1 127

“မင္းက ေတာတြင္းရထားလမ္းေနရာကို ေရာက္ေနတယ္။မင္း ေရာက္ေနတဲ့ လမ္းဆံုကို ရထားႏွစ္စီး မ်က္ႏွာခ်င္းဆိုင္ အ႐ွိန္ျပင္းျပင္းနဲ႔ ခုတ္ေမာင္းလာၾကတယ္။

ေနာက္ ၁၅ မိနစ္ၾကာရင္ အ႐ွိန္မထိန္းႏိုင္ဘဲ မင္းေရာက္ေနတဲ့ ေနရာမွာ တိုက္မိေတာ့မယ္။ အဲဒါဆို မင္း ဘာလုပ္မလဲ?”

” ကြၽန္ေတာ္ ကုန္းျမင့္ကို တက္ၿပီး အလံနီျပတားပါမယ္။”

“မင္းနဲ႔အတူ အလံပါမလာဘူးဆိုရင္ ဘာလုပ္မလဲ?”

” ကြၽန္ေတာ္က လက္ကိုင္ပုဝါ အျမဲေဆာင္ေလ့႐ွိတယ္။ အဲဒီ လက္ကိုင္ပုဝါေလးထုတ္ၿပီး ေဝ့ရမ္းအခ်က္ျပမွာေပါ့။”

“ညအခ်ိန္ ျဖစ္ေနတယ္ဆိုရင္ မင္း ဘာလုပ္မလဲ?”

“ဓာတ္မီးနဲ႔ အခ်က္ျပၿပီး တားမွာေပါ့ဗ်။”

“ဓာတ္မီးက ဓာတ္ခဲအားကုန္ေနတယ္ဆိုရင္ေရာ?”

“မီးျခစ္ေတာ့ အျမဲပါတယ္ဗ်။ သစ္ကိုင္းေျခာက္ေတြ မီးဖိုၿပီး အခ်က္ျပမယ္ဗ်ာ။”

“မိုးသည္းသည္းမဲမဲရြာေနလို႔ မီးဖိုလို႔ မရဘူးကြာ။ မင္း ဘာလုပ္မလဲ?”

“ကြၽန္ေတာ့္ညီေလး ဂ်ိဳးဇက္ကို ျပန္ေခၚမယ္။”

” မင္းညီေလးေခၚၿပီး ဘာလုပ္မလို႔လဲ?”

“ညီေလးနဲ႔အတူ သမိုင္းမွာအဆိုးဝါးဆံုး …..ရထားတိုက္မႈႀကီးကို ထိုင္ျကည့့္မယ္။

အမွတ္တမဲ့ဖတ္ၾကည့္ရင္ သာမန္ဟာသေလးပဲ။ဒါေပမယ့္ ျဖန္႔က်က္ေတြးေတာႀကည့္ရင္ အဓိပၸာယ္ အမ်ားႀကီးပါ။ ဘဝမွာ က်ေနာ္တို႔ နည္းလမ္းစံုနဲ႔ ႀကိဳးစားသမွ် အရာမထင္ မေအာင္ျမင္တာမ်ိဳး ၾကံဳဖူးၾကလိမ့္မယ္။

ေနာက္ဆံုး ႐ွိသမွ် ကိုယ္စြမ္းညဏ္စြမ္းကုန္သြားတဲ့ အခါမ်ိဳးမွာ ဟာသေလးထဲကလို ထိုင္ၾကည့္ေနရံုသာပဲ ႐ွိမယ္။ တက္က်မ္းေတြ inspirational quotesေတြထဲကလို never give up ဘာညာသာရကာနဲ႔ ေစာဒကတက္ႏိုင္ပါတယ္။

ဒီလို အေတြးမ်ိဳးဝင္မိလို႔ ေပ်ာ့ညံ့တယ္လို႔လည္း ထင္ႏိုင္ပါတယ္။ ဒါေပမယ့္ လက္ေတြ႔ဘဝဟာ တက္က်မ္း မဟုတ္ပါဘူး။ မ်က္မျမင္တိုင္း Helen Keller ျဖစ္မလာသလို ဘြဲ႔မရသူတိုင္းလည္း Bill Gates ျဖစ္မလာပါဘူး။လူတိုင္း လူတိုင္းမွာ စြမ္းေဆာင္ႏိုင္ရည္ limit ႐ွိတယ္။

ဒါဆို ဘဝဆိုတာႀကီးကို ဒီအတိုင္းထိုင္ႀကည့္ေနရမွာလား။မဟုတ္ေရးခ် မဟုတ္ပါ။က်ေနာ္တို႔ အစြမ္းအစရွိသမ်ွ ႀကိဳးစားႀကရမွာပါ။ ႀကိဳးစားေနပါလ်က္ လိုရာပန္းတိုင္မေရာက္ရလို႔ဘဝဆံုးျပီလို႔ ေတြးလို႔မရပါဘူး။

ေစာေစာက မီးရထားအလံျပဝန္ထမ္းလာေလ်ွာက္တဲ႕ေကာင္ေလးလို ဘာမွမတတ္နိူင္တဲ႔အေနအထားမွာလို ႀကံဳေတြ႔ခဲ႔ရင္က်ေနာ္တို႔လည္း ေလာကႀကီးကို ေအးေအးေဆးေဆး ရင္ဆိုင္ႀကရံုေပါ့။

အေကာင္းဆံုးႀကိဳးစားမယ္။လုပ္ႏိုင္သေလာက္ အစြမ္းရွိသေလာက္ ရုန္းကန္ ရွင္သန္မယ္။ထင္တိုင္းမေပါက္ခဲ႔ရင္ လမ္းလဲြမွာလက္မိုွင္​ခ် ဝမ္းမနည္းဘူး။ေလာကႀကီးကို ေအးေဆးစြာရင္ဆိုင္ႀကမယ္။

ခရက္ဒစ္ မူရင္း

Unicode

“မင်းက တောတွင်းရထားလမ်းနေရာကို ရောက်နေတယ်။မင်း ရောက်နေတဲ့ လမ်းဆုံကို ရထားနှစ်စီး မျက်နှာချင်းဆိုင် အရှိန်ပြင်းပြင်းနဲ့ ခုတ်မောင်းလာကြတယ်။

နောက် ၁၅ မိနစ်ကြာရင် အရှိန်မထိန်းနိုင်ဘဲ မင်းရောက်နေတဲ့ နေရာမှာ တိုက်မိတော့မယ်။ အဲဒါဆို မင်း ဘာလုပ်မလဲ?”

” ကျွန်တော် ကုန်းမြင့်ကို တက်ပြီး အလံနီပြတားပါမယ်။”

“မင်းနဲ့အတူ အလံပါမလာဘူးဆိုရင် ဘာလုပ်မလဲ?”

” ကျွန်တော်က လက်ကိုင်ပုဝါ အမြဲဆောင်လေ့ရှိတယ်။ အဲဒီ လက်ကိုင်ပုဝါလေးထုတ်ပြီး ဝေ့ရမ်းအချက်ပြမှာပေါ့။”

“ညအချိန် ဖြစ်နေတယ်ဆိုရင် မင်း ဘာလုပ်မလဲ?”

“ဓာတ်မီးနဲ့ အချက်ပြပြီး တားမှာပေါ့ဗျ။”

“ဓာတ်မီးက ဓာတ်ခဲအားကုန်နေတယ်ဆိုရင်ရော?”

“မီးခြစ်တော့ အမြဲပါတယ်ဗျ။ သစ်ကိုင်းခြောက်တွေ မီးဖိုပြီး အချက်ပြမယ်ဗျာ။”

“မိုးသည်းသည်းမဲမဲရွာနေလို့ မီးဖိုလို့ မရဘူးကွာ။ မင်း ဘာလုပ်မလဲ?”

“ကျွန်တော့်ညီလေး ဂျိုးဇက်ကို ပြန်ခေါ်မယ်။”

” မင်းညီလေးခေါ်ပြီး ဘာလုပ်မလို့လဲ?”

“ညီလေးနဲ့အတူ သမိုင်းမှာအဆိုးဝါးဆုံး …..ရထားတိုက်မှုကြီးကို ထိုင်ကြည့့်မယ်။

အမှတ်တမဲ့ဖတ်ကြည့်ရင် သာမန်ဟာသလေးပဲ။ဒါပေမယ့် ဖြန့်ကျက်တွေးတောကြည့်ရင် အဓိပ္ပာယ် အများကြီးပါ။ ဘဝမှာ ကျနော်တို့ နည်းလမ်းစုံနဲ့ ကြိုးစားသမျှ အရာမထင် မအောင်မြင်တာမျိုး ကြုံဖူးကြလိမ့်မယ်။

နောက်ဆုံး ရှိသမျှ ကိုယ်စွမ်းညဏ်စွမ်းကုန်သွားတဲ့ အခါမျိုးမှာ ဟာသလေးထဲကလို ထိုင်ကြည့်နေရုံသာပဲ ရှိမယ်။ တက်ကျမ်းတွေ inspirational quotesတွေထဲကလို never give up ဘာညာသာရကာနဲ့ စောဒကတက်နိုင်ပါတယ်။

ဒီလို အတွေးမျိုးဝင်မိလို့ ပျော့ညံ့တယ်လို့လည်း ထင်နိုင်ပါတယ်။ ဒါပေမယ့် လက်တွေ့ဘဝဟာ တက်ကျမ်း မဟုတ်ပါဘူး။ မျက်မမြင်တိုင်း Helen Keller ဖြစ်မလာသလို ဘွဲ့မရသူတိုင်းလည်း Bill Gates ဖြစ်မလာပါဘူး။လူတိုင်း လူတိုင်းမှာ စွမ်းဆောင်နိုင်ရည် limit ရှိတယ်။

ဒါဆို ဘဝဆိုတာကြီးကို ဒီအတိုင်းထိုင်ကြည့်နေရမှာလား။မဟုတ်ရေးချ မဟုတ်ပါ။ကျနော်တို့ အစွမ်းအစရှိသမျှ ကြိုးစားကြရမှာပါ။ ကြိုးစားနေပါလျက် လိုရာပန်းတိုင်မရောက်ရလို့ဘဝဆုံးပြီလို့ တွေးလို့မရပါဘူး။

စောစောက မီးရထားအလံပြဝန်ထမ်းလာလျှောက်တဲ့ကောင်လေးလို ဘာမှမတတ်နိူင်တဲ့အနေအထားမှာလို ကြုံတွေ့ခဲ့ရင်ကျနော်တို့လည်း လောကကြီးကို အေးအေးဆေးဆေး ရင်ဆိုင်ကြရုံပေါ့။

အကောင်းဆုံးကြိုးစားမယ်။လုပ်နိုင်သလောက် အစွမ်းရှိသလောက် ရုန်းကန် ရှင်သန်မယ်။ထင်တိုင်းမပေါက်ခဲ့ရင် လမ်းလွဲမှာလက်မိုှင်​ချ ဝမ်းမနည်းဘူး။လောကကြီးကို အေးဆေးစွာရင်ဆိုင်ကြမယ်။

ခရက်ဒစ် မူရင်း