ချစ်သူသက်တမ်း ၃ နှစ် ဝန်းကျင်မှာ အတွဲတွေ ပြတ်ရတဲ့အကြောင်းအရင်း

ချစ်သူဖြစ်ခါစ တစ်နှစ်လောက်အထိကတော့ သာယာမယ်၊ ကြည်နူးမယ်၊ စိတ်ချမ်းသာမှုတွေနဲ့ ပြည့်နှက်နေတတ်ပါတယ်။ ဒါပေမဲ့ တွဲလာတာ နှစ်တွေ တစ်နှစ်ပြီးတစ်နှစ် ကြာလာပြီး

ချစ်သူသက်တမ်း ၃ နှစ်လောက်ရောက်လာတာနဲ့ တဖြေးဖြေးအေးစက်မှုတွေဖြစ်လာကာ နောက်ဆုံး ပြတ်သွားနိုင်တဲ့အထိ ဖြစ်သွားတတ်တာ ဘာကြောင့်လဲဆိုတာ သိပါလား။

(၁) တစ်ယောက်အကြောင်းတစ်ယောက်သိလာလို့

ရည်းစားမဖြစ်ခင်တုန်းက တစ်ယောက်အကြောင်းတစ်ယောက် သိပ်မသိဘဲ တွဲလိုက်မိမယ်။ လူအကြောင်း ပေါင်းကြည့်မှသိဆိုတာမျိုးပဲ သူ့ရဲ့စိတရင်းအမှန်တွေ၊ အကျင့်တွေကို သိလာရတဲ့အခါမှာ ကိုယ့်ဖက်က မကြိုက်တော့တာတွေဖြစ်လာကာ စိတ်ညစ်လာတဲ့အတွက် အဆင်မပြေကြတော့တာပါ။

(၂) သည်းမခံနိုင်တော့လို့

အကျင့်ဆိုးတွေအပြင် ကိုယ်စိတ်တိုင်းမကျတဲ့ အကျင့်နဲ့စိတ်နေစိတ်ထားတွေကို တြဖေးဖြေးသိလာခဲ့ပေမယ့် ကြားထဲ သည်းခံလာခဲ့မိမယ်၊ နှစ်ယောက်သား ငြှိနှိုင်းလာခဲ့မယ်။ ဒါပေမဲ့လည်း ၁ နှစ်ကနေ ၂ နှစ်၊ ၂ နှစ်ကနေ ၃ နှစ်ကြာလာတဲ့အခါ ဆက်သည်းမခံနိုင်တော့ဘဲ စိတ်ပျက်ခါစပြုလာပါလိမ့်မယ်။

(၄) ငြီးငွေ့သွားတတ်လို့

ရင်ခုန်မှုတွေမရှိတော့ဘူး၊ ကြည်နူးစရာတွေ ပျောက်ကင်းလာမယ်၊ အချင်းချင်း ကြားထဲမှာ ဘာအကြောင်းပြချက်မှမရှိဘဲ သွေးအေးလာမယ်၊ ပြောစရာစကားတွေ ကင်းမဲ့လာမယ်ဆိုရင်တော့

အချင်းချင်း ညှိုနှိုင်းစကားပြောသင့်နေပါပြီ။ ဒီအဆင့်ကတော့ ပြန်လည်အဆင်ပြေနိုင်ဖို့ အခွင့်အလမ်းအများဆုံး အခြေအနေတစ်ခုပါပဲ။

(၃) တကယ် မချစ်မှန်းသိလာလို့

အစတုန်းကတော့ ချစ်တယ်လို့ ထင်ရပေမယ့် တကယ်တမ်း အတူတူရှိဖန်များလာတဲ့အခါ အနေနီးလေး သူ့ကို မချစ်မှန်းပိုသိလာလေဆိုတာမျိုးလည်း ဖြစ်လာတတ်ပါတယ်။

ဒါဟာ လူတွေ တော်တော်များများ ဖြစ်တတ်တဲ့ ထင်ယောင်ထင်မှား ကိစ္စတစ်ခုပါပဲ။ သဘောကျတာ၊ ကြိုက်တာ၊ ချစ်တာ၊ သံယောဇဉ်ရှိတာကို ကွဲကွဲပြားပြား မသိကြတာမျိုးပါ။

ဒါပေမဲ့ ဒီအဆင့်တွေကို ကျော်ဖြတ်ပြီးရင်တော့ သင်တို့အနေနဲ့ ဘယ်တော့မှ မပြတ်နိုင်တော့တဲ့ အချစ်ရေးတစ်ခုကို ရရှိတော့မှာပဲဖြစ်တာကြောင့် ဒီ အချိန်ဟာ အရမ်းကိုအရေးကြီးပါတယ်။

Penny

Zawgyi

ခ်စ္သူျဖစ္ခါစ တစ္ႏွစ္ေလာက္အထိကေတာ့ သာယာမယ္၊ ၾကည္ႏူးမယ္၊ စိတ္ခ်မ္းသာမႈေတြနဲ႔ ျပည့္ႏွက္ေနတတ္ပါတယ္။ ဒါေပမဲ့ တြဲလာတာ ႏွစ္ေတြ တစ္ႏွစ္ၿပီးတစ္ႏွစ္ ၾကာလာၿပီး

ခ်စ္သူသက္တမ္း ၃ ႏွစ္ေလာက္ေရာက္လာတာနဲ႔ တေျဖးေျဖးေအးစက္မႈေတြျဖစ္လာကာ ေနာက္ဆုံး ျပတ္သြားႏိုင္တဲ့အထိ ျဖစ္သြားတတ္တာ ဘာေၾကာင့္လဲဆိုတာ သိပါလား။

(၁) တစ္ေယာက္အေၾကာင္းတစ္ေယာက္သိလာလို႔

ရည္းစားမျဖစ္ခင္တုန္းက တစ္ေယာက္အေၾကာင္းတစ္ေယာက္ သိပ္မသိဘဲ တြဲလိုက္မိမယ္။ လူအေၾကာင္း ေပါင္းၾကည့္မွသိဆိုတာမ်ိဳးပဲ သူ႔ရဲ႕စိတရင္းအမွန္ေတြ၊ အက်င့္ေတြကို သိလာရတဲ့အခါမွာ ကိုယ့္ဖက္က မႀကိဳက္ေတာ့တာေတြျဖစ္လာကာ စိတ္ညစ္လာတဲ့အတြက္ အဆင္မေျပၾကေတာ့တာပါ။

(၂) သည္းမခံႏိုင္ေတာ့လို႔

အက်င့္ဆိုးေတြအျပင္ ကိုယ္စိတ္တိုင္းမက်တဲ့ အက်င့္နဲ႔စိတ္ေနစိတ္ထားေတြကို ၾတေဖးေျဖးသိလာခဲ့ေပမယ့္ ၾကားထဲ သည္းခံလာခဲ့မိမယ္၊ ႏွစ္ေယာက္သား ျငႇိႏႈိင္းလာခဲ့မယ္။ ဒါေပမဲ့လည္း ၁ ႏွစ္ကေန ၂ ႏွစ္၊ ၂ ႏွစ္ကေန ၃ ႏွစ္ၾကာလာတဲ့အခါ ဆက္သည္းမခံႏိုင္ေတာ့ဘဲ စိတ္ပ်က္ခါစျပဳလာပါလိမ့္မယ္။

(၄) ၿငီးေငြ႕သြားတတ္လို႔

ရင္ခုန္မႈေတြမရွိေတာ့ဘူး၊ ၾကည္ႏူးစရာေတြ ေပ်ာက္ကင္းလာမယ္၊ အခ်င္းခ်င္း ၾကားထဲမွာ ဘာအေၾကာင္းျပခ်က္မွမရွိဘဲ ေသြးေအးလာမယ္၊ ေျပာစရာစကားေတြ ကင္းမဲ့လာမယ္ဆိုရင္ေတာ့

အခ်င္းခ်င္း ညႇိဳႏႈိင္းစကားေျပာသင့္ေနပါၿပီ။ ဒီအဆင့္ကေတာ့ ျပန္လည္အဆင္ေျပႏိုင္ဖို႔ အခြင့္အလမ္းအမ်ားဆုံး အေျခအေနတစ္ခုပါပဲ။

(၃) တကယ္ မခ်စ္မွန္းသိလာလို႔

အစတုန္းကေတာ့ ခ်စ္တယ္လို႔ ထင္ရေပမယ့္ တကယ္တမ္း အတူတူရွိဖန္မ်ားလာတဲ့အခါ အေနနီးေလး သူ႔ကို မခ်စ္မွန္းပိုသိလာေလဆိုတာမ်ိဳးလည္း ျဖစ္လာတတ္ပါတယ္။

ဒါဟာ လူေတြ ေတာ္ေတာ္မ်ားမ်ား ျဖစ္တတ္တဲ့ ထင္ေယာင္ထင္မွား ကိစၥတစ္ခုပါပဲ။ သေဘာက်တာ၊ ႀကိဳက္တာ၊ ခ်စ္တာ၊ သံေယာဇဥ္ရွိတာကို ကြဲကြဲျပားျပား မသိၾကတာမ်ိဳးပါ။

ဒါေပမဲ့ ဒီအဆင့္ေတြကို ေက်ာ္ျဖတ္ၿပီးရင္ေတာ့ သင္တို႔အေနနဲ႔ ဘယ္ေတာ့မွ မျပတ္ႏိုင္ေတာ့တဲ့ အခ်စ္ေရးတစ္ခုကို ရရွိေတာ့မွာပဲျဖစ္တာေၾကာင့္ ဒီ အခ်ိန္ဟာ အရမ္းကိုအေရးႀကီးပါတယ္။

Penny

Be the first to comment

Leave a Reply

Your email address will not be published.


*