အရာထင်ခဲ့ပါပြီ။ သားဖြစ်သူလည်း ဆေးကျောင်းက ဘွဲ့ရလို့ ဆရာဝန်ကြီးတောင် ဖြစ်နေပါပြီ။ သူမမှာ နှလုံးရောဂါရှိတာကြောင့် အခုဆို အလုပ်ပေးမလုပ်တော့ဘဲ သားဖြစ်သူက တစ်ဖန်သူမကို ပြုစုစောင့်ရှောက်နေပါတယ်။

Lifestylemyanmar

Facebook Comments