dsfasdfa

လက်ဆွဲအိတ်တွေဟာ ခုနောက်ပိုင်းမှာ အမျိုးသမီးတိုင်းလိုလို ကိုင်ဆောင်လာတဲ့ အသုံးအဆောင်ပစ္စည်းတစ်ခုဖြစ်လာပါပြီ။ လက်ဆွဲအိတ်ထဲမှာလည်း တကယ်ကို အရေးကြီးတဲ့ ပစ္စည်းအသုံးအဆောင်လေးတွေကို ထည့်ထားတတ်ကြပါတယ်။

ဖုန်း၊ ပိုက်ဆံအိတ်၊ သော့တွဲစတဲ့ အရေးကြီးပစ္စည်းတွေအပြင် ခေတ်မီတဲ့ အမျိုးသမီးတိုင်းရဲ့ အိတ်ထဲမှာ ရှိရမယ့် ပစ္စည်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) တွယ်ချိတ်

တစ်ခါတလေမှာ မမျှော်လင့်ပဲ အင်္ကျီကြယ်သီးပြုတ်သွားတာမျိုး၊ စကပ်ကွဲသွားတာမျိုးတွေဖြစ်တတ်ပါတယ်။ အဲ့လိုအချိန်တွေမှာ အရှက်တကွဲ မဖြစ်ရအောင်လို့ တွယ်ချိတ်ကို မဖြစ်မနေဆောင်ထားသင့်ပါတယ်။

(၂) Hand Gel

ဒါဟာ တကယ်ကို အရေးကြီးတဲ့ ပစ္စည်းတစ်ခုပါ။ လက်မှာရှိနေတဲ့ လူတွေမမြင်နိုင်တဲ့ ရောဂါပိုးမွှားတွေကို လက်ဆေးဆပ်ပြာရည်နဲ့ အမြဲတမ်း ဆေးကြောပေးဖို့လိုပါတယ်။

(၃) ပီကေ

ခံတွင်းအနံ့ကောင်းစေတဲ့ ပီကေမျိုးကို အမြဲတမ်းဆောင်ထားသင့်ပါတယ်။ ကြက်သွန်ဖြူစားတတ်တဲ့သူတွေအတွက်တော့ မပါမဖြစ်ပေါ့။

(၄) ရေမွှေး

လူတစ်ယောက်ရဲ့ အနံ့ဟာလည်း အရမ်းကို အရေးကြီးပါတယ်။ ဒါကြောင့် တစ်နေကုန် သင့်ရဲ့ ကိုယ်နံ့သင်းပျံ့နေဖို့အတွက် ရေမွှေးပုလင်းအသေးလေးကို ဆောင်ထားသင့်ပါတယ်။

(၅) မှတ်စုစာအုပ်နဲ့ ဘောပင်

ဖုန်းမှာအားလုံး မှတ်လို့ရတယ်ဆိုပေမယ့် ဘတ်ထရီကုန်သွားတဲ့အခါမှာတော့ အရေးကြီး လုပ်စရာတွေကို မေ့သွားတတ်ပါတယ်။ ဒါကြောင့် စာအုပ်နဲ့ဘောပင်လေးမှာ လုပ်ရမယ့် အရာလေးတွေကို ရေးမှတ်ပြီး သွားလေရာဆောင်သွားဖို့လိုပါတယ်။

(၆) တစ်ရှူးအစို

တစ်ရှူးအစိုဟာလည်း သွားလေးရာ ယူသွားသင့်တဲ့ အသုံးအဆောင်ဖြစ်ပါတယ်။

ဆီပါတဲ့ အစားအစာတွေစားတာမျိုး၊ မတော်တဆ ရွှံ့စင်သွားတာမျိုးဆိုရင်လည်း တစ်ရှူးအစိုနဲ့မှ အဆင်ပြေမှာပါနော်။

(၇) ပလာစတာ

မတော်တဆ ထိခိုက်ဒဏ်ရာရနိုင်တာကြောင့် ပလာစတာကိုလည်း သွားလေရာမှာ ဆောင်သွားသင့်ပါတယ်။

(၈) Power Bank

အရေးကြုံလာတဲ့အခါ ဖုန်းအားကုန်သွားတာမျိုးက လုံးဝအဆင်မပြေတာကြောင့် သွားလေရာမှာ Power Bank ကိုလည်း မဖြစ်မနေ ဆောင်သွားသင့်ပါတယ်။

ည ဂွမ်းထုပ်ဟာလည်း မဖြစ်မနေဆောင်ထားသင့်တဲ့ အသုံးအဆောင်ပါ။ သင်ကိုယ်တိုင်အတွက်ရော၊ တခြားမိန်းကလေးတွေအတွက်ပါ အချိန်မရွေး လိုအပ်နိုင်တဲ့ အရေးပေါ် ပစ္စည်းဖြစ်ပါတယ်။

(၁၀) ရေဘူး

ရေဓာတ်ဟာ ခန္ဓာကိုယ်အတွက် အရမ်းကို အရေးကြီးတာကြောင့် သွားလေရာမှာ ရေဘူးလေးကို ယူသွားပါ။

CRD သတင်းနှင့်ရုပ်ရှင်

Facebook Comments