sleep

အေရွ႕အရပ္နဲ႔ ေတာင္အရပ္္ကိုိသာ ေခါင္းျပဳ အိပ္ရျခင္းအေၾကာင္းရင္္း

အေရွ႕အရပ္နဲ႔ ေတာင္အရပ္္ကိုိသာ ေခါင္းျပဳ အိပ္ရျခင္းအေၾကာင္းရင္္း ဘာေၾကာင့္ အ ေရွ႕အရပ္နဲ႔ ေတာင္အရပ္္ကို ေခါင္းျပဳၿပီး အိပ္သင့္တာလဲ?

ကၽြန္မတို႔ ငယ္ငယ္က အေရွ႕ဘက္နဲ႔ ေတာင္ဘက္ကို ေခါင္းျပဳၿပီး အိပ္ရ တာ ကို ဘာသာေရး အရ ၊ ထုံးတမ္းစဥ္လာ အရ အိပ္ရတယ္ လို႔ပဲ ထင္ခဲ့တယ္ ။တကယ္ေတာ့ အေရွ႕ရပ္ နဲ႔ ေတာင္ အရပ္ကို ေခါင္း ျပဳ ၿပီး အိပ္တယ္ ဆိုတာ စိတ္ေရာ ကိုယ္ပါ ေကာင္းက်ိဳး ေတြ ေပးႏိုင္ပါတယ္။

ဒါကို သိခဲ့တဲ့ ပညာရွိ ေရွးလူႀကီးေတြက လက္ဆင့္္ကမ္း မွာၾကားလာတာ က ေန ဘာသာေရးလိုလို ၊ ဓေလ့ ထုံးတမ္း လိုလို ျဖစ္လာ ခဲ့မယ္ လို႔ ထင္မိပါတယ္။ သိပၸံနည္း အရပဲ ေျပာေျပာ ၊ ဘာသာေရး အရပဲ ေျပာေျပာ အ ေရွ႕ အရပ္္ နဲ႔ ေတာင္ အရပ္ကို ေခါင္းျပဳ အိပ္ျခင္းက ေကာင္းက်ိဳးေတြ အမ်ားႀကီး ျဖစ္ေစတယ္။

အေရွ႕နဲ႔ ေတာင္အရပ္ကို ေခါင္းျပဳအိပ္ျခင္္းရဲ႕ သိပၸံနည္းအရ ေကာင္းက်ိဳးမ်ား

(၁) လူသားေတြမွာလည္း သံလိုက္္ စက္ကြင္းရွိပါတယ္။ ဦးေခါင္းပိုင္းက အဖိုဓာတ္ရွိၿပီး ေျခရင္းပိုင္းက အမဓာတ္ရွိပါတယ္။ ေျမာက္အရပ္ကို ေခါင္းျပဳအိပ္ရင္ အဖိုဓာတ္တူတာျခင္း တြန္းကန္ၿပီး ေခါင္းကိုက္တာေတြျဖစ္တတ္ပါတယ္။

ေတာင္ဘက္ကို ေခါင္းျပဳအိပ္ရင္ေတာ့ ဓာတ္မတူတာေၾကာင့္ ဆြဲငင္အားျဖစ္ေပၚၿပီး က်န္းမာေရးေကာင္းက်ိဳးျဖစ္ေစပါတယ္။

အဲဒီေတာ့ ေခါင္းေအးတဲ့ အျပင္ ခႏၶာကိုယ္ကအပူေတြက ေျခ ေထာက္ က ေနထြက္သြားၿပီး က်န္းမာေရးေကာင္းေစ ပါတယ္ ။ အေနာက္ဘက္ ကို ေခါင္း ျပဳအိပ္ရင္ေတာ့ အပူ အေအး ေျပာင္းျပန္ျဖစ္သြားၿပီး က်န္းမာေရးထိခိုက္ေစပါတယ္။

(၂) ေနာက္ထပ္ သုေတသန တစ္ခုအရ အ ေရွ႕ဘက္နဲဲ႔ ေတာင္ဘက္ကို ေခါင္းျပဳအိပ္သူေတြက REM sleep ပိုတိုးလာၿပီး ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္ေစႏိုင္တယ္လို႔ သိရပါတယ္။ ဒါတင္ မက ေသးပါဘူး၊ အိပ္ခ်ိန္လည္း ပုံမွန္ျဖစ္ေစပါတယ္။

(၃) ကမာၻက အ ေနာက္ကေန အေရွ႕ ကို လည္ပတ္ ေနတာေၾကာင့္ ေနရဲ႕ သံလိုက္စက္ကြင္းက အေရွ႕ဘက္ ကလာၿပီး အေနာက္ ဘက္ကို ေ႐ြ႕ပါတယ္။ ဒါေၾကာင့္ အ ေရွ႕ဘက္ကို ေခါင္းျပဳ အိပ္တဲ့ အခါ ေနရဲ႕ စြမ္းအင္ေတြက ဦး ေခါင္းဘက္ က ေန ဝင္လာၿပီး ေျခ ေထာက္ ေတြမွာ တည္ရွိေနတတ္ပါတယ္။

(၄)။ စိတ္ဖိစီးစရာ အလုပ္ေတြ လုပ္ရသူအဖို႔ေတာ့ ေတာင္ ဘက္ကိို ေခါင္းျပဳ အိပ္ရင္ ဦးေႏွာက္ နဲ႔ စိတ္ ကို ေပါ့ပါးေစၿပီး ၾကည္လင္ေစပါတယ္။

(၅) ေျမာက္ဘက္နဲ႔ အ ေနာက္ဘက္ကို ေခါင္းျပဳၿပီးအိပ္ရင္ ေသြးလည္ပတ္္မႈကို အ ေႏွာင့္အယွက္ ျဖစ္ ေစ ၿပီး အိပ္ မ ေပ်ာ္ တာေတြျဖစ္ေစႏိုင္ပါတယ္။

(၆) ေျမာက္ဘက္နဲ႔ အ ေနာက္ဘက္ကို ေခါင္းျပဳၿပီးအိပ္ရင္ တြန္းကန္အားေတြြေၾကာင့္ စိတ္စြမ္းအင္ကို ေလ်ာ့ က်ေစပါတယ္။ လုပ္သမွ် မျဖစ္တာ၊ ထင္ထားသလို ျဖစ္မလာတာေတြေပါ့။ ဒါေတြကို ဘုန္းနိမ့္တယ္လို႔ လူႀကီးေတြေျပာၾကတာျဖစ္ႏိုင္ပါတယ္။

(၇) အ ေရွ႕ဘက္နဲ႔ ေတာင္ဘက္ကို ေခါင္းျပဳအိပ္ရင္ ေသြးလည္ပတ္မႈကို ပိုမိုေကာင္းမြန္ေစၿပီး ဦးေႏွာက္ေသြးေၾကာ မွ်င္ေလးေတြကို ေကာင္းက်ိဳးျဖစ္ေစပါတယ္။

(၈) ေျမာက္ဘက္ကို ေခါင္းျပဳအိပ္ရင္ အမဓာတ္ (negative) ဓာတ္မ်ားၿပီး ဦးေႏွာက္ထဲဲကို အဆိုးျမင္ အေတြးေတြ လႊမ္းမိုးတတ္ပါတယ္။

ေတာင္ဘက္ကို ေခါင္းျပဳအိပ္ရင္ေတာ့ အဖိုဓာတ္ (positive) ဓာတ္မ်ားၿပီး ဦးေႏွာက္ထဲကို အ ေကာင္္းျမင္ အ ေတြးေတြ လႊမ္းမိုးတတ္ပါတယ္။ ဦးေႏွာင္လုပ္ေဆာင္မႈကိုလည္း ပိုမိုေကာင္းမြန္ပါတယ္။

ဒါေၾကာင့္ လူႀကီးေတြက အ ေရွ႕နဲ႔ ေတာင္ဘက္ကိုပဲ ေခါင္းျပဳအိပ္ဖို႔ေျပာတာေပါ့။

SayarMyo -က်န္းမာေရးအသိ မ်ွေဝသည္

Unicode

အရှေ့အရပ်နဲ့ တောင်အရပ်ကိုသာ ခေါင်းပြု အိပ်ရခြင်းအကြောင်းရင်း ဘာကြောင့် အ ရှေ့အရပ်နဲ့ တောင်အရပ်ကို ခေါင်းပြုပြီး အိပ်သင့်တာလဲ?

ကျွန်မတို့ ငယ်ငယ်က အရှေ့ဘက်နဲ့ တောင်ဘက်ကို ခေါင်းပြုပြီး အိပ်ရ တာ ကို ဘာသာရေး အရ ၊ ထုံးတမ်းစဉ်လာ အရ အိပ်ရတယ် လို့ပဲ ထင်ခဲ့တယ် ။တကယ်တော့ အရှေ့ရပ် နဲ့ တောင် အရပ်ကို ခေါင်း ပြု ပြီး အိပ်တယ် ဆိုတာ စိတ်ရော ကိုယ်ပါ ကောင်းကျိုး တွေ ပေးနိုင်ပါတယ်။

ဒါကို သိခဲ့တဲ့ ပညာရှိ ရှေးလူကြီးတွေက လက်ဆင့်ကမ်း မှာကြားလာတာ က နေ ဘာသာရေးလိုလို ၊ ဓလေ့ ထုံးတမ်း လိုလို ဖြစ်လာ ခဲ့မယ် လို့ ထင်မိပါတယ်။ သိပ္ပံနည်း အရပဲ ပြောပြော ၊ ဘာသာရေး အရပဲ ပြောပြော အ ရှေ့ အရပ် နဲ့ တောင် အရပ်ကို ခေါင်းပြု အိပ်ခြင်းက ကောင်းကျိုးတွေ အများကြီး ဖြစ်စေတယ်။

အရှေ့နဲ့ တောင်အရပ်ကို ခေါင်းပြုအိပ်ခြင်းရဲ့ သိပ္ပံနည်းအရ ကောင်းကျိုးများ

(၁) လူသားတွေမှာလည်း သံလိုက် စက်ကွင်းရှိပါတယ်။ ဦးခေါင်းပိုင်းက အဖိုဓာတ်ရှိပြီး ခြေရင်းပိုင်းက အမဓာတ်ရှိပါတယ်။ မြောက်အရပ်ကို ခေါင်းပြုအိပ်ရင် အဖိုဓာတ်တူတာခြင်း တွန်းကန်ပြီး ခေါင်းကိုက်တာတွေဖြစ်တတ်ပါတယ်။

တောင်ဘက်ကို ခေါင်းပြုအိပ်ရင်တော့ ဓာတ်မတူတာကြောင့် ဆွဲငင်အားဖြစ်ပေါ်ပြီး ကျန်းမာရေးကောင်းကျိုးဖြစ်စေပါတယ်။

အဲဒီတော့ ခေါင်းအေးတဲ့ အပြင် ခန္ဓာကိုယ်ကအပူတွေက ခြေ ထောက် က နေထွက်သွားပြီး ကျန်းမာရေးကောင်းစေ ပါတယ် ။ အနောက်ဘက် ကို ခေါင်း ပြုအိပ်ရင်တော့ အပူ အအေး ပြောင်းပြန်ဖြစ်သွားပြီး ကျန်းမာရေးထိခိုက်စေပါတယ်။

(၂) နောက်ထပ် သုတေသန တစ်ခုအရ အ ရှေ့ဘက်နဲ့ တောင်ဘက်ကို ခေါင်းပြုအိပ်သူတွေက REM sleep ပိုတိုးလာပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေနိုင်တယ်လို့ သိရပါတယ်။ ဒါတင် မက သေးပါဘူး၊ အိပ်ချိန်လည်း ပုံမှန်ဖြစ်စေပါတယ်။

(၃) ကမ္ဘာက အ နောက်ကနေ အရှေ့ ကို လည်ပတ် နေတာကြောင့် နေရဲ့ သံလိုက်စက်ကွင်းက အရှေ့ဘက် ကလာပြီး အနောက် ဘက်ကို ရွေ့ပါတယ်။ ဒါကြောင့် အ ရှေ့ဘက်ကို ခေါင်းပြု အိပ်တဲ့ အခါ နေရဲ့ စွမ်းအင်တွေက ဦး ခေါင်းဘက် က နေ ဝင်လာပြီး ခြေ ထောက် တွေမှာ တည်ရှိနေတတ်ပါတယ်။

(၄)။ စိတ်ဖိစီးစရာ အလုပ်တွေ လုပ်ရသူအဖို့တော့ တောင် ဘက်ကို ခေါင်းပြု အိပ်ရင် ဦးနှောက် နဲ့ စိတ် ကို ပေါ့ပါးစေပြီး ကြည်လင်စေပါတယ်။

(၅) မြောက်ဘက်နဲ့ အ နောက်ဘက်ကို ခေါင်းပြုပြီးအိပ်ရင် သွေးလည်ပတ်မှုကို အ နှောင့်အယှက် ဖြစ် စေ ပြီး အိပ် မ ပျော် တာတွေဖြစ်စေနိုင်ပါတယ်။

(၆) မြောက်ဘက်နဲ့ အ နောက်ဘက်ကို ခေါင်းပြုပြီးအိပ်ရင် တွန်းကန်အားတွေကြောင့် စိတ်စွမ်းအင်ကို လျော့ ကျစေပါတယ်။ လုပ်သမျှ မဖြစ်တာ၊ ထင်ထားသလို ဖြစ်မလာတာတွေပေါ့။ ဒါတွေကို ဘုန်းနိမ့်တယ်လို့ လူကြီးတွေပြောကြတာဖြစ်နိုင်ပါတယ်။

(၇) အ ရှေ့ဘက်နဲ့ တောင်ဘက်ကို ခေါင်းပြုအိပ်ရင် သွေးလည်ပတ်မှုကို ပိုမိုကောင်းမွန်စေပြီး ဦးနှောက်သွေးကြော မျှင်လေးတွေကို ကောင်းကျိုးဖြစ်စေပါတယ်။

(၈) မြောက်ဘက်ကို ခေါင်းပြုအိပ်ရင် အမဓာတ် (negative) ဓာတ်များပြီး ဦးနှောက်ထဲကို အဆိုးမြင် အတွေးတွေ လွှမ်းမိုးတတ်ပါတယ်။

တောင်ဘက်ကို ခေါင်းပြုအိပ်ရင်တော့ အဖိုဓာတ် (positive) ဓာတ်များပြီး ဦးနှောက်ထဲကို အ ကောင်းမြင် အ တွေးတွေ လွှမ်းမိုးတတ်ပါတယ်။ ဦးနှောင်လုပ်ဆောင်မှုကိုလည်း ပိုမိုကောင်းမွန်ပါတယ်။

ဒါကြောင့် လူကြီးတွေက အ ရှေ့နဲ့ တောင်ဘက်ကိုပဲ ခေါင်းပြုအိပ်ဖို့ပြောတာပေါ့။

SayarMyo -ကျန်းမာရေးအသိ မျှဝေသည်

Facebook Comments