1 170

ကံဆိုးမိုးေမွာင္က်လာတဲ့ အခ်ိန္မွာ ဒီလို ကာကြယ္လို႕ရပါတယ္

ေလာကမွာ ကံမေကာင္းဘူးဆို ရင္ ကံေကာင္းေအာင္က ဘာလုပ္ ရမွာလဲ၊ မေကာင္း တဲ့ကံေတြ ပေပ်ာက္ေ အာင္ ကံေကာင္းတဲ့ နည္းေတြ မရွိဘူးလားဆို၊ ရွိတယ္။ အကုသိုလ္အက်ိဳးေတြ ဝင္ေရာက္ျဖစ္ေပၚေ နတာကို လူေတြက ကံမေကာင္း ဘူးလို႔ေျပာတာ။

အကုသိုလ္ရဲ့ အက်ိဳးတရားေတြက ကိုယ့္ သႏၲာန္ေရာက္ၿပီ၊ ထိ ခိုက္ေနၿပီဆိုရင္ ဒါက ကံမေကာင္း ဘူးလို႔ ေျပာၾကတယ္။ အဲဒီအခ်ိန္မွာ ကိုယ့္ရဲ့လုပ္ရပ္ကို ျပန္ဆန္းစစ္ ၾကည့္ရမယ္။

ငါတို႔လုပ္ေနတာ အမွားမရွိဘူး၊ အေကာင္းေတြ လုပ္တယ္။ သို႔ေသာ္ အတိတ္ တုန္းက မွားယြင္း မႈေတြ ကလည္း လူေတြရဲ့သႏၲာန္ လာေရာက္ၿပီး အက်ိဳးေပးေနတာေတြ ရွိတတ္တယ္ေပါ့။

အဲဒီလို ျဖစ္ေပၚလာတာမ်ိဳးေတြေ ကာ မရွိနိုင္ဘူးလားဆို ရွိနိုင္ တယ္။ရွိလာလို႔ရွိရင္ ဘာနဲ႔အကာအကြယ္ လုပ္ရမလဲလို႔ ဆိုရင္ ကံေကာင္းေအာင္ ေကာင္းတဲ့ ကံတရားေတြကို ႀကိဳးစားၿပီး လုပ္ရမယ္။

ဘုရားကို အာ႐ုံျပဳ မယ္၊ သံဃာကို အာ႐ုံျပဳမယ္။ ဘုရားရဲ့ ႏႈတ္ကပတ္ေတာ္ေတြ ကို ရြတ္ဖတ္ သရဇၩာယ္ မယ္။ ဘုရားကို ပူေဇာ္ မယ္ ေနာ္။ ဘုရားနဲ႔ ပတ္သက္ၿပီး စိတ္ၾကည္ႏူး မႈေတြရေအာင္ လုပ္ရမယ္။

ကုသိုလ္ေကာင္း မႈေတြ မျပတ္လုပ္ေပး ရမယ္။ ဘုရားပန္း၊ ေရခ်မ္း အျမဲတမ္း ဆက္ကပ္၊ ဘုရား ကို အာ႐ုံျပဳ၊ ကုသိုလ္တရားေတြကို စိတ္ထဲမွာ ျဖစ္ပြားေအာင္ ႀကိဳးစား၊ အဲဒီလို ႀကိဳးစားျခင္းအားျဖင့္လည္းပဲ မေကာင္းတဲ့ ကံေတြ ပေပ်ာက္သြားနိုင္တယ္။

ကံဆိုးမိုးေမွာင္က်လာတဲ့ အခါ ျဖစ္လာမယ့္ အရိပ္အေရာင္ရွိၿပီ ဆိုတဲ့ အခ်ိန္မွာ ဘာနဲ႔ ကာကြယ္ရသလဲ ဆို ရင္ ဘုရားကို အာ႐ုံျပဳၿပီး ဗုဒၶါႏုႆတိ ကို ပြားရမယ္။ ဘုရားရဲ့ ဂုဏ္ေတာ္ေတြ ကို အာ႐ုံျပဳ၊ ကမၼဌာန္းထိုင္၊ ဂုဏ္ေတာ္ေတြကို ႏွလုံးသြင္း ဆင္ျခင္ၿပီး အခ်ိန္မ်ားမ်ား ျမတ္စြာဘုရားကို ပူေဇာ္ရမယ္။

လုပ္ၿပီးတဲ့အခါ ကိုယ္လုပ္ တဲ့ ကုသိုလ္ေကာင္းမႈကို ကိုယ္မျမင္ရ တဲ့ သတၱဝါေတြ၊ ကိုယ့္အနီး အပါးမွာရွိတဲ့ အိမ္ေစာင့္နတ္ေတြ ကို အမၽွအတန္း ေပးေဝရမယ္။ အဲဒီ အမၽွ အတန္း ေပးေဝျခင္းအားျဖင့္ ကိုယ္နဲ႔ သူတို႔နဲ႔ က မိတ္ေဆြျဖစ္သြားတယ္။ ခင္မင္ရင္းႏွီးမႈေတြ ရလာတယ္။ မိတ္ေဆြျဖစ္ လို႔ရွိရင္ ကိုယ္ အႏၲရာယ္ေမ ရာက္ေ အာင္ သူတို႔က ၾကည့္ရႈေပးတယ္။

အိမ္နားနီးခ်င္းနဲ႔ တည့္ေအာင္ေပါင္း ရင္ေတာင္မွပဲ ကိုယ့္အိမ္ ၾကည့္ေပးေဖာ္ရမယ္။ မတည့္ ဘူးဆိုရင္ မသိ ခ်င္ေယာင္ေဆာင္ေနမွာ ဘာႀကီးျဖစ္ေ နေန၊ ဟုတ္ကဲ့လား။ အဲဒါလိုပဲ ကိုယ္မျမင္ ရလို႔ အိမ္ေစာင့္နတ္တို႔၊ ကိုယ္ေစာင့္နတ္တို႔ သြားၿပီးေတာ့ ရန္မျဖစ္ေလနဲ႔။ ရန္ျဖစ္ရင္ေတာ့ အဲဒါ ကိုယ့္ကို ေကာင္း က်ိဳးေပးမွာ မဟုတ္ ဘူးေနာ္။ ဘယ္သူနဲ႔မွ ရန္မျဖစ္နဲ႔။

ေနာက္ဆုံးမွာ ကိုယ့္ရဲ့အိမ္က ေမြးထား တဲ့ ေခြးနဲ႔ေတာင္ ရန္ျဖစ္ရင္ ကိုယ့္ကို မ်က္ေစာင္း ထိုးၾကည့္တာ အ နည္း ဆုံး ခံရမယ္။ ေၾကာက္လို႔သာ ျပန္မလုပ္ တာ ရွိမယ္ေနာ္။ ဒီတိရစၧာန္ေတြမွာ လည္း အသိရွိတယ္ေလ။ တစ္ခါေလာက္ ရိုက္ထားတဲ့သူဆိုရင္ ေရွာင္ေပေရွာင္ေပ နဲ႔ မ်က္ေစာင္းထိုး ၾကည့္တယ္။

သူတို႔ အျမဲ တန္း ငါ့မ်ားဘာလုပ္မလဲဆိုၿပီး ေဒါသ နဲ႔ ၾကည့္တာ။ ဘယ္သူနဲ႔မွ ရန္မျဖစ္ဘဲ ေမတၱာ သက္ေရာက္ေအာင္ လုပ္တာ ဟာ ကိုယ့္အတြက္ ကံေကာင္းေစျခင္း ရဲ့ အေၾကာင္းတစ္ခုပဲ ျဖစ္ တယ္ေပါ့။ ကိုယ့္အတြက္ အကူအညီ ရျခင္းပဲ။

ေမတၱာပို႔ရ တယ္။ အမၽွအတန္းေပးေဝ ရတယ္။ ကုသိုလ္ေကာင္းမႈလုပ္ တိုင္းလုပ္တိုင္း ဖိတ္ၾကား ၿပီးေတာ့ သူ တို႔ကို အေရးတယူ လုပ္ရတယ္။ မိတ္ေဆြေကာင္းေတာင္ မွ လမ္းမွာေတြ႕ရင္ ကိုယ္က အရင္ေခၚ ရတယ္။

အေရးတယူ ႏႈတ္ဆက္ ရင္ ရင္းႏွီးတယ္။ မေခၚခ်င္ သလိုလို လုပ္သြားရင္ သူကလည္း မေခၚခ်င္သလိုလို ျပန္လုပ္မွာပဲ။ လူအခ်င္း ခ်င္းေတာင္ ဒီလို ျဖစ္လာတယ္။

အဲဒါေၾကာင့္မို႔ ကံေကာင္းေအာင္ လုပ္ဖို႔ ဆိုသည္မွာ ကိုယ္ကိုယ္ တိုင္က ရင္ထဲက အမုန္း ကင္းၿပီး ေမတၱာ ဘာဝနာေတြ မ်ားမ်ား ပြားရမယ္။ ေမတၱာပို႔မယ္၊ အမၽွ အတန္း ေပးေဝမယ္၊ အားလုံးနဲ႔ မိတ္ေဆြေတြျဖစ္ မယ္။

အရာရာမွာ စိတ္ၾကည္ႏူး မႈေတြ ရလာတဲ့အခါမွာ ကိုယ္ေတြး တာေတြ၊ ကိုယ္ႀကံ တာေတြ၊ ကိုယ္လုပ္ တာေတြလည္း လမ္းမွန္ေပၚ ေရာက္ လာနိုင္တယ္ေပါ့။

အဲဒီလိုမဟုတ္ဘူး။ ကံမေကာင္း အေၾကာင္းမလွ လို႔ မေကာင္း တာေတြနဲ႔ စိတ္ကညစ္ေန ရင္ ပိုဆိုး သြားနိုင္တယ္။ အဲဒီလိုမျဖစ္ ရေအာင္ သတိရွိရမယ္။ ဘယ္သူပဲျဖစ္ျဖစ္ ကံၾကမၼာရဲ့အလွည့္အေျပာင္းေၾကာင့္ ကံေကာင္းတဲ့အခါ ေကာင္းတယ္၊ မေကာင္းတဲ့ အခါ မေကာင္းဘူး။

ဘုရားဂုဏ္ေတာ္ေတြ ကို ကိုယ့္ရဲ့ ရင္ထဲႏွလုံးထဲ ေရာက္ေအာင္ တည္ၿငိမ္ေအး ခ်မ္းမႈကို ေပးနိုင္တဲ့ဟာ မ်ိဳးျဖစ္ေအာင္ လုပ္ရမယ္။ ၿပီးၿပီဆိုၿပီးေတာ့ မွ ကိုယ့္ရဲ့ (wish) ကို ေဖာ္ျပတာ။ ဆုေတာင္း တိုင္းကေတာ့ မရဘူးေပါ့။

ဆုေတာင္း တိုင္း ရလို႔ရွိရင္ ဘာမွ လုပ္မေနနဲ႔။ ထိုင္ၿပီးေတာ့ ဆုသာ ဆုေတာင္း။ စာေမးပြဲေအာင္ လို႔ရွိရင္ ဒီ ၃- လုံးပါပါေစ၊ ၆- လုံး ပါပါေစ၊ ထိုင္သာ ဆုေတာင္းေန၊ စာမက်က္နဲ႔၊ ရမွာ မဟုတ္ဘူးေနာ္။

အဲဒါေၾကာင္းမို႔လို႔ ဆုေတာင္း ႐ုံနဲ႔ ဘယ္အရာမွ မရ ဘူး။ ဆုေတာင္းတယ္ဆို တာ wish ကို ေဖာ္ျပတာပဲ ျဖစ္တယ္။ ဆုေတာင္းတာ လိုခ်င္တဲ့ဆႏၵရဲ့ေနာက္ မွာ လုံ႔လ ဝီရိယတို႔၊ အသိဉာဏ္ တို႔ ဆိုတာေတြ လိုအပ္ တယ္ေပါ့။

အဲဒီလို အေၾကာင္း အက်ိဳး ဆီေလၽွာ္စြာ အလုပ္ လုပ္မွ ေကာင္းက်ိဳးခ်မ္းသာေတြ ဆိုတာ ရနိုင္တယ္။ အဲဒီ လို အခ်က္ေတြကိုလည္း ျမတ္စြာဘုရား ေဟာတာျဖစ္ တယ္။ ဗုဒၶဆိုတဲ့ ဂုဏ္ေတာ္ေတြထဲ မွာ အရာခပ္ သိမ္းကို သိစြမ္းနိုင္တဲ့ အသိဉာဏ္ ရွိလို႔ ဗုဒၶ ဆိုတာကို အာ႐ုံျပဳ ၿပီးေတာ့ ႏွလုံးသြင္းဆင္ျခင္ျခင္း အားျဖင့္ မိမိအတြက္ ကံေကာင္းလာနိုင္တယ္ဆိုတာ ယုံၾကည္ၾကရမွာ ျဖစ္တယ္။

ပါေမာကၡခ်ဳပ္ဆရာေတာ္ ေဒါက္တာအရွင္နႏၵမာလာဘိဝံသ (ျမတ္ဗုဒၶ၏ ဂုဏ္ေတာ္ကိုးပါး တရားေတာ္မွ ေကာက္ႏႈတ္ပူေဇာ္ပါသည္)

Unicode

ကံဆိုးမိုးမှောင်ကျလာတဲ့ အချိန်မှာ ဒီလို ကာကွယ်လို့ရပါတယ်

လောကမှာ ကံမကောင်းဘူးဆို ရင် ကံကောင်းအောင်က ဘာလုပ် ရမှာလဲ၊ မကောင်း တဲ့ကံတွေ ပပျောက်ေ အာင် ကံကောင်းတဲ့ နည်းတွေ မရှိဘူးလားဆို၊ ရှိတယ်။ အကုသိုလ်အကျိုးတွေ ဝင်ရောက်ဖြစ်ပေါ်ေ နတာကို လူတွေက ကံမကောင်း ဘူးလို့ပြောတာ။

အကုသိုလ်ရဲ့ အကျိုးတရားတွေက ကိုယ့် သန္တာန်ရောက်ပြီ၊ ထိ ခိုက်နေပြီဆိုရင် ဒါက ကံမကောင်း ဘူးလို့ ပြောကြတယ်။ အဲဒီအချိန်မှာ ကိုယ့်ရဲ့လုပ်ရပ်ကို ပြန်ဆန်းစစ် ကြည့်ရမယ်။

ငါတို့လုပ်နေတာ အမှားမရှိဘူး၊ အကောင်းတွေ လုပ်တယ်။ သို့သော် အတိတ် တုန်းက မှားယွင်း မှုတွေ ကလည်း လူတွေရဲ့သန္တာန် လာရောက်ပြီး အကျိုးပေးနေတာတွေ ရှိတတ်တယ်ပေါ့။

အဲဒီလို ဖြစ်ပေါ်လာတာမျိုးတွေေ ကာ မရှိနိုင်ဘူးလားဆို ရှိနိုင် တယ်။ရှိလာလို့ရှိရင် ဘာနဲ့အကာအကွယ် လုပ်ရမလဲလို့ ဆိုရင် ကံကောင်းအောင် ကောင်းတဲ့ ကံတရားတွေကို ကြိုးစားပြီး လုပ်ရမယ်။

ဘုရားကို အာရုံပြု မယ်၊ သံဃာကို အာရုံပြုမယ်။ ဘုရားရဲ့ နှုတ်ကပတ်တော်တွေ ကို ရွတ်ဖတ် သရဇ္ဈာယ် မယ်။ ဘုရားကို ပူဇော် မယ် နော်။ ဘုရားနဲ့ ပတ်သက်ပြီး စိတ်ကြည်နူး မှုတွေရအောင် လုပ်ရမယ်။

ကုသိုလ်ကောင်း မှုတွေ မပြတ်လုပ်ပေး ရမယ်။ ဘုရားပန်း၊ ရေချမ်း အမြဲတမ်း ဆက်ကပ်၊ ဘုရား ကို အာရုံပြု၊ ကုသိုလ်တရားတွေကို စိတ်ထဲမှာ ဖြစ်ပွားအောင် ကြိုးစား၊ အဲဒီလို ကြိုးစားခြင်းအားဖြင့်လည်းပဲ မကောင်းတဲ့ ကံတွေ ပပျောက်သွားနိုင်တယ်။

ကံဆိုးမိုးမှောင်ကျလာတဲ့ အခါ ဖြစ်လာမယ့် အရိပ်အရောင်ရှိပြီ ဆိုတဲ့ အချိန်မှာ ဘာနဲ့ ကာကွယ်ရသလဲ ဆို ရင် ဘုရားကို အာရုံပြုပြီး ဗုဒ္ဓါနုဿတိ ကို ပွားရမယ်။ ဘုရားရဲ့ ဂုဏ်တော်တွေ ကို အာရုံပြု၊ ကမ္မဌာန်းထိုင်၊ ဂုဏ်တော်တွေကို နှလုံးသွင်း ဆင်ခြင်ပြီး အချိန်များများ မြတ်စွာဘုရားကို ပူဇော်ရမယ်။

လုပ်ပြီးတဲ့အခါ ကိုယ်လုပ် တဲ့ ကုသိုလ်ကောင်းမှုကို ကိုယ်မမြင်ရ တဲ့ သတ္တဝါတွေ၊ ကိုယ့်အနီး အပါးမှာရှိတဲ့ အိမ်စောင့်နတ်တွေ ကို အမျှအတန်း ပေးဝေရမယ်။ အဲဒီ အမျှ အတန်း ပေးဝေခြင်းအားဖြင့် ကိုယ်နဲ့ သူတို့နဲ့ က မိတ်ဆွေဖြစ်သွားတယ်။ ခင်မင်ရင်းနှီးမှုတွေ ရလာတယ်။ မိတ်ဆွေဖြစ် လို့ရှိရင် ကိုယ် အန္တရာယ်မေ ရာက်ေ အာင် သူတို့က ကြည့်ရှုပေးတယ်။

အိမ်နားနီးချင်းနဲ့ တည့်အောင်ပေါင်း ရင်တောင်မှပဲ ကိုယ့်အိမ် ကြည့်ပေးဖော်ရမယ်။ မတည့် ဘူးဆိုရင် မသိ ချင်ယောင်ဆောင်နေမှာ ဘာကြီးဖြစ်ေ နနေ၊ ဟုတ်ကဲ့လား။ အဲဒါလိုပဲ ကိုယ်မမြင် ရလို့ အိမ်စောင့်နတ်တို့၊ ကိုယ်စောင့်နတ်တို့ သွားပြီးတော့ ရန်မဖြစ်လေနဲ့။ ရန်ဖြစ်ရင်တော့ အဲဒါ ကိုယ့်ကို ကောင်း ကျိုးပေးမှာ မဟုတ် ဘူးနော်။ ဘယ်သူနဲ့မှ ရန်မဖြစ်နဲ့။

နောက်ဆုံးမှာ ကိုယ့်ရဲ့အိမ်က မွေးထား တဲ့ ခွေးနဲ့တောင် ရန်ဖြစ်ရင် ကိုယ့်ကို မျက်စောင်း ထိုးကြည့်တာ အ နည်း ဆုံး ခံရမယ်။ ကြောက်လို့သာ ပြန်မလုပ် တာ ရှိမယ်နော်။ ဒီတိရစ္ဆာန်တွေမှာ လည်း အသိရှိတယ်လေ။ တစ်ခါလောက် ရိုက်ထားတဲ့သူဆိုရင် ရှောင်ပေရှောင်ပေ နဲ့ မျက်စောင်းထိုး ကြည့်တယ်။

သူတို့ အမြဲ တန်း ငါ့များဘာလုပ်မလဲဆိုပြီး ဒေါသ နဲ့ ကြည့်တာ။ ဘယ်သူနဲ့မှ ရန်မဖြစ်ဘဲ မေတ္တာ သက်ရောက်အောင် လုပ်တာ ဟာ ကိုယ့်အတွက် ကံကောင်းစေခြင်း ရဲ့ အကြောင်းတစ်ခုပဲ ဖြစ် တယ်ပေါ့။ ကိုယ့်အတွက် အကူအညီ ရခြင်းပဲ။

မေတ္တာပို့ရ တယ်။ အမျှအတန်းပေးဝေ ရတယ်။ ကုသိုလ်ကောင်းမှုလုပ် တိုင်းလုပ်တိုင်း ဖိတ်ကြား ပြီးတော့ သူ တို့ကို အရေးတယူ လုပ်ရတယ်။ မိတ်ဆွေကောင်းတောင် မှ လမ်းမှာတွေ့ရင် ကိုယ်က အရင်ခေါ် ရတယ်။

အရေးတယူ နှုတ်ဆက် ရင် ရင်းနှီးတယ်။ မခေါ်ချင် သလိုလို လုပ်သွားရင် သူကလည်း မခေါ်ချင်သလိုလို ပြန်လုပ်မှာပဲ။ လူအချင်း ချင်းတောင် ဒီလို ဖြစ်လာတယ်။

အဲဒါကြောင့်မို့ ကံကောင်းအောင် လုပ်ဖို့ ဆိုသည်မှာ ကိုယ်ကိုယ် တိုင်က ရင်ထဲက အမုန်း ကင်းပြီး မေတ္တာ ဘာဝနာတွေ များများ ပွားရမယ်။ မေတ္တာပို့မယ်၊ အမျှ အတန်း ပေးဝေမယ်၊ အားလုံးနဲ့ မိတ်ဆွေတွေဖြစ် မယ်။

အရာရာမှာ စိတ်ကြည်နူး မှုတွေ ရလာတဲ့အခါမှာ ကိုယ်တွေး တာတွေ၊ ကိုယ်ကြံ တာတွေ၊ ကိုယ်လုပ် တာတွေလည်း လမ်းမှန်ပေါ် ရောက် လာနိုင်တယ်ပေါ့။

အဲဒီလိုမဟုတ်ဘူး။ ကံမကောင်း အကြောင်းမလှ လို့ မကောင်း တာတွေနဲ့ စိတ်ကညစ်နေ ရင် ပိုဆိုး သွားနိုင်တယ်။ အဲဒီလိုမဖြစ် ရအောင် သတိရှိရမယ်။ ဘယ်သူပဲဖြစ်ဖြစ် ကံကြမ္မာရဲ့အလှည့်အပြောင်းကြောင့် ကံကောင်းတဲ့အခါ ကောင်းတယ်၊ မကောင်းတဲ့ အခါ မကောင်းဘူး။

ဘုရားဂုဏ်တော်တွေ ကို ကိုယ့်ရဲ့ ရင်ထဲနှလုံးထဲ ရောက်အောင် တည်ငြိမ်အေး ချမ်းမှုကို ပေးနိုင်တဲ့ဟာ မျိုးဖြစ်အောင် လုပ်ရမယ်။ ပြီးပြီဆိုပြီးတော့ မှ ကိုယ့်ရဲ့ (wish) ကို ဖော်ပြတာ။ ဆုတောင်း တိုင်းကတော့ မရဘူးပေါ့။

ဆုတောင်း တိုင်း ရလို့ရှိရင် ဘာမှ လုပ်မနေနဲ့။ ထိုင်ပြီးတော့ ဆုသာ ဆုတောင်း။ စာမေးပွဲအောင် လို့ရှိရင် ဒီ ၃- လုံးပါပါစေ၊ ၆- လုံး ပါပါစေ၊ ထိုင်သာ ဆုတောင်းနေ၊ စာမကျက်နဲ့၊ ရမှာ မဟုတ်ဘူးနော်။

အဲဒါကြောင်းမို့လို့ ဆုတောင်း ရုံနဲ့ ဘယ်အရာမှ မရ ဘူး။ ဆုတောင်းတယ်ဆို တာ wish ကို ဖော်ပြတာပဲ ဖြစ်တယ်။ ဆုတောင်းတာ လိုချင်တဲ့ဆန္ဒရဲ့နောက် မှာ လုံ့လ ဝီရိယတို့၊ အသိဉာဏ် တို့ ဆိုတာတွေ လိုအပ် တယ်ပေါ့။

အဲဒီလို အကြောင်း အကျိုး ဆီလျှော်စွာ အလုပ် လုပ်မှ ကောင်းကျိုးချမ်းသာတွေ ဆိုတာ ရနိုင်တယ်။ အဲဒီ လို အချက်တွေကိုလည်း မြတ်စွာဘုရား ဟောတာဖြစ် တယ်။ ဗုဒ္ဓဆိုတဲ့ ဂုဏ်တော်တွေထဲ မှာ အရာခပ် သိမ်းကို သိစွမ်းနိုင်တဲ့ အသိဉာဏ် ရှိလို့ ဗုဒ္ဓ ဆိုတာကို အာရုံပြု ပြီးတော့ နှလုံးသွင်းဆင်ခြင်ခြင်း အားဖြင့် မိမိအတွက် ကံကောင်းလာနိုင်တယ်ဆိုတာ ယုံကြည်ကြရမှာ ဖြစ်တယ်။

ပါမောက္ခချုပ်ဆရာတော် ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ (မြတ်ဗုဒ္ဓ၏ ဂုဏ်တော်ကိုးပါး တရားတော်မှ ကောက်နှုတ်ပူဇော်ပါသည်)
a