1 58

ကဲ မေရႊေခ်ာတို႔ စိတ္ဝင္စားၿပီး သေဘာက်တဲ့ ေကာင္ေလးတစ္ေယာက္ရွိေနၾကၿပီလား။ ရွိေတာ့ ရွိတယ္ …ဖြင့္ေျပာလို႔မွ မရတာ-ဆိုၿပီး စိတ္ညစ္ေနသလား။ စိတ္မညစ္ပါနဲ႔။ ဖြင့္ေျပာသလိုကို ထိေရာက္တဲ့ နည္းလမ္းေလးေတြ ရွိပါတယ္။ အဲဒါေလးေတြကို သင္ လိုက္လုပ္နိုင္ရင္ အဲဒီေကာင္ေလး သင့္ကို အျမန္ ေႂကြလာမွာပါလို႔ အႀကံေပးပါရေစေနာ္ …။

တစ္ခုေတာ့ ရွိပါတယ္။ သိပ္ၿပီး ကလတ္တဲ့ အမူအယာေတြ ျပစရာမလိုပါဘူး။ အမွတ္တမဲ့ သင့္ အျပဳအမူေလးေတြက သူ႔ကို ခိုက္ေစပါလိမ့္မယ္။

1. အလွကို နဂိုထက္ပိုျပင္ပါ။

ဒါကေတာ့ တစ္ခ်ိဳ႕က အလွျပင္လိုက္ကာမွ ျပဴးတူးျပဲတဲႀကီးေတြ ျဖစ္သြားတတ္ပါတယ္။ ကၽြန္ေတာ့္ အျမင္အရ ေျပာရရင္ ဘြဲ႕ယူတဲ့ေန႔မွာ မိန္းကေလးေတြက တစ္႐ုပ္တည္းလို႔ ထင္ရပါတယ္။ အလွျပင္လာၾကတာလည္း အကုန္ ျပဴးတူးျပဲတဲႀကီးေတြဆိုေတာ့ သူလား ငါလား ဘယ္ မွတ္မိေတာ့မလဲ။ ဆိုေတာ့ အဝတ္အစားကိုလည္း ဒီထက္ ပိုၿပီး ဖက္ရွင္က်တဲ့ ပုံစံကို ေရြးဝတ္တာတို႔လည္း ပါ၀င္ပါတယ္။

2. စိတ္ဝင္စားမႈကို ျပပါ။

ကိုယ္ စိတ္ဝင္စားမႈကို သူသိေအာင္ ျပေပးပါ။ ဒါက လြယ္ပါတယ္။ ျဖတ္ကနဲ ၾကည့္တာတို႔၊ သူ ၾကည့္တဲ့အခါ ခ်စ္စဖြယ္အမူအယာေလးေတြ လုပ္တာတို႔ေပါ့။ အဲဒီလို အျပဳအမူမ်ိဳး မိန္းကေလးေတြက ဘယ္သူမွ သင္မေပးလည္း တတ္ေျမာက္ၿပီးသားပါ။ ဒီေတာ့ သင္ စိတ္ဝင္စားတဲ့ ေကာင္ေလးကို စမ္းၾကည့္ေပါ့။

3. နားေထာင္ပါ။

မိန္းကေလးေတြဟာ ပစိပစပ္ သိပ္ ေျပာၾကပါတယ္။ အဲဒါမ်ိဳးကို ေယာက္်ားေတြက နည္းနည္း လန႔္ပါတယ္။ ေနာက္ၿပီး သိပ္ၿပီး စပ္စုတာမ်ိဳးဆိုလည္း သေဘာမက် ၾကပါဘူး။ ဒီေတာ့ စကားေျပာစရာရွိရင္ ပညာနဲ႔ ခ်င့္ခ်ိန္ၿပီး ေျပာတာတို႔ လုပ္ရေပးပါ။ ပိုေကာင္းတာက သင္စိတ္ဝင္စားေနတဲ့ ေကာင္ေလးဟာ စကားေျပာရင္ ညည္းေငြ႕ဖြယ္စာအုပ္ႀကီး ဖတ္ျပေနသလို ျဖစ္ရင္ေတာင္ သင္က သူ႔စကားကို ေပ်ာ္ေပ်ာ္ရႊင္ရႊင္ တက္တက္ႂကြႂကြ နားေထာင္ျပေပးပါ။

4. သေဘာထားႀကီးဟန္ျပပါ။

ဘယ္အရာကိုပဲျဖစ္ျဖစ္ မိန္းမတစ္ေယာက္က ျမင္တဲ့ အျမင္မ်ိဳးကို တတ္နိုင္သေလာက္ ေရွာင္ၾကဥ္ပါ။ဥပမာ သူက တစ္ျခားေကာင္မေလးတစ္ေယာက္အေၾကာင္း ေျပာတဲ့အခါ မ်က္ႏွာႀကီး စူပုပ္ေနမဲ့အစား နံပတ္(3)အခ်က္ကဲ့သို႔ပင္ ျပဳံးျပဳံးေလး နားေထာင္ေပးလိုက္ပါ။

1 59

5. ခ်စ္စရာေကာင္းေအာင္ေနပါ။

ဘယ္အျပဳအမူမ်ိဳးပဲျဖစ္ျဖစ္ သူ႔ကို ရည္စူးျပဳ ျပဳမူပါ။ ဒါဆို သင္ဟာ ဘာလုပ္လုပ္ ခ်စ္စရာေကာင္းေနမွာပါ။တစ္ခ်ိဳ႕ကက်ေတာ့ တကယ္စိတ္မဆိုးပဲ စိတ္ဆိုးဟန္ေဆာင္ရင္ လွတတ္လို႔ အဲဒီလို အခ်က္ကေလးကိုအျမဲလိုလို အသုံးခ်တတ္ပါတယ္။ တစ္ခ်ိဳ႕ကက်ေတာ့ ႏႈတ္ခမ္းေလး ပြစိပြစိလုပ္တာတို႔၊ ပါးေလး ခ်ိဳင့္ေအာင္ျပဳံးတာတို႔ စသျဖင့္ေပါ့ေလ။

6. ရယ္ျပပါ။

မိန္းကေလးေတြဟာ ရယ္လိုက္တဲ့အခါမွာ အေတာ္လွၾကပါတယ္။ တစ္ခ်ိဳ႕ မ်က္ႏွာမာႀကီးေတြနဲ႔ အမ်ိဳးသမီးေတြေတာင္ ရယ္လိုက္တဲ့အခါ သြားစြယ္ျဖဴျဖဴေလးေတြနဲ႔ တစ္မ်ိဳး ဆြဲေဆာင္နိုင္စြမ္း ရွိပါတယ္။မိန္းကေလးေတြအတြက္ အေကာင္းဆုံး ဆြဲေဆာင္နည္းကေတာ့ ရယ္နည္းပါဘဲ။ အဲ တစ္ခုေတာ့ ရွိတာေပါ့။ အေၾကာင္းမရွိ အေၾကာင္းရွာ ရယ္ေနလို႔လည္း မျဖစ္ဘူးဗ်။ ေဂါက္ေနတယ္လည္း ထင္သြားဦးမယ္။ ေနာက္ၿပီး မ်က္ရည္ထြက္ေအာင္ ရႉးရႉးေတြ ထြက္က်ေအာင္လည္း ရယ္စရာမလိုပါဘူး။ ဒီေတာ့ လွ႐ုံေလးရယ္ေပါ့။ တစ္ခါတေလ ပါးစပ္ကေလး ပိတ္ၿပီး ရယ္တာမ်ိဳးေတြကလည္း ခ်စ္စရာေကာင္းတယ္ဗ်။

7. က်ီစယ္ေနာက္ေျပာင္ျခင္းလုပ္ပါ။

သူ စိတ္ဆိုးေအာင္ က်ီစယ္တာမ်ိဳး မဟုတ္ပဲ ေပါ့ေပါ့ပါးပါး ဟာသေလးေတြ ေျပာျပတာပဲျဖစ္ျဖစ္၊ သူ႔ကိုခါးတို႔ၿပီး စတာေနာက္တာပဲျဖစ္ျဖစ္ေပါ့ဗ်ာ။ ဒါေပမယ့္ စတာေနာက္တာ မႀကိဳက္တဲ့သူဆိုရင္ေတာ့ မစပါနဲ႔။ သင့္ကို သူကလည္း စေနာက္တတ္တဲ့ အက်င့္ရွိရင္ သင္ကလည္း ျပန္ၿပီး စေနာက္ၾကည့္ပါ။ ပိုၿပီး ပိုၿပီးရင္းနီးလာေစမွာပါ။ ဟာသဆိုတာ လူအခ်င္းခ်င္းကို ပိုၿပီး ရင္းနီးကၽြမ္းဝင္ေစပါတယ္။

9. အဆက္အသြယ္မပ်က္ပါေစနဲ႔။

ဘယ္ေလာက္ပဲ ေဝးေဝး ႏွစ္ေယာက္သား သီးသန႔္ ဆက္သြယ္ခ်ိန္၊ စကားေျပာခ်ိန္ ထားပါ။ ဒီအတြက္ဖုန္းနံပတ္ေပးတာတို႔ ဘာတို႔ လုပ္ထားသင့္ပါတယ္။ ဒါမွလည္း သူက လူခ်င္း မေျပာရဲေတာင္ ဖုန္းနဲ႔ေတာ့ သင့္ကို ပရိုပိုစ့္ လုပ္မွာ အေသအခ်ာပါဘဲ-လို႔။

8. မ်က္လုံးခ်င္း ခဏခဏဆုံပါေစ။

မ်က္လုံးကေန တစ္ဆင့္ ႏႈတ္နဲ႔ ေျပာလို႔မရတဲ့ ဘာသာေဗဒေတြ အမ်ားႀကီး ထြက္နိုင္ပါတယ္။ ဒီေတာ့သင့္မ်က္လုံးကိုလည္း အေကာင္းဆုံး အသုံးခ်တတ္ဖို႔ လိုပါတယ္။

နတ္စည္ေတာ္

Unicode

ကဲ မရွှေချောတို့ စိတ်ဝင်စားပြီး သဘောကျတဲ့ ကောင်လေးတစ်ယောက်ရှိနေကြပြီလား။ ရှိတော့ ရှိတယ် …ဖွင့်ပြောလို့မှ မရတာ-ဆိုပြီး စိတ်ညစ်နေသလား။ စိတ်မညစ်ပါနဲ့။ ဖွင့်ပြောသလိုကို ထိရောက်တဲ့ နည်းလမ်းလေးတွေ ရှိပါတယ်။ အဲဒါလေးတွေကို သင် လိုက်လုပ်နိုင်ရင် အဲဒီကောင်လေး သင့်ကို အမြန် ကြွေလာမှာပါလို့ အကြံပေးပါရစေနော် …။

တစ်ခုတော့ ရှိပါတယ်။ သိပ်ပြီး ကလတ်တဲ့ အမူအယာတွေ ပြစရာမလိုပါဘူး။ အမှတ်တမဲ့ သင့် အပြုအမူလေးတွေက သူ့ကို ခိုက်စေပါလိမ့်မယ်။

1. အလှကို နဂိုထက်ပိုပြင်ပါ။

ဒါကတော့ တစ်ချို့က အလှပြင်လိုက်ကာမှ ပြူးတူးပြဲတဲကြီးတွေ ဖြစ်သွားတတ်ပါတယ်။ ကျွန်တော့် အမြင်အရ ပြောရရင် ဘွဲ့ယူတဲ့နေ့မှာ မိန်းကလေးတွေက တစ်ရုပ်တည်းလို့ ထင်ရပါတယ်။ အလှပြင်လာကြတာလည်း အကုန် ပြူးတူးပြဲတဲကြီးတွေဆိုတော့ သူလား ငါလား ဘယ် မှတ်မိတော့မလဲ။ ဆိုတော့ အဝတ်အစားကိုလည်း ဒီထက် ပိုပြီး ဖက်ရှင်ကျတဲ့ ပုံစံကို ရွေးဝတ်တာတို့လည်း ပါဝင်ပါတယ်။

2. စိတ်ဝင်စားမှုကို ပြပါ။

ကိုယ် စိတ်ဝင်စားမှုကို သူသိအောင် ပြပေးပါ။ ဒါက လွယ်ပါတယ်။ ဖြတ်ကနဲ ကြည့်တာတို့၊ သူ ကြည့်တဲ့အခါ ချစ်စဖွယ်အမူအယာလေးတွေ လုပ်တာတို့ပေါ့။ အဲဒီလို အပြုအမူမျိုး မိန်းကလေးတွေက ဘယ်သူမှ သင်မပေးလည်း တတ်မြောက်ပြီးသားပါ။ ဒီတော့ သင် စိတ်ဝင်စားတဲ့ ကောင်လေးကို စမ်းကြည့်ပေါ့။

3. နားထောင်ပါ။

မိန်းကလေးတွေဟာ ပစိပစပ် သိပ် ပြောကြပါတယ်။ အဲဒါမျိုးကို ယောက်ျားတွေက နည်းနည်း လန့်ပါတယ်။ နောက်ပြီး သိပ်ပြီး စပ်စုတာမျိုးဆိုလည်း သဘောမကျ ကြပါဘူး။ ဒီတော့ စကားပြောစရာရှိရင် ပညာနဲ့ ချင့်ချိန်ပြီး ပြောတာတို့ လုပ်ရပေးပါ။ ပိုကောင်းတာက သင်စိတ်ဝင်စားနေတဲ့ ကောင်လေးဟာ စကားပြောရင် ညည်းငွေ့ဖွယ်စာအုပ်ကြီး ဖတ်ပြနေသလို ဖြစ်ရင်တောင် သင်က သူ့စကားကို ပျော်ပျော်ရွှင်ရွှင် တက်တက်ကြွကြွ နားထောင်ပြပေးပါ။

4. သဘောထားကြီးဟန်ပြပါ။

ဘယ်အရာကိုပဲဖြစ်ဖြစ် မိန်းမတစ်ယောက်က မြင်တဲ့ အမြင်မျိုးကို တတ်နိုင်သလောက် ရှောင်ကြဉ်ပါ။ဥပမာ သူက တစ်ခြားကောင်မလေးတစ်ယောက်အကြောင်း ပြောတဲ့အခါ မျက်နှာကြီး စူပုပ်နေမဲ့အစား နံပတ်(3)အချက်ကဲ့သို့ပင် ပြုံးပြုံးလေး နားထောင်ပေးလိုက်ပါ။

5. ချစ်စရာကောင်းအောင်နေပါ။

ဘယ်အပြုအမူမျိုးပဲဖြစ်ဖြစ် သူ့ကို ရည်စူးပြု ပြုမူပါ။ ဒါဆို သင်ဟာ ဘာလုပ်လုပ် ချစ်စရာကောင်းနေမှာပါ။တစ်ချို့ကကျတော့ တကယ်စိတ်မဆိုးပဲ စိတ်ဆိုးဟန်ဆောင်ရင် လှတတ်လို့ အဲဒီလို အချက်ကလေးကိုအမြဲလိုလို အသုံးချတတ်ပါတယ်။ တစ်ချို့ကကျတော့ နှုတ်ခမ်းလေး ပွစိပွစိလုပ်တာတို့၊ ပါးလေး ချိုင့်အောင်ပြုံးတာတို့ စသဖြင့်ပေါ့လေ။

6. ရယ်ပြပါ။

မိန်းကလေးတွေဟာ ရယ်လိုက်တဲ့အခါမှာ အတော်လှကြပါတယ်။ တစ်ချို့ မျက်နှာမာကြီးတွေနဲ့ အမျိုးသမီးတွေတောင် ရယ်လိုက်တဲ့အခါ သွားစွယ်ဖြူဖြူလေးတွေနဲ့ တစ်မျိုး ဆွဲဆောင်နိုင်စွမ်း ရှိပါတယ်။မိန်းကလေးတွေအတွက် အကောင်းဆုံး ဆွဲဆောင်နည်းကတော့ ရယ်နည်းပါဘဲ။ အဲ တစ်ခုတော့ ရှိတာပေါ့။ အကြောင်းမရှိ အကြောင်းရှာ ရယ်နေလို့လည်း မဖြစ်ဘူးဗျ။ ဂေါက်နေတယ်လည်း ထင်သွားဦးမယ်။ နောက်ပြီး မျက်ရည်ထွက်အောင် ရှူးရှူးတွေ ထွက်ကျအောင်လည်း ရယ်စရာမလိုပါဘူး။ ဒီတော့ လှရုံလေးရယ်ပေါ့။ တစ်ခါတလေ ပါးစပ်ကလေး ပိတ်ပြီး ရယ်တာမျိုးတွေကလည်း ချစ်စရာကောင်းတယ်ဗျ။

7. ကျီစယ်နောက်ပြောင်ခြင်းလုပ်ပါ။

သူ စိတ်ဆိုးအောင် ကျီစယ်တာမျိုး မဟုတ်ပဲ ပေါ့ပေါ့ပါးပါး ဟာသလေးတွေ ပြောပြတာပဲဖြစ်ဖြစ်၊ သူ့ကိုခါးတို့ပြီး စတာနောက်တာပဲဖြစ်ဖြစ်ပေါ့ဗျာ။ ဒါပေမယ့် စတာနောက်တာ မကြိုက်တဲ့သူဆိုရင်တော့ မစပါနဲ့။ သင့်ကို သူကလည်း စနောက်တတ်တဲ့ အကျင့်ရှိရင် သင်ကလည်း ပြန်ပြီး စနောက်ကြည့်ပါ။ ပိုပြီး ပိုပြီးရင်းနီးလာစေမှာပါ။ ဟာသဆိုတာ လူအချင်းချင်းကို ပိုပြီး ရင်းနီးကျွမ်းဝင်စေပါတယ်။

9. အဆက်အသွယ်မပျက်ပါစေနဲ့။

ဘယ်လောက်ပဲ ဝေးဝေး နှစ်ယောက်သား သီးသန့် ဆက်သွယ်ချိန်၊ စကားပြောချိန် ထားပါ။ ဒီအတွက်ဖုန်းနံပတ်ပေးတာတို့ ဘာတို့ လုပ်ထားသင့်ပါတယ်။ ဒါမှလည်း သူက လူချင်း မပြောရဲတောင် ဖုန်းနဲ့တော့ သင့်ကို ပရိုပိုစ့် လုပ်မှာ အသေအချာပါဘဲ-လို့။

8. မျက်လုံးချင်း ခဏခဏဆုံပါစေ။

မျက်လုံးကနေ တစ်ဆင့် နှုတ်နဲ့ ပြောလို့မရတဲ့ ဘာသာဗေဒတွေ အများကြီး ထွက်နိုင်ပါတယ်။ ဒီတော့သင့်မျက်လုံးကိုလည်း အကောင်းဆုံး အသုံးချတတ်ဖို့ လိုပါတယ်။

နတ်စည်တော်

Facebook Comments