ေကာင္ေလးေတြ လုံးဝ လိုက္မမီႏိုင္တဲ့ မိန္းကေလးေတြရဲ႕ ပင္ကိုယ္ဉာဏ္ေကာင္းမႈမ်ား

ကောင်မလေးတွေထက် ကောင်လေးတွေက ပင်ကိုဗီဇကိုက တော်တယ်ဆိုတဲ့စကားကို ငယ်ဘဝမှာ ကြားခဲ့ဖူးကြမှာပါ။ အသက်တွေ ကြီးလာတဲ့အခါမှာလည်း မိန်းကလေးတွေက ယောင်္ကျားလေးတွေလောက် မတော်ပါဘူးလို့ ပြောတတ်ကြပါသေးတယ်။

တကယ်တမ်းက မိန်းကလေးတွေရဲ့ ဦးနှောက်အလုပ်လုပ်ပုံက ကောင်လေးတွေ အသေးစိတ်ဆန်ပြီး ထူးခြားလှပါတယ်။ ဒီမှာ ကြည့်လိုက်ပါဦးနော့…

(၁) အမြင်စူးရှတယ်

မိန်းကလေးတွေလောက် အမြင်စူးရှတာ နှစ်ယောက်မရှိပါဘူး။ အစလေးတစ်စသာ ပေးလိုက်ရင် မိန်းကလေးတွေက ဘာဆိုတာကို သဘောပေါက်ကြပြီးသားပဲနော်။ ဘယ်လောက်ပဲ ဝေးဝေး သူတို့ရှာဖွေတဲ့ အရာတွေကို အချိန်တိုအတွင်း ရှာဖွေနိုင်တာ သိတာက မိန်းကလေးတွေရဲ့ ထူးခြားချက်ပါပဲ။

(၂) တွက်ချက်မှု တော်တယ်

မိန်းကလေးတွေက ဦးနှောက်ကို အရမ်းသုံးတယ်လို့ ပြောလေ့ ရှိကြပါတယ်။ ငွေမက်တယ်လို့လည်း ပြောလေ့ ရှိကြပါတယ်။ ဘယ်လိုဖြစ်ဖြစ် မိန်းကလေးတွေက တွက်ချက်မှု ပြုလုပ်တတ်ကြတဲ့ ဦးနှောက်ကို ပိုင်ဆိုင်ထားလို့ပဲ ဖြစ်ပါတယ်။

ငွေအတွက်ဖြစ်စေ၊ ရှေ့ရေးအတွက် ဖြစ်စေ၊ မိသားစုကိစ္စတွေမှာ ဖြစ်စေ မိန်းကလေးတွေကပဲ ကြောင်းကျိုးညီတာကို စဉ်းစားတတ်ကြတာပါ။

(၃) အချိန်တိုအတွင်း ခွဲခြမ်း စိတ်ဖြာနိုင်တယ်

စုံတွဲတွေ ပြဿနာတက်လေ့ ရှိတာ ဒီအချက်ကြောင့်ပဲ ဖြစ်ပါတယ်။ မိန်းကလေးတွေက ဘယ်နေ့ ဘယ်နေရာ ဘယ်လို နေထိုင်ပြောဆိုတယ်ဆိုတာကို အလိုအလျောက် ဦးနှောက်ထဲမျှာ အမှတ်အသား ရှိတာ ဖြစ်ပါတယ်။

ဘယ်လို အပြုအမူက ဘာကို ဆိုလိုတယ်ဆိုတာတွေပါ သူတို့ဦးနှောက်တွေက အလိုအလျောက် ခွဲခြားစိတ်ဖြာလိုက်တတ်ကြပါတယ်။

ဒါကြောင့်လည်း ကောင်လေးတွေက ရှင်းလေ ရှုပ်လေနဲ့ မိန်းကလေးတွေကို ယုတ္တိကျအောင် မရှင်းနိုင်တော့ဘဲ တိုင်ပတ်သွားတတ်တာပဲ ဖြစ်ပါတယ်။

(၄) စုံထောက်အမြင်

လူမှုကွန်ယက်သုံးတဲ့အခါမှာ မိန်းကလေးတွေက အမှုတစ်ခုကို လိုက်နေသလား အထင်မှားလောက်အောင် သုံးတတ်ကြပါသေးတယ်။

ဘယ်သူ့ပိုစ့်အောက်မှာ ဘယ်နေ့က ဘယ်သူက မှတ်ချက် ဘယ်လို ပေးလိုက်တယ် စသဖြင့် သူတို့ ခေါင်းထဲ အလိုအလျောက်ရောက်ပြီး အဲ့ဒါက ဘယ်သူ ဘယ်ဝါဆိုတဲ့ အကြမ်းဖျင်းကနေ လူမှုရေးအခြေနေတွေပါ သိရလောက်အောင် ရှာဖွေတတ်ကြပါသေးတယ်။

(၅) စီမံခန့်ခွဲနိုင်စွမ်း

မိသားစုတွေမှာ ရှိတဲ့ လူအသီးသီးက ကမ္ဘာကို လည်ပတ်စေတာပါ။ ဒီလို မိသားစုတွေကိုတော့ အမျိုးသမီးတွေကသာ အဓိက စီမံခန့်ခွဲကြရလေ့ ရှိပါတယ်။

မိန်းကလေးတွေရဲ့ ဘယ်နေရာ ဘာထားတာ ပိုကောင်းတယ်ဆိုတဲ့ ခန့်ခွဲတတ်တဲ့ အမြင်တွေအပြင် ငွေကြေးသုံးစွဲမှုကို လှည့်လည်ရာမှာလည်း သူမတူအောင် ထူးချွန်တာ မိန်းကလေးတွေပဲ ဖြစ်ပါတယ်။

ဒီလိုလေးတွေ မဖြစ်တဲ့ ကောင်မလေးတွေကတော့ ချွင်းချက်ပါပေဲနာ့်။

Kham

zawgyi

ေကာင္မေလးေတြထက္ ေကာင္ေလးေတြက ပင္ကိုဗီဇကိုက ေတာ္တယ္ဆိုတဲ့စကားကို ငယ္ဘဝမွာ ၾကားခဲ့ဖူးၾကမွာပါ။ အသက္ေတြ ႀကီးလာတဲ့အခါမွာလည္း မိန္းကေလးေတြက ေယာက်ၤားေလးေတြေလာက္ မေတာ္ပါဘူးလို႔ ေျပာတတ္ၾကပါေသးတယ္။

တကယ္တမ္းက မိန္းကေလးေတြရဲ႕ ဦးေႏွာက္အလုပ္လုပ္ပုံက ေကာင္ေလးေတြ အေသးစိတ္ဆန္ၿပီး ထူးျခားလွပါတယ္။ ဒီမွာ ၾကည့္လိုက္ပါဦးေနာ့…

(၁) အျမင္စူးရွတယ္

မိန္းကေလးေတြေလာက္ အျမင္စူးရွတာ ႏွစ္ေယာက္မရွိပါဘူး။ အစေလးတစ္စသာ ေပးလိုက္ရင္ မိန္းကေလးေတြက ဘာဆိုတာကို သေဘာေပါက္ၾကၿပီးသားပဲေနာ္။ ဘယ္ေလာက္ပဲ ေဝးေဝး သူတို႔ရွာေဖြတဲ့ အရာေတြကို အခ်ိန္တိုအတြင္း ရွာေဖြႏိုင္တာ သိတာက မိန္းကေလးေတြရဲ႕ ထူးျခားခ်က္ပါပဲ။

(၂) တြက္ခ်က္မႈ ေတာ္တယ္

မိန္းကေလးေတြက ဦးေႏွာက္ကို အရမ္းသုံးတယ္လို႔ ေျပာေလ့ ရွိၾကပါတယ္။ ေငြမက္တယ္လို႔လည္း ေျပာေလ့ ရွိၾကပါတယ္။ ဘယ္လိုျဖစ္ျဖစ္ မိန္းကေလးေတြက တြက္ခ်က္မႈ ျပဳလုပ္တတ္ၾကတဲ့ ဦးေႏွာက္ကို ပိုင္ဆိုင္ထားလို႔ပဲ ျဖစ္ပါတယ္။

ေငြအတြက္ျဖစ္ေစ၊ ေရွ႕ေရးအတြက္ ျဖစ္ေစ၊ မိသားစုကိစၥေတြမွာ ျဖစ္ေစ မိန္းကေလးေတြကပဲ ေၾကာင္းက်ိဳးညီတာကို စဥ္းစားတတ္ၾကတာပါ။

(၃) အခ်ိန္တိုအတြင္း ခြဲျခမ္း စိတ္ျဖာႏိုင္တယ္

စုံတြဲေတြ ျပႆနာတက္ေလ့ ရွိတာ ဒီအခ်က္ေၾကာင့္ပဲ ျဖစ္ပါတယ္။ မိန္းကေလးေတြက ဘယ္ေန႔ ဘယ္ေနရာ ဘယ္လို ေနထိုင္ေျပာဆိုတယ္ဆိုတာကို အလိုအေလ်ာက္ ဦးေႏွာက္ထဲမွ်ာ အမွတ္အသား ရွိတာ ျဖစ္ပါတယ္။

ဘယ္လို အျပဳအမူက ဘာကို ဆိုလိုတယ္ဆိုတာေတြပါ သူတို႔ဦးေႏွာက္ေတြက အလိုအေလ်ာက္ ခြဲျခားစိတ္ျဖာလိုက္တတ္ၾကပါတယ္။

ဒါေၾကာင့္လည္း ေကာင္ေလးေတြက ရွင္းေလ ရႈပ္ေလနဲ႔ မိန္းကေလးေတြကို ယုတၱိက်ေအာင္ မရွင္းႏိုင္ေတာ့ဘဲ တိုင္ပတ္သြားတတ္တာပဲ ျဖစ္ပါတယ္။

(၄) စုံေထာက္အျမင္

လူမႈကြန္ယက္သုံးတဲ့အခါမွာ မိန္းကေလးေတြက အမႈတစ္ခုကို လိုက္ေနသလား အထင္မွားေလာက္ေအာင္ သုံးတတ္ၾကပါေသးတယ္။

ဘယ္သူ႔ပိုစ့္ေအာက္မွာ ဘယ္ေန႔က ဘယ္သူက မွတ္ခ်က္ ဘယ္လို ေပးလိုက္တယ္ စသျဖင့္ သူတို႔ ေခါင္းထဲ အလိုအေလ်ာက္ေရာက္ၿပီး အဲ့ဒါက ဘယ္သူ ဘယ္ဝါဆိုတဲ့ အၾကမ္းဖ်င္းကေန လူမႈေရးအေျခေနေတြပါ သိရေလာက္ေအာင္ ရွာေဖြတတ္ၾကပါေသးတယ္။

(၅) စီမံခန႔္ခြဲႏိုင္စြမ္း

မိသားစုေတြမွာ ရွိတဲ့ လူအသီးသီးက ကမာၻကို လည္ပတ္ေစတာပါ။ ဒီလို မိသားစုေတြကိုေတာ့ အမ်ိဳးသမီးေတြကသာ အဓိက စီမံခန႔္ခြဲၾကရေလ့ ရွိပါတယ္။

မိန္းကေလးေတြရဲ႕ ဘယ္ေနရာ ဘာထားတာ ပိုေကာင္းတယ္ဆိုတဲ့ ခန႔္ခြဲတတ္တဲ့ အျမင္ေတြအျပင္ ေငြေၾကးသုံးစြဲမႈကို လွည့္လည္ရာမွာလည္း သူမတူေအာင္ ထူးခြၽန္တာ မိန္းကေလးေတြပဲ ျဖစ္ပါတယ္။

ဒီလိုေလးေတြ မျဖစ္တဲ့ ေကာင္မေလးေတြကေတာ့ ခြၽင္းခ်က္ပါေပဲနာ့္။

Kham