su sha htet
1 28
2 17
ရုပ်သံ
Unicode
အစ္စဏီကို အမှု ကျေအေးပေးလိုက်တဲ့ စူးရှထက် ရုပ်သံ
အဆိုတော် အစ္စဏီအား မော်ဒယ် စူးရှထက်က မုဒိမ်းမှုဖြင့် တရားစွဲဆိုထားမှု အပေါ် ယနေ့ သြဂုတ် ၅ ရက်တွင် ကြေအေးပေးမည် ဖြစ်ကြောင်း တရားလို ရှေ့နေ ဖြစ်သော ဦးရောဘတ်စန်းအောင်က ပြောသည်။
အဆိုတော် အစ္စဏီအား ၎င်း၏ ရည်းစားဟောင်းဖြစ်သူ စူးရှထက်က မုဒိမ်းမှု အပါအဝင် ဥပဒေပုဒ်မ ၃၇၆၊ ၃၂၄ ၊ ၃၂၃ တို့ဖြင့် တာမွေမြို့နယ် တရားရုံးတွင် တရား စွဲဆိုထားခြင်း ဖြစ်သည်။
3 11
အမှုဖြစ်စဉ်မှာ ၂၀၁၈ ခုနှစ် ဧပြီလ ၁၁ ရက်နေ့ ၂၃၀၀ အချိန် မော်ဒယ် စူးရှထက် (ခေါ်) မဇာခြည်ဌေး (၂၇) နှစ်သည် သူငယ်ချင်းများနှင့် အတူ ဆယ်လီ အရက်ဘားသို့ ရောက်ရှိနေ စဉ် ဧပြီလ ၁၂ ရက်နေ့ ၀၂၄၅ အချိန်၌ ရည်းစားဟောင်းဖြစ်သူ
ဟန်ထွန်းဇော် (ခ) အစ္စဏီ (၃၂) နှစ်မှ ဘားအတွင်းဝင်ရောက် ပြဿနာ ရှာနေသဖြင့် မော်ဒယ် စူးရှထက် (ခေါ်) မဇာခြည်ဌေးမှ ၎င်း ငှားရမ်း နေထိုင်သည့် တိုက်ခန်းသို့ ကားငှား၍ ပြန်လာ ခဲ့ရာ
ဟန်ထွန်းဇော် (ခ) အစ္စဏီမှလည်း ၎င်းယာဉ်ဖြင့် အတူ လိုက်ပါလာ ခဲ့ကြောင်း၊ နေအိမ်သို့ အရောက်တွင် ဟန်ထွန်းဇော် (ခ) အစ္စဏီမှ မော်ဒယ် စူးရှထက် (ခေါ်) မဇာခြည်ဌေး၏ အင်္ကျီအား အတင်းဆွဲချွတ်သဖြင့် ရုန်းကန်စဉ် ဦးခေါင်းဖြင့် မှန်ဗီဒိုအား တိုက်မိခဲ့၍ ဦးခေါင်း နာကျင်ခဲ့သည့် အပြင်
တကိုယ်လုံးအား ဖျစ်ညှစ်ခြင်း၊ ယာလက်ညှိုး၊ လက်ခလယ်နှင့် လက်သူကြွယ် တို့၏ လက်သည်း ခွံများကို လှန်ချိုး သဖြင့် နာကျင်၍ သတိမေ့နေစဉ် သားမယား ၂ ကြိမ် ပြုကျင့်ခဲ့ ကြောင်း ရဲမှတ်တမ်း များက ဆိုပါသည်။
အဆိုတော် အစ္စဏီအား မော်ဒယ် စူးရှထက်က မုဒိမ်းမှုဖြင့် တရားစွဲဆိုထားမှု အပေါ် ယနေ့ သြဂုတ် ၅ ရက်တွင် ကြေအေးပေးမည် ဖြစ်ကြောင်း စူးရှထက် နှင့် တရားလို ရှေ့နေ ဖြစ်သော ဦးရောဘတ်စန်းအောင်က ပြောပါသည်။ ခရက်ဒစ် bahututaa
ရုပ်သံ
Facebook Comments