ရင္သားကင္ဆာေဝဒနာအတြက္ သေျပသီး

သပြေ သီး

ဝမ်းတွင်းသို့ ရွှေမှုန့်၊ကြေးမှုန့်၊သံမှုန့်မြေဖြူမှုန့်၊မြေကြီးမှုန့် ဆံပင်မွှေးများစသည်တို့ဝင်ရောက်၍ ဝမ်းဗိုက်အောင့်ခြင်း ထိုးခြင်းဖြစ်ပါကသပြေသီးကို သတိရကြပါ။

(၁) သပြေသီးမှည့်ချိန်တွင် သပြေသီးမှည့်(၁၀)လုံးကို ဆားဖြင့် တို့စားခြင်းအား (၇)ရက်မျှပြုလုပ်ပြီး(၇)ရက်ပြည့် လျှင် မန်ကျည်းဖျော်ရည်သောက်ပေးရသည်။ဝမ်းတွင်းရှိ အမှုန့်၊အမွှားများ၊ဆံပင်ထွေးများ အညစ်အကြေးနှင့် အတူပါသွားတော့သည်။

(၂) သပြေခေါက်ကို အမှုန့်လုပ်ပြီး နေ့စဉ်တစ်နေ့ ကော်ဖီဇွန်း(၁)ဇွန်း (၁)လတိတိစားပြီး ဝမ်းနုတ်ပေး၍ လည်းမလိုလားအပ်သောအမှုန့်များ၊ဆံပင်ချည်ထွေးများ ကျစေပါသည်။

ဆံပင်ညှပ်သမားဆရာတစ်ဦးပြောပြသော နည်းဖြစ်ပါ သည်။ဆံပင်ညှပ်ခြင်းဖြင့် အသက်မွေးဝမ်းပြုရာကဝမ်း တွင်းသို့ ဆံပင်စများဝင်သည်များလာကာ ဗိုက်အောင့် သည်ဆို၍ ဆေးအမျိုးမျိုး သောက်သော်လည်း မပျောက်ကင်းနိုင်ခဲ့ပါ။

နောက်ဆုံးသပြေသီးမှည့် ဆေးနည်းဖြင့် အညစ်အကြေးနှင့််အတူ ဆံပင်ထွေးများ ကျသွားသည်ဟုဆိုပါသည်။ နက္ခတ္တရောင်ခြည်မဂ္ဂဇင်းမှ ရသော ဆေးနည်းဖြစ်သည်ဟု ဆိုပါသည်။

သပြေသီး

၂၀၀ရခုနှစ်က အိန္ဒိယနိုင်ငံထုတ်ဆေးပညာဂျာနယ်တွင် သပြေသီးမှည့်သည့် ရင်သားကင်ဆာမဖြစ်ပွား စေအောင် ကာကွယ်ပေးနိုင်သည့်အပြင် ၊ရင်သားကင်ဆာဝေဒနာရှင်တို့ သပြေသီးစားသုံးခြင်းဖြင့် ကင်ဆာဆဲလ်များမပြန့်ပွားအောင် ထိန်းထားနိုင်သည်ဆိုပါသည်။

၂၀၀၉ခုနှစ်တွင်လည်း အမေရိကန်ပြည်ထောင်စု ဆေးဝါးတက္ကသိုလ်မှ သပြေသီးကို ဓာတ်ခွဲစမ်းသပ်ခဲ့ရာ သပြေသီးသည် ရင်သားကင်ဆာမဖြစ်ပွားအောင် ထိထိ ရောက်ရောက်ကာကွယ်ပေးနိုင်ကြောင်း အဖြေထွက်ရှိ ပါသည်။

ဦးရေပြားဘောက်ထခြင်း

သပြေသီးသတ္တုရည်ကို လိမ်းပေးပါက ဘောက်ထဦး ရေပြားမှိုစွဲခြင်း ရောဂါပျောက်ကင်းစေသည်။

ဆီးလွန်ရောဂါနှင့်သပြေသီး

သပြေသီးတွင် ချိုဖန်သောအရသာရှိသည်။ သပြေသီးချိန် တွင် သပြေသီးမှည့်ကို စားပေးခြင်း၊သပြေခေါက်ကို အမှုန့်ပြုပြီး နေ့စဉ် လက်ဖက်စားဇွန်း(၁)ဇွန်း နံက်ညစား ပေးခြင်းဖြင့်လည်း ဆီးလွန်ရောဂါကို သက်သာပျောက် ကင်းစေပါသည်။

သပြေစေ့

ဆီးချိုရောဂါအတွက် အပင်တွင် ဆေးစွမ်းအကြီးဆုံးက သပြေသီးမှည့်၏အစေ့ဖြစ်ပါသည်။ထိုအစေ့ကို စနစ်တကျ အခြောက်လှန်း အမှုန့်ပြုပြီး နေ့စဉ်လက်ဖက်စားဇွန်း(၁) ဇွန်းနှုန်း နံနက်ညသောက်ပေးပါကဆီးချို တကယ်ပျောက် သည်ဆိုပါသည်။

အိန္ဒိယဆေးကျမ်းများတွင် သပြေရွက်ပြုတ်ရည်ကို အသည်းအားဆေး အဖြစ်တိုက်ကြွေးသည့် အပြင် မှက်၊ခြင်၊ တို့ မကိုက်စေရန် သပြေရွက်ကို ကိုယ်ခန္ဓာတွင် ပွတ်တိုက်လိမ်း ကျံကြသည်။

သပြေပင်နှင့်ပတ်သက်သော များစွာသောဆေးအသုံး တို့ရှိနေပါသေးသည်။ (အစာမကြေသူများ၊ကိုယ်ဝန်ဆောင်သူများနှင့် မတည့်ပါဆေးဖက်ဝင်သည်ဆိုသော်လည်း လွန်လွန်ကျွံကျွံမစားသုံးသင့်ပါ။)

ရဲမျိုးသူ(ဗောဓိမြိုင်)

Zawgyi

သေျပ သီး

ဝမ္းတြင္းသို႔ ေ႐ႊမႈန႔္၊ေၾကးမႈန႔္၊သံမႈန္႔ေျမျဖဴမႈန႔္၊ေျမႀကီးမႈန႔္ ဆံပင္ေမႊးမ်ားစသည္တို႔ဝင္ေရာက္၍ ဝမ္းဗိုက္ေအာင့္ျခင္း ထိုးျခင္းျဖစ္ပါကသေျပသီးကို သတိရၾကပါ။

(၁) သေျပသီးမွည့္ခ်ိန္တြင္ သေျပသီးမွည့္(၁၀)လုံးကို ဆားျဖင့္ တို႔စားျခင္းအား (၇)ရက္မွ်ျပဳလုပ္ၿပီး(၇)ရက္ျပည့္ လွ်င္ မန္က်ည္းေဖ်ာ္ရည္ေသာက္ေပးရသည္။ဝမ္းတြင္းရွိ အမႈန႔္၊အမႊားမ်ား၊ဆံပင္ေထြးမ်ား အညစ္အေၾကးႏွင့္ အတူပါသြားေတာ့သည္။

(၂) သေျပေခါက္ကို အမႈန႔္လုပ္ၿပီး ေန႔စဥ္တစ္ေန႔ ေကာ္ဖီဇြန္း(၁)ဇြန္း (၁)လတိတိစားၿပီး ဝမ္းႏုတ္ေပး၍ လည္းမလိုလားအပ္ေသာအမႈန႔္မ်ား၊ဆံပင္ခ်ည္ေထြးမ်ား က်ေစပါသည္။

ဆံပင္ညႇပ္သမားဆရာတစ္ဦးေျပာျပေသာ နည္းျဖစ္ပါ သည္။ဆံပင္ညႇပ္ျခင္းျဖင့္ အသက္ေမြးဝမ္းျပဳရာကဝမ္း တြင္းသို႔ ဆံပင္စမ်ားဝင္သည္မ်ားလာကာ ဗိုက္ေအာင့္ သည္ဆို၍ ေဆးအမ်ိဳးမ်ိဳး ေသာက္ေသာ္လည္း မေပ်ာက္ကင္းႏိုင္ခဲ့ပါ။

ေနာက္ဆုံးသေျပသီးမွည့္ ေဆးနည္းျဖင့္ အညစ္အေၾကးႏွင့္္အတူ ဆံပင္ေထြးမ်ား က်သြားသည္ဟုဆိုပါသည္။ နကၡတၱေရာင္ျခည္မဂၢဇင္းမွ ရေသာ ေဆးနည္းျဖစ္သည္ဟု ဆိုပါသည္။

သေျပသီး

၂၀၀ရခုႏွစ္က အိႏၵိယႏိုင္ငံထုတ္ေဆးပညာဂ်ာနယ္တြင္ သေျပသီးမွည့္သည့္ ရင္သားကင္ဆာမျဖစ္ပြား ေစေအာင္ ကာကြယ္ေပးႏိုင္သည့္အျပင္ ၊ရင္သားကင္ဆာေဝဒနာရွင္တို႔ သေျပသီးစားသုံးျခင္းျဖင့္ ကင္ဆာဆဲလ္မ်ားမျပန႔္ပြားေအာင္ ထိန္းထားႏိုင္သည္ဆိုပါသည္။

၂၀၀၉ခုႏွစ္တြင္လည္း အေမရိကန္ျပည္ေထာင္စု ေဆးဝါးတကၠသိုလ္မွ သေျပသီးကို ဓာတ္ခြဲစမ္းသပ္ခဲ့ရာ သေျပသီးသည္ ရင္သားကင္ဆာမျဖစ္ပြားေအာင္ ထိထိ ေရာက္ေရာက္ကာကြယ္ေပးႏိုင္ေၾကာင္း အေျဖထြက္ရွိ ပါသည္။

ဦးေရျပားေဘာက္ထျခင္း

သေျပသီးသတၱဳရည္ကို လိမ္းေပးပါက ေဘာက္ထဦး ေရျပားမႈိစြဲျခင္း ေရာဂါေပ်ာက္ကင္းေစသည္။

ဆီးလြန္ေရာဂါႏွင့္သေျပသီး

သေျပသီးတြင္ ခ်ိဳဖန္ေသာအရသာရွိသည္။ သေျပသီးခ်ိန္ တြင္ သေျပသီးမွည့္ကို စားေပးျခင္း၊သေျပေခါက္ကို အမႈန႔္ျပဳၿပီး ေန႔စဥ္ လက္ဖက္စားဇြန္း(၁)ဇြန္း နံက္ညစား ေပးျခင္းျဖင့္လည္း ဆီးလြန္ေရာဂါကို သက္သာေပ်ာက္ ကင္းေစပါသည္။

သေျပေစ့

ဆီးခ်ိဳေရာဂါအတြက္ အပင္တြင္ ေဆးစြမ္းအႀကီးဆုံးက သေျပသီးမွည့္၏အေစ့ျဖစ္ပါသည္။ထိုအေစ့ကို စနစ္တက် အေျခာက္လွန္း အမႈန႔္ျပဳၿပီး ေန႔စဥ္လက္ဖက္စားဇြန္း(၁) ဇြန္းႏႈန္း နံနက္ညေသာက္ေပးပါကဆီးခ်ိဳ တကယ္ေပ်ာက္ သည္ဆိုပါသည္။

အိႏၵိယေဆးက်မ္းမ်ားတြင္ သေျပ႐ြက္ျပဳတ္ရည္ကို အသည္းအားေဆး အျဖစ္တိုက္ေႂကြးသည့္ အျပင္ မွက္၊ျခင္၊ တို႔ မကိုက္ေစရန္ သေျပ႐ြက္ကို ကိုယ္ခႏၶာတြင္ ပြတ္တိုက္လိမ္း က်ံၾကသည္။

သေျပပင္ႏွင့္ပတ္သက္ေသာ မ်ားစြာေသာေဆးအသုံး တို႔ရွိေနပါေသးသည္။ (အစာမေၾကသူမ်ား၊ကိုယ္ဝန္ေဆာင္သူမ်ားႏွင့္ မတည့္ပါေဆးဖက္ဝင္သည္ဆိုေသာ္လည္း လြန္လြန္ကြၽံကြၽံမစားသုံးသင့္ပါ။)

ရဲမ်ိဳးသူ(ေဗာဓိၿမိဳင္)