ႏွင္းဆီပင္ စိုက္ထားရင္ မျဖစ္မေနသိထားသင့္ေသာနည္းလမ္းမ်ား

နှင်းဆီမျိုးများကို (၁) မျိုးစေ့ဖြင့် စိုက်ပျိုး၍ လည်းကောင်း (၂) နှင်းဆီ၏ အစိတ်အပိုင်း တခုခုသော်မှ လည်းကောင်း (ဘူတဂံနည်း) မျိုးပွားနိုင်ပါသည်။

ပထမနည်းမှာ အချိန်အလွန် ကြာမြင့်မှ ပွင့်သဖြင့် သုသေသန အတွက်လည်းကောင်း၊ မျိုးသစ် ရရှိရေးအတွက် လည်းကောင်း၏ ဤနည်းကို သုံးပါသည်။ သို့ရာတွင် နှင်းဆီကို မျိုးပွားရာတွင် ဒုတိယနည်းဖြစ်သော ဘူတဂံနည်းကိုသာ သုံးကြသည်က များပါသည်။ ဤနည်းဖြင့်သုံးသည့်အခါ

၁။ ကိုင်းဖြတ်၍စိုက်ပျိုးခြင်း

၂။ ကိုင်းစည်းထုပ်၍စိုက်ပျိုးခြင်း

၃။ အဖူးမြုပ်နည်းဟူ၍ရှိပါသည်။

၁။ ကိုင်းဖြတ်၍စိုက်ပျိုးခြင်း

နှင်းဆီ ပန်းပွင့်ပြီးနောက် ပန်းကျပြီး တလခန့်ကြာလျှင် ၎င်းကိုင်းမှ (၁၀)လက်မခန့် အရှည်ဖြတ်ပြီး သဲတွင် အမြတ်ထွက်ရန် ပျိုး၍ အမြစ်ထွက်သည့်အခါ ပြုပြင်ထားသည့်ဘောင် (သို့) အိုးတွင် စိုက်ပျိုးသောနည်း ဖြစ်ပါသည်။

အမြစ်များထွက်ရန် အကောင်းဆုံး အပူချိန်မှာ (၅၀)ဒီဂရီမွ (၇၀) ဒီဂရီဖာရင်ဟိုက်ခန့် ရှိချိန်တွင် အကောင်းဆုံးဖြစ်ပြီး ဤထက် ပူလွန်း/အေးလွန်းသည့် ရာသီဥတုတွင် အမြစ်ထွက်ရန် ခက်ခဲပါသည်။

စိုက်ပြီး ရေလောင်းပေးရပါမည်။ စိုက်ပျိုးသည့် အကိုင်းမှာ မနုလွန်း မရင့်လွန်း၍ ခဲတံလုံးပတ်ခန့် ရှိသော အကိုင်းများမှာ အကောင်းဆုံး ဖြစ်ပါသည်။ ကိုင်းဖြတ် စိုက်ရာတွင် (အမြစ်ထွက် အားကောင်းဆေး) များကိုလည်း သုံးနိုင် ပါသည်။

ဤနည်းဖြင့် မျိုးပွားခြင်းမှာ အချို့နေရာ များတွင် လြယ္ကူစြာ ရနိုင်သော်လည်း အများအားဖြင့် ဖြစ်လွယ်သည့် မျိုးနည်းပြီး အောင်မြင်မှုနှုန်းများမှာလည်း နည်းပါးသည်။

စိုက်ပျိုးရာတွင်လည်း အပင်၏ ဖြစ်ထွန်းမှုမှာ အခြေခံ အားနည်းမှုရှိ၍ နှင်းဆီရိုင်းကဲ့သို့ ကောင်းမွန်မှု မရှိသဖြင့် ကိုင်းဖြတ်၍ စိုက်ပျိုးနည်းမှာ အဖူးမြုပ်၍ မျိုးပွားသည့် အပင်ကဲ့သို့ မကောင်းပါ။ ဤနည်းကိုအောက်ခံပင်ရိုင်း စိုက်ပျိုးသည့်အခါတွင်သာ သုံးကြပါသည်။ မျိုးကောင်းကို သုံးလေ့ မရွိပါ။

၂။ မြေထုပ်စည်းနည်း

မြေထုပ်၍ စည်းသောနည်းမှာ အကိုင်းများက မိခင်ပင်မ အပေါ်တွင် အမြစ်ထွက်စေပြီးမှ ဖြတ်၍ စိုက်ပျိုးခြင်းကို ဆိုလိုပါသည်။

နှင်းဆီတွင် အတော်အသင့် ဤနည်းကို သုံးပြီး မျိုးပွားကြသော်လည်း ၎င်း၏ ချွတ်ယွင်းချက်မှာ မိမိ အပင်မှ ဖြစ်ပွားသည့် အမြစ်ဖြင့် ကြီးထွားရသဖြင့် အမြစ်၏

ဖြစ်ထွန်းမှု မကောင်းသောကြောင့် အပင်လည်း ပုံပန်းသဏ္ဍာန်နှင့် ဖြစ်ထွန်းမှု အားနည်း၍ဈေးချိုချိုနှင့် ခြံကို မြန်မြန် စိုက်ပျိုးရန် ရည်ရွယ်မှသာလျှင် သုံးပါသည်။

ဆောင်ရွက်သည့် နည်းလမ်းမှာ ခဲတံလုံး နှင့်အထက် အလွန် မနုမရင့်လွန်းသော နှင်းဆီကိုင်းကိုရွေးပါ။ အများအားဖြင့် တစ်နှစ်သားထက် မကြီးသော ကိုင်းကိုရွေးပါ။ ကိုင်းနှစ်ကိုင်း ဆုံရာအောက်တွင် ဓားဖြင့်လေးပိုင်း သုံးပိုင်းလက်မ အရှည်ရှိ အခြံကို ခြာပါ။

(ပုံတွင် ပြထားသည့် အတိုင်း) ခွဲပြီးသော အသားကို ပတ်ပတ်လည် အနည်းငယ် ခြစ်ခွာပါ။ အကိုင်းတွင် (၃/၄)လက်မ ပတ်လည်ရှိနေရာကိုရေစိမ်ထားသော (၂)

လက်မအရွယ် ဖြတ်ထားသော အုန်းခွံကို ပတ်ပတ်လည် အုံစည်းပြီး အပေါ်နှင့်အောက်တွင် ကြိုးဖြင့် ချည်ထားပြီးခြောက်မသွားစေရန် ရေမှန်မှန်လောင်းပေး ရပါမည်။

တနည်းမှာ ကိုင်းနှစ်ခွအောက် (၃/၄)လက်မနေရာမှ ဓားဖြင့် အပေါ်သို့ လှီးပြီး နှင်းဆီကိုင်း(၂) ခြမ်း ဖြစ်နေသည့်နေရာတွင်မြေကြီး သို့မဟုတ် အုန်းခွံဖြင့် ချည်ထားပြီး ရေလောင်းလျှင်လည်း ရပါသည်။

ကိုင်းစည်းခြင်းနည်းဖြင့် အကောင်းဆုံး ဆောင်ရွက်ရန် အချိန်မှာ မိုးရာသီပင် ဖြစ်ပါသည်။

မြေထုပ်စည်းထားသည့် အကိုင်းများသည်(၁၅-၃၀)ရက် အတွင်း ရာသီဥတုပေါ် မူတည်၍ ကျီးပေါင်း တက်လာသည့် အချိန်တွင် ကတ်ကြေးဖြင့် ကျီးပေါင်းတက်သည့်နေရာအောက်မှ ဖြတ်ပြီး၊

ခေတ္တ အျမစ္မ်ား ထွက်လာစေရန် သဲထည့်ထားသည့် ပလပ်စတစ်အိတ် (သို့) အိုးငယ်များတွင် အမြစ်ကောင်းစွာ ထွက်သည်အထိ ထားပြီး စိုက်ပျိုးချိန်ရောက်မှမြေကို ထုတ်ပြီးပြောင်းရွှေ့ နိုင်ပါသည်။

နှင်းဆီတပင်တွင် အပင် အခြေအနေပေါ် မူတည်၍(၂)ပင်မှ (၃)ပင် အထိ ကိုင်းစည်း နိုင်ပြီး၊ အများအားဖြင့် (၃)နှစ် အထက်ရှိ နှင်းဆီပင်များတွင် ကိုင်းစည်းလေ့ ရှိပါသည်။

၃။ အဖူးမြုပ်နည်း

အဖူးမြုပ် စိုက်ပျိုး မျိုးပွားနည်းမှာ နှင်းဆီ စိုက်ပျိုးခြင်းတွင် ခေတ်အမှီဆုံးနှင့် အကောင်းဆုံး နည်း ဖြစ်ပါသည်။ ဤနည်းတွင် နှင်းဆီ(၂)ပင်ကို အသုံးပြု ပါသည်။

အရိုင်းပင်အပေါ် အယဉ်ပင်ဆက်၍ မျိုးပွားနည်း ဖြစ်ပါသည်။ အရိုင်းပင်ကိုအောက်ခံပင်အဖြစ် သုံးပြီး အယဉ်ပင်မှာ မိမိမျိုးပွားလိုသည့် မျိုးကောင်းမှ အဖူးကိုယူ၍ ဆက်ခြင်း ဖြစ်ပါသည်။

အရိုင်းပင်များကို ဦးဆုံး စိုက်ပျိုးထားရပါမည်။ အရိုင်းပင်မှာ မြန်မာပြည်တွင် (၃) မျိုးခန့် ရှိသော်လည်း ရှမ်းဟု အမည်ရသော မျိုးကို အသုံးပြုကြ ပါသည်။

ဤမျိုးကို ခဲတံလုံးအရွယ်၊ အရှည်(၆)လက်မမှ (၈)လက်မခန့် ကိုင်းများကို အမြစ်ပေါက်စေရန် သဲဘောင် (သို့) အိုးများတွင် ပျိုးထားရပါမည်။ အနက်(၁/၂) ပေ (၂) လက်မခန့် သဲတွင်း စိုက်ပြီးရေမှန်မှန်လောင်းပေးပါ။

၂ လခန့် ကြာလျှင် အျမစ္မ်ား ထွက်ပြီး ရှင်သန်သည့် အပင်များကို သဲနှင့် နွားချေးရောစပ် ထားသည့်မြေအိုးမှ ပလတ်စတစ် အိတ်သို့ပြောင်းရွှေ့ စိုက်ပျိုးပြီး၊ (၄)လခန့်ထား၍ ၎င်းကို အဖူးဆက်နိုင်ပါသည်။

များသောအားဖြင့်ဆောင်းရာသီတွင် အဖူးဆက်နိုင်ရန် အရိုင်းပင်များကို အနည်းဆုံး(၄)လမွ (၆)လခန့် ကြိုတင် ပျိုးထောင်ထားရပါမည်။ အေးသောဒေသ၌ အဖူးမ်ား ထွက်ခဲသဖြင့် ရာသီဥတု ပူနွေးလာသည်အထိ ဆက်လက်ပြီးရေလုံလောက်စွာ လောင်းပေးရပါ မည်။

၁။ အဖူးကို ရရှိရန် အပွင့်ပွင့်ပြီး အကိုင်းမှ အရွက်သုံးရွက်အောက်ရှိ အဖူးကို ယူပါ။ အချို့ အကိုင်းတွင် (၈) မွ (၁၀) အထိ ရရှိနိုင်သော်လည်း၊ (၄)ဖူးခန့်သာ ပျှမ်းမျှ ယူပါသည်။

ပုံ(၁)- မျိုးအဖူးကိုင်း

၂။ ဓားဖြင့် အဖူးပါရန် အသားပါ အထက်သို့ (၁) လက်မခန့် လှီးထုတ်ပြီး အပေါ်အခွံနှင့် အသားကို ခွာလိုက်ပါ။ အဖူး၏ အတွင်းပိုင်းကို လက်နှင့် မကိုင်မိစေရန် ဂရုပြုရပါမည်။

ပုံ (၂)- မျိုးအဖူးလှီးခြင်း

၃။ T ပုံလှီးနည်းအောက်ခံပင် အပေါ်တွင် ဖူးဆက်ဓားဖြင့် (T) ပုံသဏ္ဍာန် ဓားဖြင့် အသားထိ အရာပေးပြီး အလယ် တည့်တည့်မှအောက် (၁/၂) လက်မခန့် ဓားဖြင့် ခြဲခ်ပါ။

ပုံ(၃) အောက်ခံပင်တွင် တီပုံလှီးခြင်း

၄။ T ပုံသဏ္ဍာန် ရပြီးလျှင် အခွံကိုအောက်က အသားနှင့် ခွာလိုက်ပါ။

ပုံ(၄) အခွံ့ကို အောက်က အသားနဲ့ ခွာထားပုံ။

၅။ ၁ လက်မ၊ ၂ လက်မ အခွံတွင် ပါသော အဖူးကို (T) ပုံသဏ္ဍာန်ဖြင့် ခွဲထားသော အခေါက်အောက်တွင် တွင် ပြထားသည့်အတိုင်း ထည့်ပါ။

ပုံ(၅) မျိုးအဖူးမြှပ်နေပုံ

၆။ အဖူး၏ အထက်နှင့်အောက်၊ အဖူးကိုပေါ်ရုံ ပလတ်စတစ်ကြိုးဖြင့် ချည်ပါ။ အောက်မှ အထက်သို့ ချည်ပါ။ ဘက်လက်ဖြင့် မတင်းလွန်း မလျော့လွန်း ပတ်၍ ချည်ရပါမည်။

ပုံ(၆) မျိုးအဖူး ထည့်ခြင်း အောက်ခံပင်ကို ဆက်၍ရေလောင်းပေးပါ။

(၂)ပတ် ကြာသောအခါ အဖူးမွာ စိမ်းနေလျှင် ၎င်း၏ အထက် အရိုင်းကိုင်းကို ညှပ်ရပါမည်။ အဖူးမြှုပ်ပြီး (၂-၃) လခန့် ရာသီဥတုပူသော ရန်ကုန်ကဲ့သို့နေရာတွင် အပွင့်များ အမြန်ပွင့်နိုင်ပြီး အေးလျှင် ပိုမို၍ ကြာပါသည်။

ကျွမ်းကျင်မှုအပေါ် မူတည်ပြီး လုပ်သားတစ်ဦး တနေ့လျှင် အဖူး(၂၀၀မွ၃၀၀)အထိ ဆက်နိုင် ပါသည်။

စိုက်ပျိုးရေး နည်းပညာ

Zawgyi

ႏွင္းဆီပင္မ်ား မ်ိဳးျပန႔္ပြားနည္း ႏွင္းဆီ အဖူးျမဳပ္နည္း ကိုင္းျဖတ္စိုက္နည္း ကိုင္းစည္းထုပ္စိုက္ပ်ိဳးနည္း

ႏွင္းဆီမ်ိဳးမ်ားကို (၁) မ်ိဳးေစ့ျဖင့္ စိုက္ပ်ိဳး၍ လည္းေကာင္း (၂) ႏွင္းဆီ၏ အစိတ္အပိုင္း တခုခုေသာ္မွ လည္းေကာင္း (ဘူတဂံနည္း) မ်ိဳးပြားႏိုင္ပါသည္။

ပထမနည္းမွာ အခ်ိန္အလြန္ ၾကာျမင့္မွ ပြင့္သျဖင့္ သုေသသန အတြက္လည္းေကာင္း၊ မ်ိဳးသစ္ ရရွိေရးအတြက္ လည္းေကာင္း၏ ဤနည္းကို သုံးပါသည္။ သို႔ရာတြင္ ႏွင္းဆီကို မ်ိဳးပြားရာတြင္ ဒုတိယနည္းျဖစ္ေသာ ဘူတဂံနည္းကိုသာ သုံးၾကသည္က မ်ားပါသည္။ ဤနည္းျဖင့္သုံးသည့္အခါ

၁။ ကိုင္းျဖတ္၍စိုက္ပ်ိဳးျခင္း

၂။ ကိုင္းစည္းထုပ္၍စိုက္ပ်ိဳးျခင္း

၃။ အဖူးျမဳပ္နည္းဟူ၍ရွိပါသည္။

၁။ ကိုင္းျဖတ္၍စိုက္ပ်ိဳးျခင္း

ႏွင္းဆီ ပန္းပြင့္ၿပီးေနာက္ ပန္းက်ၿပီး တလခန႔္ၾကာလွ်င္ ၎ကိုင္းမွ (၁၀)လက္မခန႔္ အရွည္ျဖတ္ၿပီး သဲတြင္ အျမတ္ထြက္ရန္ ပ်ိဳး၍ အျမစ္ထြက္သည့္အခါ ျပဳျပင္ထားသည့္ေဘာင္ (သို႔) အိုးတြင္ စိုက္ပ်ိဳးေသာနည္း ျဖစ္ပါသည္။

အျမစ္မ်ားထြက္ရန္ အေကာင္းဆုံး အပူခ်ိန္မွာ (၅၀)ဒီဂရီမြ (၇၀) ဒီဂရီဖာရင္ဟိုက္ခန႔္ ရွိခ်ိန္တြင္ အေကာင္းဆုံးျဖစ္ၿပီး ဤထက္ ပူလြန္း/ေအးလြန္းသည့္ ရာသီဥတုတြင္ အျမစ္ထြက္ရန္ ခက္ခဲပါသည္။

စိုက္ၿပီး ေရေလာင္းေပးရပါမည္။ စိုက္ပ်ိဳးသည့္ အကိုင္းမွာ မႏုလြန္း မရင့္လြန္း၍ ခဲတံလုံးပတ္ခန႔္ ရွိေသာ အကိုင္းမ်ားမွာ အေကာင္းဆုံး ျဖစ္ပါသည္။ ကိုင္းျဖတ္ စိုက္ရာတြင္ (အျမစ္ထြက္ အားေကာင္းေဆး) မ်ားကိုလည္း သုံးႏိုင္ ပါသည္။

ဤနည္းျဖင့္ မ်ိဳးပြားျခင္းမွာ အခ်ိဳ႕ေနရာ မ်ားတြင္ ၾလယၠဴျစာ ရႏိုင္ေသာ္လည္း အမ်ားအားျဖင့္ ျဖစ္လြယ္သည့္ မ်ိဳးနည္းၿပီး ေအာင္ျမင္မႈႏႈန္းမ်ားမွာလည္း နည္းပါးသည္။

စိုက္ပ်ိဳးရာတြင္လည္း အပင္၏ ျဖစ္ထြန္းမႈမွာ အေျခခံ အားနည္းမႈရွိ၍ ႏွင္းဆီ႐ိုင္းကဲ့သို႔ ေကာင္းမြန္မႈ မရွိသျဖင့္ ကိုင္းျဖတ္၍ စိုက္ပ်ိဳးနည္းမွာ အဖူးျမဳပ္၍ မ်ိဳးပြားသည့္ အပင္ကဲ့သို႔ မေကာင္းပါ။ ဤနည္းကိုေအာက္ခံပင္႐ိုင္း စိုက္ပ်ိဳးသည့္အခါတြင္သာ သုံးၾကပါသည္။ မ်ိဳးေကာင္းကို သုံးေလ့ မ႐ြိပါ။

၂။ ေျမထုပ္စည္းနည္း

ေျမထုပ္၍ စည္းေသာနည္းမွာ အကိုင္းမ်ားက မိခင္ပင္မ အေပၚတြင္ အျမစ္ထြက္ေစၿပီးမွ ျဖတ္၍ စိုက္ပ်ိဳးျခင္းကို ဆိုလိုပါသည္။

ႏွင္းဆီတြင္ အေတာ္အသင့္ ဤနည္းကို သုံးၿပီး မ်ိဳးပြားၾကေသာ္လည္း ၎၏ ခြၽတ္ယြင္းခ်က္မွာ မိမိ အပင္မွ ျဖစ္ပြားသည့္ အျမစ္ျဖင့္ ႀကီးထြားရသျဖင့္ အျမစ္၏

ျဖစ္ထြန္းမႈ မေကာင္းေသာေၾကာင့္ အပင္လည္း ပုံပန္းသ႑ာန္ႏွင့္ ျဖစ္ထြန္းမႈ အားနည္း၍ေဈးခ်ိဳခ်ိဳႏွင့္ ၿခံကို ျမန္ျမန္ စိုက္ပ်ိဳးရန္ ရည္႐ြယ္မွသာလွ်င္ သုံးပါသည္။

ေဆာင္႐ြက္သည့္ နည္းလမ္းမွာ ခဲတံလုံး ႏွင့္အထက္ အလြန္ မႏုမရင့္လြန္းေသာ ႏွင္းဆီကိုင္းကိုေ႐ြးပါ။ အမ်ားအားျဖင့္ တစ္ႏွစ္သားထက္ မႀကီးေသာ ကိုင္းကိုေ႐ြးပါ။ ကိုင္းႏွစ္ကိုင္း ဆုံရာေအာက္တြင္ ဓားျဖင့္ေလးပိုင္း သုံးပိုင္းလက္မ အရွည္ရွိ အၿခံကို ျခာပါ။

(ပုံတြင္ ျပထားသည့္ အတိုင္း) ခြဲၿပီးေသာ အသားကို ပတ္ပတ္လည္ အနည္းငယ္ ျခစ္ခြာပါ။ အကိုင္းတြင္ (၃/၄)လက္မ ပတ္လည္ရွိေနရာကိုေရစိမ္ထားေသာ (၂)

လက္မအ႐ြယ္ ျဖတ္ထားေသာ အုန္းခြံကို ပတ္ပတ္လည္ အုံစည္းၿပီး အေပၚႏွင့္ေအာက္တြင္ ႀကိဳးျဖင့္ ခ်ည္ထားၿပီးေျခာက္မသြားေစရန္ ေရမွန္မွန္ေလာင္းေပး ရပါမည္။

တနည္းမွာ ကိုင္းႏွစ္ခြေအာက္ (၃/၄)လက္မေနရာမွ ဓားျဖင့္ အေပၚသို႔ လွီးၿပီး ႏွင္းဆီကိုင္း(၂) ျခမ္း ျဖစ္ေနသည့္ေနရာတြင္ေျမႀကီး သို႔မဟုတ္ အုန္းခြံျဖင့္ ခ်ည္ထားၿပီး ေရေလာင္းလွ်င္လည္း ရပါသည္။

ကိုင္းစည္းျခင္းနည္းျဖင့္ အေကာင္းဆုံး ေဆာင္႐ြက္ရန္ အခ်ိန္မွာ မိုးရာသီပင္ ျဖစ္ပါသည္။

ေျမထုပ္စည္းထားသည့္ အကိုင္းမ်ားသည္(၁၅-၃၀)ရက္ အတြင္း ရာသီဥတုေပၚ မူတည္၍ က်ီးေပါင္း တက္လာသည့္ အခ်ိန္တြင္ ကတ္ေၾကးျဖင့္ က်ီးေပါင္းတက္သည့္ေနရာေအာက္မွ ျဖတ္ၿပီး၊

ေခတၱ အ်မစၼ္ား ထြက္လာေစရန္ သဲထည့္ထားသည့္ ပလပ္စတစ္အိတ္ (သို႔) အိုးငယ္မ်ားတြင္ အျမစ္ေကာင္းစြာ ထြက္သည္အထိ ထားၿပီး စိုက္ပ်ိဳးခ်ိန္ေရာက္မွေျမကို ထုတ္ၿပီးေျပာင္းေ႐ႊ႕ ႏိုင္ပါသည္။

ႏွင္းဆီတပင္တြင္ အပင္ အေျခအေနေပၚ မူတည္၍(၂)ပင္မွ (၃)ပင္ အထိ ကိုင္းစည္း ႏိုင္ၿပီး၊ အမ်ားအားျဖင့္ (၃)ႏွစ္ အထက္ရွိ ႏွင္းဆီပင္မ်ားတြင္ ကိုင္းစည္းေလ့ ရွိပါသည္။

၃။ အဖူးျမဳပ္နည္း

အဖူးျမဳပ္ စိုက္ပ်ိဳး မ်ိဳးပြားနည္းမွာ ႏွင္းဆီ စိုက္ပ်ိဳးျခင္းတြင္ ေခတ္အမွီဆုံးႏွင့္ အေကာင္းဆုံး နည္း ျဖစ္ပါသည္။ ဤနည္းတြင္ ႏွင္းဆီ(၂)ပင္ကို အသုံးျပဳ ပါသည္။

အ႐ိုင္းပင္အေပၚ အယဥ္ပင္ဆက္၍ မ်ိဳးပြားနည္း ျဖစ္ပါသည္။ အ႐ိုင္းပင္ကိုေအာက္ခံပင္အျဖစ္ သုံးၿပီး အယဥ္ပင္မွာ မိမိမ်ိဳးပြားလိုသည့္ မ်ိဳးေကာင္းမွ အဖူးကိုယူ၍ ဆက္ျခင္း ျဖစ္ပါသည္။

အ႐ိုင္းပင္မ်ားကို ဦးဆုံး စိုက္ပ်ိဳးထားရပါမည္။ အ႐ိုင္းပင္မွာ ျမန္မာျပည္တြင္ (၃) မ်ိဳးခန႔္ ရွိေသာ္လည္း ရွမ္းဟု အမည္ရေသာ မ်ိဳးကို အသုံးျပဳၾက ပါသည္။

ဤမ်ိဳးကို ခဲတံလုံးအ႐ြယ္၊ အရွည္(၆)လက္မမွ (၈)လက္မခန႔္ ကိုင္းမ်ားကို အျမစ္ေပါက္ေစရန္ သဲေဘာင္ (သို႔) အိုးမ်ားတြင္ ပ်ိဳးထားရပါမည္။ အနက္(၁/၂) ေပ (၂) လက္မခန႔္ သဲတြင္း စိုက္ၿပီးေရမွန္မွန္ေလာင္းေပးပါ။

၂ လခန႔္ ၾကာလွ်င္ အ်မစၼ္ား ထြက္ၿပီး ရွင္သန္သည့္ အပင္မ်ားကို သဲႏွင့္ ႏြားေခ်းေရာစပ္ ထားသည့္ေျမအိုးမွ ပလတ္စတစ္ အိတ္သို႔ေျပာင္းေ႐ႊ႕ စိုက္ပ်ိဳးၿပီး၊ (၄)လခန႔္ထား၍ ၎ကို အဖူးဆက္ႏိုင္ပါသည္။

မ်ားေသာအားျဖင့္ေဆာင္းရာသီတြင္ အဖူးဆက္ႏိုင္ရန္ အ႐ိုင္းပင္မ်ားကို အနည္းဆုံး(၄)လမြ (၆)လခန႔္ ႀကိဳတင္ ပ်ိဳးေထာင္ထားရပါမည္။ ေအးေသာေဒသ၌ အဖူးမ္ား ထြက္ခဲသျဖင့္ ရာသီဥတု ပူေႏြးလာသည္အထိ ဆက္လက္ၿပီးေရလုံေလာက္စြာ ေလာင္းေပးရပါ မည္။

၁။ အဖူးကို ရရွိရန္ အပြင့္ပြင့္ၿပီး အကိုင္းမွ အ႐ြက္သုံး႐ြက္ေအာက္ရွိ အဖူးကို ယူပါ။ အခ်ိဳ႕ အကိုင္းတြင္ (၈) မြ (၁၀) အထိ ရရွိႏိုင္ေသာ္လည္း၊ (၄)ဖူးခန႔္သာ ပွ်မ္းမွ် ယူပါသည္။

ပုံ(၁)- မ်ိဳးအဖူးကိုင္း

၂။ ဓားျဖင့္ အဖူးပါရန္ အသားပါ အထက္သို႔ (၁) လက္မခန႔္ လွီးထုတ္ၿပီး အေပၚအခြံႏွင့္ အသားကို ခြာလိုက္ပါ။ အဖူး၏ အတြင္းပိုင္းကို လက္ႏွင့္ မကိုင္မိေစရန္ ဂ႐ုျပဳရပါမည္။

ပုံ (၂)- မ်ိဳးအဖူးလွီးျခင္း

၃။ T ပုံလွီးနည္းေအာက္ခံပင္ အေပၚတြင္ ဖူးဆက္ဓားျဖင့္ (T) ပုံသ႑ာန္ ဓားျဖင့္ အသားထိ အရာေပးၿပီး အလယ္ တည့္တည့္မွေအာက္ (၁/၂) လက္မခန႔္ ဓားျဖင့္ ၿခဲခ္ပါ။

ပုံ(၃) ေအာက္ခံပင္တြင္ တီပုံလွီးျခင္း

၄။ T ပုံသ႑ာန္ ရၿပီးလွ်င္ အခြံကိုေအာက္က အသားႏွင့္ ခြာလိုက္ပါ။

ပုံ(၄) အခြံ႕ကို ေအာက္က အသားနဲ႔ ခြာထားပုံ။

၅။ ၁ လက္မ၊ ၂ လက္မ အခြံတြင္ ပါေသာ အဖူးကို (T) ပုံသ႑ာန္ျဖင့္ ခြဲထားေသာ အေခါက္ေအာက္တြင္ တြင္ ျပထားသည့္အတိုင္း ထည့္ပါ။

ပုံ(၅) မ်ိဳးအဖူးျမႇပ္ေနပုံ

၆။ အဖူး၏ အထက္ႏွင့္ေအာက္၊ အဖူးကိုေပၚ႐ုံ ပလတ္စတစ္ႀကိဳးျဖင့္ ခ်ည္ပါ။ ေအာက္မွ အထက္သို႔ ခ်ည္ပါ။ ဘက္လက္ျဖင့္ မတင္းလြန္း မေလ်ာ့လြန္း ပတ္၍ ခ်ည္ရပါမည္။

ပုံ(၆) မ်ိဳးအဖူး ထည့္ျခင္း ေအာက္ခံပင္ကို ဆက္၍ေရေလာင္းေပးပါ။

(၂)ပတ္ ၾကာေသာအခါ အဖူးမြာ စိမ္းေနလွ်င္ ၎၏ အထက္ အ႐ိုင္းကိုင္းကို ညႇပ္ရပါမည္။ အဖူးျမႇဳပ္ၿပီး (၂-၃) လခန႔္ ရာသီဥတုပူေသာ ရန္ကုန္ကဲ့သို႔ေနရာတြင္ အပြင့္မ်ား အျမန္ပြင့္ႏိုင္ၿပီး ေအးလွ်င္ ပိုမို၍ ၾကာပါသည္။

ကြၽမ္းက်င္မႈအေပၚ မူတည္ၿပီး လုပ္သားတစ္ဦး တေန႔လွ်င္ အဖူး(၂၀၀မြ၃၀၀)အထိ ဆက္ႏိုင္ ပါသည္။

စိုက္ပ်ိဳးေရး နည္းပညာ

Be the first to comment

Leave a Reply

Your email address will not be published.


*