1 8

“သ႐ုပ္ေဆာင္ေမသန္းႏုကို အလုပ္ႏွင့္ ေထာင္တစ္ႏွစ္ခ်”

ဇြဲဉာဏ္

ဇန္နဝါရီ ၂ရက္

ရန္ကုန္ – လိမ္လည္မႈ ပုဒ္မ ၄၂၀ ျဖင့္ တရားရင္ဆိုင္ေနရသည့္

သ႐ုပ္ေဆာင္ေမသန္းႏုကို ယေန႔တြင္ ရန္ကင္းၿမိဳ႕နယ္တရား႐ုံးက အလုပ္ႏွင့္ေထာင္ဒဏ္ တစ္ႏွစ္ခ်မွတ္လိုက္သည္။

ေမသန္းႏုကို တရားလိုျဖစ္သူ ေဒၚစန္းစန္းျမင့္က ေဆာက္လုပ္ေရးလုပ္ငန္းလုပ္ကိုင္ရန္ က်ပ္သိန္း ၁၂၀၀ လိမ္လည္မႈျဖင့္ ၿပီးခဲ့သည့္ ၂၀၁၆ ဒီဇင္ဘာက တရားစြဲဆိုျခင္းျဖစ္သည္။

1 7

တရား႐ုံးက ေထာင္ဒဏ္ခ်မွတ္ၿပီးေနာက္ ၎ကို အင္းစိန္အက်ဥ္းေထာင္သို႔ ပို႔ေဆာင္လိုက္ေၾကာင္း ရန္ကုန္တိုင္းရဲတပ္ဖြဲ႕မွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။

႐ုပ္ရွင္ သ႐ုပ္ေဆာင္ ေမသန္းႏုကို ေငြေၾကးလိမ္လည္မႈ ပုဒ္မနဲ႔ ရန္ကင္းၿမိဳ႕နယ္ တရား႐ုံးကေန အလုပ္နဲ႔ေထာင္ဒဏ္ တစ္ႏွစ္ ခ်မွတ္ၿပီး အင္းစိန္ေထာင္ကို ပို႔ေဆာင္လိုက္ေၾကာင္း သတင္းရရွိပါတယ္။

2 1

ဒီကိစၥနဲ႔ ပတ္သက္ၿပီး ဒါရိုက္တာ ဇင္ေယာ္ေမာင္ေမာင္က “ကၽြန္ေတာ္ ဧ။္ သားျဖစ္သူအတြက္ သား၏မိခင္ႏွင့္ ပတ္သက္၍ ရင္ႏွင့္အမၽွ သားေရာ ကၽြန္ေတာ္ေရာ ခံစားမိပါတယ္။ သို႔ျဖစ္ပါ၍ လိုအပ္ေသာအခ်ိန္က်မွသာလၽွင္ မီဒီယာမ်ားႏွင့္ ကၽြန္ေတာ္ တို႔ သားအဖႏွစ္ေယာက္ ေတြ႕ဆုံမည္ ျဖစ္ပါသည္။

ယခုအခ်ိန္အခါတြင္ သားျဖစ္သူဧ။္ မိခင္အတြက္ ကၽြန္ေတာ္ အေကာင္းဆုံးႀကိဳးစား ေဆာင္ရြက္လၽွက္ရွိပါေၾကာင္း အသိေပးေမတၱာရပ္ခံအပ္ပါသည္”လို႔ လူမႈကြန္ရက္ စာမ်က္ႏွာ ေရးသားထားပါတယ္။

ေလးစားစြာျဖင့္ ခ၇က္ဒစ္ 7Day and DVB

Photo – May Than Nu-Ma Sint fb

unicode

“သရုပ်ဆောင်မေသန်းနုကို အလုပ်နှင့် ထောင်တစ်နှစ်ချ”

ဇွဲဉာဏ်

ဇန်နဝါရီ ၂ရက်

ရန်ကုန် – လိမ်လည်မှု ပုဒ်မ ၄၂၀ ဖြင့် တရားရင်ဆိုင်နေရသည့်

သရုပ်ဆောင်မေသန်းနုကို ယနေ့တွင် ရန်ကင်းမြို့နယ်တရားရုံးက အလုပ်နှင့်ထောင်ဒဏ် တစ်နှစ်ချမှတ်လိုက်သည်။

မေသန်းနုကို တရားလိုဖြစ်သူ ဒေါ်စန်းစန်းမြင့်က ဆောက်လုပ်ရေးလုပ်ငန်းလုပ်ကိုင်ရန် ကျပ်သိန်း ၁၂၀၀ လိမ်လည်မှုဖြင့် ပြီးခဲ့သည့် ၂၀၁၆ ဒီဇင်ဘာက တရားစွဲဆိုခြင်းဖြစ်သည်။

တရားရုံးက ထောင်ဒဏ်ချမှတ်ပြီးနောက် ၎င်းကို အင်းစိန်အကျဉ်းထောင်သို့ ပို့ဆောင်လိုက်ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရုပ်ရှင် သရုပ်ဆောင် မေသန်းနုကို ငွေကြေးလိမ်လည်မှု ပုဒ်မနဲ့ ရန်ကင်းမြို့နယ် တရားရုံးကနေ အလုပ်နဲ့ထောင်ဒဏ် တစ်နှစ် ချမှတ်ပြီး အင်းစိန်ထောင်ကို ပို့ဆောင်လိုက်ကြောင်း သတင်းရရှိပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ဒါရိုက်တာ ဇင်ယော်မောင်မောင်က “ကျွန်တော် ဧ။် သားဖြစ်သူအတွက် သား၏မိခင်နှင့် ပတ်သက်၍ ရင်နှင့်အမျှ သားရော ကျွန်တော်ရော ခံစားမိပါတယ်။ သို့ဖြစ်ပါ၍ လိုအပ်သောအချိန်ကျမှသာလျှင် မီဒီယာများနှင့် ကျွန်တော် တို့ သားအဖနှစ်ယောက် တွေ့ဆုံမည် ဖြစ်ပါသည်။

ယခုအချိန်အခါတွင် သားဖြစ်သူဧ။် မိခင်အတွက် ကျွန်တော် အကောင်းဆုံးကြိုးစား ဆောင်ရွက်လျှက်ရှိပါကြောင်း အသိပေးမေတ္တာရပ်ခံအပ်ပါသည်”လို့ လူမှုကွန်ရက် စာမျက်နှာ ရေးသားထားပါတယ်။

လေးစားစွာဖြင့် ခရက်ဒစ် 7Day and DVB

Photo – May Than Nu-Ma Sint fb