1 3
(၃) ချစ်သူကိုကြည့်စေချင်တဲ့ ဇာတ်လမ်းတွေကို ချစ်သူက အတူတူမကြည့်ပေးတဲ့အခါတွေ၊ စိတ်မဝင်စားတဲ့အခါတွေမှာလည်း စိတ်ကောက်တတ်ကြပါတယ်။
Unicode
မိန်းကလေးတွေ အကြောင်းမရှိပဲ နှုတ်ခမ်းကြီးစူပုတ်ပြီး စိတ်ကောက်ရတဲ့ အချက် (၇) ချက်
မိန်းကလေးတွေရဲ့ စိတ်ဟာ ခန့်မှန်းရခက်ပါတယ်။ တစ်ခါတလေမှာ ရယ်မောပျော်ရွှင်ပြီး ချစ်စရာကောင်းသလောက်၊ တစ်ခါတလေမှာ အကြောင်းမရှိပဲ နှုတ်ခမ်းကြီးစူပုတ်ပြီး စိတ်ကောက်နေတတ်ပါတယ်။
ခုဖော်ပြပေးမှာကတော့ မိန်းကလေးတွေ အလိုလို နေရင်း စိတ်ကောက်နေရတဲ့ အကြောင်းရင်းတွေပဲဖြစ်ပါတယ်နော်…
(၁) တစ်ခါတလေမှာ ယောကျ်ားလေးတွေဟာ တစ်ယောက်တည်းအေးအေးဆေးဆေး နေချင်တဲ့အချိန်တွေ ရှိတတ်ကြပါတယ်။ ဒီလိုအချိန်မှာ ပစ်ထားသလို ခံစားရပြီး စိတ်ကောက်ကြတာ ဖြစ်ပါတယ်။
(၂) မိန်းကလေးတွေဟာ ဗိုက်ဆာတဲ့အခါမှာ ဒေါသတွေကြီးပြီး စိတ်တွေဆတ်နေတတ်ပါတယ်။ ဒါကြောင့် အကြောင်းမရှိပဲစိတ်ကောက်တဲ့အခါ ဗိုက်ဆာနေလို့လည်း ဖြစ်နိုင်ပါတယ်။
(၃) ချစ်သူကိုကြည့်စေချင်တဲ့ ဇာတ်လမး်တွေကို ချစ်သူက အတူတူမကြည့်ပေးတဲ့အခါတွေ၊ စိတ်မဝင်စားတဲ့အခါတွေမှာလည်း စိတ်ကောက်တတ်ကြပါတယ်။
(၄) ချစ်သူက သတိထားမိစေချင်တဲ့ အရာတစ်ခုခုကို ချစ်သူဖက်က သတိမထားမိပဲ၊ အမှုမဲ့အမှတ်မဲ့ နေမိတဲ့အခါတွေမှာလည်း စိတ်ကောက်တတ်ကြပါတယ်။
(၅) ချစ်သူက လုပ်ပေးမယ်လို့ ပြောထားတဲ့အရာတစ်ခုခုကို မေ့သွားရင်ပဲဖြစ်ဖြစ်၊ သတိမရတော့ရင်ပဲဖြစ်ဖြစ် မိန်းကလေးတွေဟာ စိတ်ကောက်တတ်ကြပါတယ်။
(၆) ချစ်သူကို ချီးကျူးစကားပြောစေချင်တဲ့အခါတွေရှိပါတယ်။ အဲလိုအချိန်တွေမှာ ယောကျ်ားလေးတွေကမသိပဲ မချီးကျူးမိတဲ့အခါ စိတ်ကောက်တတ်ကြပါတယ်။
(၇) မိန်းကလေးတွေဟာ ဓမ္မတာလာတဲ့အချိန်တွေမှာ စိတ်တို၊ စိတ်ဆတ်ကြပါတယ်။ ဒါကြောင့် အကြောင်းမရှိပဲ စိတ်ကောက်နေရင် ဓမ္မတာလာနေလို့ဖြစ်နိုင်ပါတယ်။
Facebook Comments