1 47

အဆိုတော် ဖြိုးပြည့်စုံ မူးယစ်ဆေးသုံးစွဲမှုဖြင့် ဖမ်းဆီးခံရ (ရုပ်သံ)



အောက်တိုဘာ၇။


1 48


ခင်ရတီ



2 8


ဖမ်းဆီးခံရသည့်ရုပ်သံ

ခရက်ဒစ် မူရင်း video iseemedia

Unicode

အလွမ်းအဆွေး သီချင်းများနဲ့ လူငယ်တွေအကြား ရေပန်းစား ကျော်ကြားနေတဲ့ လူငယ်တေးသံရှင်တဦးလည်းဖြစ်၊ ဆရာဝန်တဦးလည်း ဖြစ်တဲ့ အဆိုတော် ဖြိုးပြည့်စုံတယောက်

မူးယစ်ဆေးဝါးအမှုနဲ့ ဖမ်းဆီး ထိန်းသိမ်းခံထားရတယ်လို့ သိရပါတယ်။ မူရင်း သတင်း အပြည့်အစုံကို အောက်မှာ ဖော်ပြထားပါတယ်-

အောက်တိုဘာရ။

အဆိုတော်ဖြိုးပြည့်စုံကို ယနေ့ညနေ၆နာရီခန့်က မြန်မာပလာဇာတွင် မှုးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးထိန်းသိမ်းခံ ထားရကြောင်းကို

ရန်ကုန်တိုင်းဒေသကြီး ပြည်ထဲရေးဝန်ကြီးဌာနရုံးမှ တာဝန်ရှိသူတဦးမှ အတည်ပြု ပြောကြားကြောင်း ကနဦးသတင်းရရှိပါသည်။

ခင်ရတီ

ယခုခေတ်လို မူးယစ်ဆေးဝါးများ အလွယ်တကူ ရရှိနေတဲ့ ခေတ်ကြီးထဲမှာ အနုပညာရှင်များအနေနဲ့ မူးယစ်ဆေးရဲ့ ဆွဲဆောင်မှုကို

လွတ်အောင် ရှောင်တိမ်းဖို့ဆိုတာ အဓိကကျတဲ့ အချက်တခု ဖြစ်ပါတယ်။ အမှန်တကယ်တော့ ကိုယ့်ရဲ့ အနုပညာ ဖန်တီးမှုဟာ ကိုယ့်အပေါ်မှာပဲ မူတည်တာပါ။ ဘယ်မူးယစ်ဆေးဝါးကိုမှ မမှီခိုပါဘူး။

မူးယစ်ဆေးဝါးကြောင့် အနုပညာ ပိုဖန်တီးနိုင်တယ်ဆိုတဲ့ စကားဟာ ယုံတမ်း စကားပဲ ဖြစ်ပါတယ်။ အဲဒါကြောင့် လူငယ်များအနေနဲ့ မူးယစ်ဆေးဝါးများကို အတတ်နိုင်ဆုံး ရှောင်ရှားကြပါလို့ တိုက်တွန်းလိုက်ပါရစေ။

Facebook Comments