Bubble Tea ႀကိဳက္တဲ့လူေတြသိထားသင့္တဲ့ Bubble အလုံးေလးေတြရဲ႕ေၾကာက္စရာအႏၲရာယ္

သောက်မိသူကို အသက်သေစေတဲ့ အထိဖြစ်စေနိုင်တဲ့ မစ်ရှိတ် အအေးဘူး က အလုံးလေးတွေရဲ့

အအေးဆိုင်တွေမှာ မစ်ရှိတ်တွေ သောက်တဲ့အခါ သာကူစိအကြီးစားကြီးလို အိကျိအိကျိ နဲ့ အလုံးလေးတွေကို တွေ့မြင်ဖူးကြမှာပါ။

အထူးသဖြင့် Bubble Tea လိုအအေးတွေမှာ တွေ့ရပါတယ်။ သူက စားလို့လည်းကောင်းတယ်။ ဒါကြောင့် လူငယ်တွေ တော်တော်များများထဲက မိန်းကလေးတွေက တော့ နှစ်သက်ကြပါတယ်။

အဲ့ဒီ Bubble အလုံးလေးတွေကိုတော့ ပီလောပီနံ နဲ့ ပြောင်းမှုန့် ရောကြိုပြီးတော့ သကြားနဲ့ သမအောင် လုံးထားတဲ့ အလုံးလေးတွေဖြစ်ပါတယ်။ အလုံး ၁ လုံးတိုင်းမှာ ၁၄ ကယ်လိုရီ ပါဝင်ပါတယ်။ အချိုရည်တစ်ဗူးဆိုရင် အလုံး ၁၀၀ နီးပါးပါတာမို့ ၁၄၀ဝ ကယ်လိုရီ ဖြစ်နေပါပြီ။

အဲ့ဒီ အလုံးလေးတွေကို အရမ်းကြိုက်နှစ်သက်တဲ့ တရုတ်နိုင်ငံက ကျောင်းသူလေးတစ်ဥိးဟာ အဖြေရှာမရတဲ့ ဗိုက်အောင့်ခြင်းကြောင့် ကျောင်းဆေးခန်းသွားပေမယ့် မသက်သာပဲ ဆေးရုံသုံးတဲ့ အချိန်မှာတော့ အစာအိမ်မှာ အဲ့ဒီအလုံးလေးတွေ ကပ်နေတာကိုအံ့သြစွာ တွေ့ခဲ့ရပါတယ်။

ကနဦး ဆရာဝန်က အစာအိမ် အကျိတ်တွေလို့ထင်ခဲ့ပေမယ့် ဒီလောက်များများကတော့ ထူးဆန်းတာကြောင့် အစာအိမ်ကို ကင်မရာ ခပ်သေးသေးလေးနဲ့ ကြည့်တဲ့အခါမှာတော့ Bubble Tea အလုံးလေးတွေဖြစ်နေတာကိုတွေ့ခဲ့ရပါတယ်။

ကျောင်းသူလေးက Bubble Tea အလုံးလေးတွေကို ကြိုက်နှစ်သက်တာဖြစ်ပြီးတော့၅ နှစ်လောက် ဆက်တိုက် စားသုံးခဲ့သူလည်းဖြစ်တယ်လို့သိရပါတယ်။

တရုတ်နိုင်ငံကtapoica bubble တွေကို ဂျာမနီ ဓာတ်ခွဲခန်းကို ပေးပို့စစ်ဆေးစေခဲ့တဲ့ အခါမှာတော့ အစေ့တွေဟာ ကားတာရာ အဟောင်း သားရေဖိနပ်တွေမှာ ပါတဲ့ ဓာတ်တွေကို တွေ့ခဲ့ရပါတယ်။

ဒါတွေကတော့ အစာချေဖျက်မှုကို အနှောက်အယှက်ဖြစ်စေပြီးတော့ကာလရှည်စွာ အစာမချေခဲ့နိုင်တာကြောင့် အစာအိမ်နံရံတွေမှာ ကပ်တွယ်နေခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ကြောက်စရာပါပဲနော်။ ဝိသမ လောဘသားတွေကတော့ အစားအစာအတုတွေနဲ့ ကိုယ်ကျိုးစီးပွားအတွက် လူအများအသက်တွေကိုတောင် မငဲ့ကွက်ကြတာမို့ အစားအစာစားတဲ့အခါ သတိလေးနဲ့စားသောက်ကြဖို့ တိုက်တွန်းချင်ပါတယ်။

ခရက်ဒစ်

Zawgyi

ေသာက္မိသူကို အသက္ေသေစတဲ့ အထိျဖစ္ေစႏိုင္တဲ့ မစ္ရွိတ္ အေအးဘူး က အလုံးေလးေတြရဲ႕ အႏၲရာယ္

အေအးဆိုင္ေတြမွာ မစ္ရွိတ္ေတြ ေသာက္တဲ့အခါ သာကူစိအႀကီးစားႀကီးလို အိက်ိအိက်ိ နဲ႔ အလုံးေလးေတြကို ေတြ႕ျမင္ဖူးၾကမွာပါ။

အထူးသျဖင့္ Bubble Tea လိုအေအးေတြမွာ ေတြ႕ရပါတယ္။ သူက စားလို႔လည္းေကာင္းတယ္။ ဒါေၾကာင့္ လူငယ္ေတြ ေတာ္ေတာ္မ်ားမ်ားထဲက မိန္းကေလးေတြက ေတာ့ ႏွစ္သက္ၾကပါတယ္။

အဲ့ဒီ Bubble အလုံးေလးေတြကိုေတာ့ ပီေလာပီနံ နဲ႔ ေျပာင္းမႈန႔္ ေရာႀကိဳၿပီးေတာ့ သၾကားနဲ႔ သမေအာင္ လုံးထားတဲ့ အလုံးေလးေတြျဖစ္ပါတယ္။ အလုံး ၁ လုံးတိုင္းမွာ ၁၄ ကယ္လိုရီ ပါဝင္ပါတယ္။ အခ်ိဳရည္တစ္ဗူးဆိုရင္ အလုံး ၁၀၀ နီးပါးပါတာမို႔ ၁၄၀ဝ ကယ္လိုရီ ျဖစ္ေနပါၿပီ။

အဲ့ဒီ အလုံးေလးေတြကို အရမ္းႀကိဳက္ႏွစ္သက္တဲ့ တ႐ုတ္ႏိုင္ငံက ေက်ာင္းသူေလးတစ္ဥိးဟာ အေျဖရွာမရတဲ့ ဗိုက္ေအာင့္ျခင္းေၾကာင့္ ေက်ာင္းေဆးခန္းသြားေပမယ့္ မသက္သာပဲ ေဆး႐ုံသုံးတဲ့ အခ်ိန္မွာေတာ့ အစာအိမ္မွာ အဲ့ဒီအလုံးေလးေတြ ကပ္ေနတာကိုအံ့ၾသစြာ ေတြ႕ခဲ့ရပါတယ္။

ကနဦး ဆရာဝန္က အစာအိမ္ အက်ိတ္ေတြလို႔ထင္ခဲ့ေပမယ့္ ဒီေလာက္မ်ားမ်ားကေတာ့ ထူးဆန္းတာေၾကာင့္ အစာအိမ္ကို ကင္မရာ ခပ္ေသးေသးေလးနဲ႔ ၾကည့္တဲ့အခါမွာေတာ့ Bubble Tea အလုံးေလးေတြျဖစ္ေနတာကိုေတြ႕ခဲ့ရပါတယ္။

ေက်ာင္းသူေလးက Bubble Tea အလုံးေလးေတြကို ႀကိဳက္ႏွစ္သက္တာျဖစ္ၿပီးေတာ့၅ ႏွစ္ေလာက္ ဆက္တိုက္ စားသုံးခဲ့သူလည္းျဖစ္တယ္လို႔သိရပါတယ္။

တ႐ုတ္ႏိုင္ငံကtapoica bubble ေတြကို ဂ်ာမနီ ဓာတ္ခြဲခန္းကို ေပးပို႔စစ္ေဆးေစခဲ့တဲ့ အခါမွာေတာ့ အေစ့ေတြဟာ ကားတာရာ အေဟာင္း သားေရဖိနပ္ေတြမွာ ပါတဲ့ ဓာတ္ေတြကို ေတြ႕ခဲ့ရပါတယ္။

ဒါေတြကေတာ့ အစာေခ်ဖ်က္မႈကို အေႏွာက္အယွက္ျဖစ္ေစၿပီးေတာ့ကာလရွည္စြာ အစာမေခ်ခဲ့ႏိုင္တာေၾကာင့္ အစာအိမ္နံရံေတြမွာ ကပ္တြယ္ေနခဲ့တာျဖစ္တယ္လို႔ ဆိုပါတယ္။

ေၾကာက္စရာပါပဲေနာ္။ ဝိသမ ေလာဘသားေတြကေတာ့ အစားအစာအတုေတြနဲ႔ ကိုယ္က်ိဳးစီးပြားအတြက္ လူအမ်ားအသက္ေတြကိုေတာင္ မငဲ့ကြက္ၾကတာမို႔ အစားအစာစားတဲ့အခါ သတိေလးနဲ႔စားေသာက္ၾကဖို႔ တိုက္တြန္းခ်င္ပါတယ္။

ခရက္ဒစ္