1 168

လူတိုင္းဟာ ခ်မး္သာၾကြယ္ဝခ်င္ၾကပါတယ္။ ဒါေပမယ့္ ေတာ္ေတာ္မ်ားမ်ားဟာ ဒီအိပ္မက္ကို လက္ေတြ႕အေကာင္အထည္ မေဖာ္ႏိုင္ၾကပါဘူး။ အေၾကာငး္ကေတာ့ ခ်မ္းသာၾကြယ္ဝျခင္းဆုိတာ တစ္ေန႔ေန႔ဆိုတဲ့ စိတ္ကူးယဥ္သက္သက္နဲ႔ မရပဲ လက္ေတြ႕အေကာင္အထည္ေဖာ္မွ ရတဲ့အရာျဖစ္ေနလို႔ပါပဲ။

ငယ္ရြယ္စဥ္မွာ ဒီအိပ္မက္ကိုလက္ေတြ႕ အေကာင္အထည္ေဖာ္ႏိုင္ေလေလ သူေဌးျဖစ္ေစာေလေလပါပဲ။ ဒါေၾကာင့္ ခ်မး္သာခ်င္သူတိုင္း လက္ေတြ႕က်င့္သံုးသင့္တဲ့ ဘဝေသာ့ခ်က္ေလးေတြကို မွ်ေဝေပးလိုက္ပါတယ္။

(၁) ဟိုေရႊ႕သည္ေရႊ႕မလုပ္ပါနဲ႔

ဒီေန႔လုပ္လို႔ရတဲ့အရာတစ္ခုကို မနက္ျဖန္မေရႊ႕ပါနဲ႔ဆုိတဲ့ စကားပံုအတိုင္းပဲ သင့္ရဲ႕ အိပ္မက္ေတြ၊ စိတ္ကူးေတြကုိ ခ်က္ခ်င္းအေကာင္အထည္ေဖာ္ပါ။ အခ်ိန္ဆြဲတာ၊ အခ်ိန္ေရႊ႕တာေတြဟာ သင့္ဘဝတက္လမ္းကို ပိတ္ပင္ဖို႔ အေကာငး္ဆံုးေသာ လက္နက္ေတြပါပဲ။

(၂) ေမွာ္ဆန္တဲ့စိတ္ကူးေတြမယဥ္ပါနဲ႔

အလုပ္တစ္ခုကိုစလိုက္ျပီဆိုတာနဲ႔ ဝုန္းခနဲေအာင္ျမင္လိမ့္မယ္လို႔ မေမွ်ာ္လင့္ပါနဲ႔။ နညး္စနစ္က်က်ေတြးေခၚျခင္းကသာ သင့္ကိုခ်မ္းသာေစႏိုင္ပါတယ္။ နည္းနည္းသံုး၊ မ်ားမ်ားစု၊ မွန္ကန္တဲ့ ရင္းႏွီးျမွဳပ္ႏွံမႈေတြကသာလွ်င္ သင့္ကို တျဖည္းျဖည္းျခင္း ခ်မး္သာလာေစမွာျဖစ္ပါတယ္။ ရွာႏိုင္တဲ့ပမာဏထက္ပိုျပီး ဘယ္ေတာ့မွ မသံုးပါနဲ႔။

(၃) ေငြစုပါ

သင့္ဘဝမွာ ေငြစုတတ္ဖို႔အရမး္ကိုအေရးၾကီးပါတယ္။ လုပ္ခ်င္တာတစ္ခုခုရွိျပီဆိုရင္ အဲ့ဒီ့အရာအတြက္ သတ္သတ္မွတ္မွတ္ေငြစုပါ။ ဝင္ေငြ၊ ထြက္ေငြေတြကို ေကာင္းမြန္စြာစိစစ္ျပီး ဘယ္ေနရာမွာ ေငြကုန္ေၾကးက်အမ်ားဆံုးလဲဆိုတာကို အျမဲတမ္းအကဲခတ္ျပီး ေလွ်ာ့သင့္ရင္ေလွ်ာ့ပါ။ ဒီနည္းလမး္ဟာ သင့္ကိုခ်မ္းသာေစမယ့္ လွ်ိဳ႕ဝွက္ခ်က္ေတြထဲက တစ္ခုျဖစ္ပါတယ္။

(၄) အေၾကြးမထားပါနဲ႔

အေၾကြးဟာ သင့္အတြက္ ဆူးေညွာင့္ခလုတ္ေတြပါပဲ။ ဒါေၾကာင့္ တတ္နိုင္သမွ် အေၾကြးမထားတာအေကာင္းဆံုးပါပဲ။ မတတ္သာလို႔ အေၾကြးရွိခဲ့တယ္ဆိုရင္ေတာ့ သင့္မွာဝင္ေငြရွိတာနဲ႔ အဲ့ဒီ့အေၾကြးေတြအားလံုးကုိ ေက်ေအာင္ဆပ္လိုက္ပါ။ မဟုတ္ရင္ တစ္ေန႔တျခားမ်ားျပားလာတဲ့အတိုးေတြက သင့္ကိုဆင္းရဲတြင္းထဲ ဆြဲခ်သြားႏိုင္လို႔ပါပဲ။

(၅) သင့္ကိုယ္သင္ရင္းႏွီးျမွဳပ္ႏွံပါ

သင္ဟာ သင့္ဘဝမွာ အေရးၾကီးဆံုးဇာတ္လိုက္ပါပဲ။ ဒါေၾကာင့္ သင့္ကိုယ္သင္ ရင္းႏွီးျမွဳပ္ႏွံပါ။ ပညာအသစ္ေတြဆညး္ပူးပါ၊ သင့္ရဲ႕ ကိုယ္ပိုင္အရည္အခ်င္းေတြကို ေဖာ္ထုတ္ပါ၊ အေတြ႕အၾကံဳသစ္ေတြကို ရွာေဖြပါ။ ဒါေတြအားလံုးဟာ သင့္ကိုခ်မး္သာျခင္းဆီကို ေခၚေဆာင္သြားမယ့္ ေလွခါးထစ္ေတြပဲျဖစ္ပါတယ္။

(၆) တစ္ေနရာထဲမွာပဲ ရပ္မေနပါနဲ႔

အလုပ္တစ္ခုတည္းမွာပဲ သင့္ရဲ႕အခ်ိန္ေတြ၊ စိတ္ေတြအားလံုးကို ႏွစ္မထားသင့္ပါဘူး။ အခြင့္အေရးရရင္ရသလို အလုပ္ေလးေတြကို တိုးခ်ဲ႕ျပီးလုပ္ကိုင္သင့္ပါတယ္။ ဘယ္အရာမွ တစ္သမတ္တည္းရွိမေနတဲ့အတြက္ တစ္ခုအဆင္မေျပရင္ေတာင္ တစ္ခုကအဆင္ေျပေနတာမ်ိဳးျဖစ္ေနဖို႔အတြက္ အလုပ္ေလးေတြကို ႏိုင္သမွ်လုပ္ပါ။

ခရက္ဒစ္ အန္တီေမ

Unicode

လူတိုင်းဟာ ချမ်းသာကြွယ်ဝချင်ကြပါတယ်။ ဒါပေမယ့် တော်တော်များများဟာ ဒီအိပ်မက်ကို လက်တွေ့အကောင်အထည် မဖော်နိုင်ကြပါဘူး။ အကြောင်းကတော့ ချမ်းသာကြွယ်ဝခြင်းဆိုတာ တစ်နေ့နေ့ဆိုတဲ့ စိတ်ကူးယဉ်သက်သက်နဲ့ မရပဲ လက်တွေ့အကောင်အထည်ဖော်မှ ရတဲ့အရာဖြစ်နေလို့ပါပဲ။

ငယ်ရွယ်စဉ်မှာ ဒီအိပ်မက်ကိုလက်တွေ့ အကောင်အထည်ဖော်နိုင်လေလေ သူဌေးဖြစ်စောလေလေပါပဲ။ ဒါကြောင့် ချမ်းသာချင်သူတိုင်း လက်တွေ့ကျင့်သုံးသင့်တဲ့ ဘဝသော့ချက်လေးတွေကို မျှဝေပေးလိုက်ပါတယ်။

(၁) ဟိုရွှေ့သည်ရွှေ့မလုပ်ပါနဲ့

ဒီနေ့လုပ်လို့ရတဲ့အရာတစ်ခုကို မနက်ဖြန်မရွှေ့ပါနဲ့ဆိုတဲ့ စကားပုံအတိုင်းပဲ သင့်ရဲ့ အိပ်မက်တွေ၊ စိတ်ကူးတွေကို ချက်ချင်းအကောင်အထည်ဖော်ပါ။ အချိန်ဆွဲတာ၊ အချိန်ရွှေ့တာတွေဟာ သင့်ဘဝတက်လမ်းကို ပိတ်ပင်ဖို့ အကောင်းဆုံးသော လက်နက်တွေပါပဲ။

(၂) မှော်ဆန်တဲ့စိတ်ကူးတွေမယဉ်ပါနဲ့

အလုပ်တစ်ခုကိုစလိုက်ပြီဆိုတာနဲ့ ဝုန်းခနဲအောင်မြင်လိမ့်မယ်လို့ မမျှော်လင့်ပါနဲ့။ နည်းစနစ်ကျကျတွေးခေါ်ခြင်းကသာ သင့်ကိုချမ်းသာစေနိုင်ပါတယ်။ နည်းနည်းသုံး၊ များများစု၊ မှန်ကန်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေကသာလျှင် သင့်ကို တဖြည်းဖြည်းခြင်း ချမ်းသာလာစေမှာဖြစ်ပါတယ်။ ရှာနိုင်တဲ့ပမာဏထက်ပိုပြီး ဘယ်တော့မှ မသုံးပါနဲ့။

(၃) ငွေစုပါ

သင့်ဘဝမှာ ငွေစုတတ်ဖို့အရမ်းကိုအရေးကြီးပါတယ်။ လုပ်ချင်တာတစ်ခုခုရှိပြီဆိုရင် အဲ့ဒီ့အရာအတွက် သတ်သတ်မှတ်မှတ်ငွေစုပါ။ ဝင်ငွေ၊ ထွက်ငွေတွေကို ကောင်းမွန်စွာစိစစ်ပြီး ဘယ်နေရာမှာ ငွေကုန်ကြေးကျအများဆုံးလဲဆိုတာကို အမြဲတမ်းအကဲခတ်ပြီး လျှော့သင့်ရင်လျှော့ပါ။ ဒီနည်းလမ်းဟာ သင့်ကိုချမ်းသာစေမယ့် လျှို့ဝှက်ချက်တွေထဲက တစ်ခုဖြစ်ပါတယ်။

(၄) အကြွေးမထားပါနဲ့

အကြွေးဟာ သင့်အတွက် ဆူးညှောင့်ခလုတ်တွေပါပဲ။ ဒါကြောင့် တတ်နိုင်သမျှ အကြွေးမထားတာအကောင်းဆုံးပါပဲ။ မတတ်သာလို့ အကြွေးရှိခဲ့တယ်ဆိုရင်တော့ သင့်မှာဝင်ငွေရှိတာနဲ့ အဲ့ဒီ့အကြွေးတွေအားလုံးကို ကျေအောင်ဆပ်လိုက်ပါ။ မဟုတ်ရင် တစ်နေ့တခြားများပြားလာတဲ့အတိုးတွေက သင့်ကိုဆင်းရဲတွင်းထဲ ဆွဲချသွားနိုင်လို့ပါပဲ။

(၅) သင့်ကိုယ်သင်ရင်းနှီးမြှုပ်နှံပါ

သင်ဟာ သင့်ဘဝမှာ အရေးကြီးဆုံးဇာတ်လိုက်ပါပဲ။ ဒါကြောင့် သင့်ကိုယ်သင် ရင်းနှီးမြှုပ်နှံပါ။ ပညာအသစ်တွေဆည်းပူးပါ၊ သင့်ရဲ့ ကိုယ်ပိုင်အရည်အချင်းတွေကို ဖော်ထုတ်ပါ၊ အတွေ့အကြုံသစ်တွေကို ရှာဖွေပါ။ ဒါတွေအားလုံးဟာ သင့်ကိုချမ်းသာခြင်းဆီကို ခေါ်ဆောင်သွားမယ့် လှေခါးထစ်တွေပဲဖြစ်ပါတယ်။

(၆) တစ်နေရာထဲမှာပဲ ရပ်မနေပါနဲ့

အလုပ်တစ်ခုတည်းမှာပဲ သင့်ရဲ့အချိန်တွေ၊ စိတ်တွေအားလုံးကို နှစ်မထားသင့်ပါဘူး။ အခွင့်အရေးရရင်ရသလို အလုပ်လေးတွေကို တိုးချဲ့ပြီးလုပ်ကိုင်သင့်ပါတယ်။ ဘယ်အရာမှ တစ်သမတ်တည်းရှိမနေတဲ့အတွက် တစ်ခုအဆင်မပြေရင်တောင် တစ်ခုကအဆင်ပြေနေတာမျိုးဖြစ်နေဖို့အတွက် အလုပ်လေးတွေကို နိုင်သမျှလုပ်ပါ။

ခရက္ဒစ္ အန္တီေမ