1 56
သင့်ပတ်ဝန်းကျင်မှာ သွားလာလှုပ်ရှားရင်း မထင်မှတ်ဘဲတွေ့ရတဲ့အရာနဲ့ အိပ်မက်ထဲမှာ တွေ့ရတဲ့အရာလေးတွေက အနာဂတ်ကို ဘယ်လိုဖော်ညွှန်းနေလဲဆိုတာ သိရအောင် အခုပဲဖတ်ကြည့်လိုက်ရအောင်..
(၁) ကံကောင်းမယ့်နိမိတ်
1 55
2 20
ခရက်ဒစ် အန်တီမေ
Unicode
အမှတ်တမဲ့တွေ့လိုက်တဲ့အရာလေးတွေ၊အိပ်မက်မက်တာလေးတွေက အနာဂတ်ကံကြမ္မာကိုပြောပြနေတဲ့ နိမိတ်လေးတွေဖြစ်နေတတ်ပါတယ်နော်။
သင့်ပတ်ဝန်းကျင်မှာ သွားလာလှုပ်ရှားရင်း မထင်မှတ်ဘဲတွေ့ရတဲ့အရာနဲ့ အိိပ်မက်ထဲမှာ တွေ့ရတဲ့အရာလေးတွေက အနာဂတ်ကို ဘယ်လိုဖော်ညွှန်းနေလဲဆိုတာ သိရအောင် အခုပဲဖတ်ကြည့်လိိုက်ရအောင်..
(၁) ကံကောင်းမယ့်နိမိတ်
မနက်စောစောမှာ ကိုယ်ဝန်ဆောင်အမျိုးသမီး ၊ ကိုယ်ဝန်ရှိနေတဲ့ တိရစ္ဆာန်လေးတွေကို တွေ့ရင် ကံကောင်းတဲ့နိမိတ်ပါ။ ဒီလိုတွေ့တဲ့နေ့မှာ ထီထိုးတာမျိုးလုပ်သင့်ပါတယ်။
(၂) ကံဇာတာတက်လာမယ့်အိပ်မက်
တစ်ယောက်ယောက်က သင့်ကို ထိုင်ခုံအမြင့်၊ ကုတင်အမြင့် ဒါမှမဟုတ် စားပွဲခုံအမြင့်လာပေးတယ်လို့ အိပ်မက်မက်ရင် သင့်အနာဂတ်မှာ ကံဇာတာတက်လာတော့မယ်၊ အရာရာအဆင်ပြေလာမယ်၊ ကောင်းတာတွေဖြစ်လာတော့မယ်ဆိုတဲ့ အဓိပ္ပါယ်ပါ။
(၃) ငွေတွေဝင်မယ့်နိမိတ်
အိပ်မက်ထဲမှာ ဒါမှမဟုတ် အပြင်လက်တွေ့ဘဝထဲမှာ ကြာပန်းနဲ့ ကြာပန်းပုံစံအသုံးအဆောင်တွေသင့်ဆီရောက်လာတာမျိုး။ ကြာပန်းပုံမီးခွက်မှာမီးထွန်းရတယ်လိို့အိပ်မက်မက်တာမျိုးက မကြာခင်မှာ ငွေတွေဝင်လာမယ့် နိမိတ်ပါပဲ။
(၄) အခက်အခဲတွေကိုကျော်ဖြတ်နိုင်မယ့်နိမိတ်
အိပ်မက်ထဲမှာ တစ်ယောက်ယောက်ကသင့်ကိုရွှေတွေပေးတာမျိုး၊ ရွှေတွေဝယ်တာမျိုး၊ ရုပ်ထုလေးတွေကောက်ရတာမျိုးမက်ရင် အပြင်လက်တွေ့ဘဝမှာ အခက်အခဲအတားအဆီးတွေကိုကျော်ဖြတ်နိုင်ပြီး အောင်မြင်မှုရမယ့် နိမိတ်ဖြစ်ပါတယ်။ သင်က တန်ဖိုးကြီးလက်ဝတ်ရတနာတွေဝတ်ထားတာ၊ သစ်ပင်စိုက်တာ၊ သက်ကြီးရွယ်အိုတွေနဲ့ဆုံရတာမျိုး မက်ရင်လည်း ဒီအဓိပ္ပါယ်ပါပဲ။
ခရက်ဒစ် အန်တီမေ
Facebook Comments