1 45

မျမင္ႏုိင္တဲ့ စိတ္စြမ္းအင္ေတြကို ပိုင္ဆုိင္ထားသူေတြ ႀကံဳရတတ္တဲ့ လကၡဏာ (၉)မ်ိဳး

လူတစ္ေယာက္ဟာ သာမန္ထက္ပိုတဲ့စိတ္စြမ္းအင္ေတြကို သူကိုယ္တိုင္မသိဘဲ ပုိင္ဆိုင္ထားနိုင္ပါတယ္။ အခုေဖာ္ျပမယ့္အခ်က္ေတြ သင့္မွာရွိေနမယ္ဆိုရင္ သင္ဟာ တျခားသူေတြထက္ ထူးတဲ့စိတ္စြမ္းအင္ေတြပိုင္ဆိုင္ထားတယ္ဆိုတာကို သိနိုင္ပါမွာမို႕ ဖတ္ၾကည့္လိုက္ပါဦးေနာ္။

(၁) ကေလးေတြနဲ႕ တိရစာၦန္ေလးေတြက သင့္ကို အရမ္းခ်စ္ၾကတယ္

ကေလးေလးေတြနဲ႕ တိရစာၦန္ေလးေတြဆိုတာ လူေတြရဲ႕အတြင္းစိတ္ကိုအသိဆံုးပါ။ ဒါေၾကာင့္သူတို႔ေတြက သင့္ကိုခ်စ္ခင္ၾကတယ္ဆိုရင္ သင္ဟာ စိတ္ထားေကာင္းတဲ့သူ ဒါမွမဟုတ္ လိပ္ျပာလွတဲ့သူ ျဖစ္ေနလို႕ပါ။

(၂) မရင္းႏွီးတဲ့သူေတြကေတာင္ ခံစားခ်က္ေတြကုိအလြယ္တကူဖြင့္ေျပာၾကတယ္

လူတစ္ေယာက္ကသူရဲ႕ခံစားခ်က္ေတြကို ဖြင့္ဟေျပာျပဖို႕ဆိုတာ အတိုင္းအတာတစ္ခုအထိယံုၾကည္ရမွျဖစ္မွာပါ။ အဲ့လိုမဟုတ္ဘဲ သင့္ကိုဆိုရင္ သိပ္မရင္းႏွီးတဲ့သူေတြကေတာင္မွ သူတို႕ခံစားခ်က္ေတြကို အလြယ္တကူဖြင့္ဟတိုင္ပင္ေနတယ္ဆိုရင္ သင္ဟာ သူတို႕အေပၚလႊမ္းမိုးနိုင္တဲ့ အင္အားၾကီးမားတဲ့စိတ္စြမ္းအင္တစ္မ်ိဳးရွိလို႕ပါ။

(၃) ဒဏ္ရာတစ္ခုခုျဖစ္ရင္ေပ်ာက္လြယ္တယ္

ကိုယ္တိုင္ပဲျဖစ္ျဖစ္၊ မိသားစုထဲမွာပဲျဖစ္ျဖစ္ ဒဏ္ရာတစ္ခုခုျဖစ္လာရင္ အခ်ိန္္ခဏေလးအတြင္း ေပ်ာက္သြားတတ္ပါတယ္။

(၄) သင္ကအျမဲေၾကကြဲေနတတ္တယ္

လူတစ္ေယာက္ေၾကကြဲေနတယ္ဆိုတာ အလကားမဟုတ္ဘူး ဆိုတဲ့သေဘာေပါ့။ တခ်ိဳ႕က ေၾကကြဲစရာရွိလို႕ဆိုေပမယ့္ တခ်ိဳ႕က်ေတာ့လည္း အလကားေနေၾကကြဲေနတာပါ။ ဒါေပမယ့္ အဲ့ဒါနဲ႕ပတ္သက္ျပီး သင့္မွာ စိတ္စြမ္းအင္တစ္ခုခုရွိလို႕ျဖစ္နိုင္တယ္လို႕ ပညာရွင္ေတြက ေျပာလိုက္ပါျပီေနာ္။

(၅) သင့္ကိုဘယ္သူမွလိမ္လို႕မရဘူး

လိမ္ေျပာမယ္ဆိုရင္ကို အလိုလိုသိေနတာမ်ိဳးပါ။ ကိုယ့္အနီးနားကလူတစ္ေယာက္ေယာက္က ဘာမွမေျပာရေသးခင္မွာဘဲ သူနဲ႕ပတ္သက္ျပီး တစ္ခုခုရွိေနတာကို ခံစားမိေနတတ္ပါတယ္။

(၆) သဘာ၀ကိုအရမ္းခ်စ္နွစ္သက္တယ္

သဘာ၀ကိုအရမ္းခ်စ္တာ သူမ်ားေတြနဲ႕ကို မတူပါဘူး။ သဘာ၀အလွအပေတြကိုအရမ္းခ်စ္ျပီး တိရစာၦန္ေလးေတြအေပၚမွာ ၾကင္နာတတ္တဲ့သူေတြဟာ ေကာင္းမြန္တဲ့စိတ္စြမ္းအင္တစ္မ်ိဳးကို ေသခ်ာေပါက္ပိုင္ဆိုင္ထားပါတယ္။

(၇) တစ္ေယာက္တည္းေနရတာၾကိဳက္တယ္

လူစုလူေ၀းနဲ႕ေနရတာအရမ္းပင္ပန္းျပီး ေခါင္းကိုက္တဲ့အထိျဖစ္တတ္ရင္၊ တစ္ခ်ိန္တည္းမွာ လူေတြအမ်ားၾကီးနဲ႕ ေျပာဆိုရတာကို စိတ္ရႈပ္ေထြးေနတယ္ဆိုရင္ သင္ဟာ ေအးခ်မ္းမႈကိုနွစ္သက္တဲ့ သူတစ္ေယာက္ျဖစ္ျပီး သူမ်ားထက္ထူးျခားတဲ့ အစြမ္းအစမ်ိဳးရွိမယ့္သူပါ။

(၈) တစ္ေယာက္ေယာက္နာက်င္ခံစားေနရတာေတြ႕ရင္ မေနနိုင္ဘူး

လူေတြဟာ မ်ားေသာအားျဖင့္ သနားတတ္ၾကတယ္ဆိုေပမယ့္ ကိုယ္နဲ႕တိုက္ရိုက္မသက္ဆိုင္တဲ့ကိစၥေတြဆိုရင္ ေအးေအးေဆးေဆး ေက်ာ္သြားနိုင္ၾကပါတယ္။ သင္ကေတာ့ အဲ့လိုမဟုတ္ဘဲ တစ္ေယာက္ေယာက္နာက်င္ခံစားေနရတာကိုေတြ႕ရင္ဘယ္လိုမွမေနနိုင္ဘူး၊ ႏွစ္သိမ့္ေပးတယ္၊ ကူညီတတ္တယ္ဆိုုရင္ သင္ဟာစြမ္းအားရွင္ပါ။

(၉) ေလာကၾကီးကိုတျခားသူေတြနဲ႕မတူတဲ့အျမင္မ်ိဳးနဲ႕ျမင္တတ္တယ္

လူေတြအားလံုးက စိတ္ပ်က္စရာေလာကၾကီးလို႕ျမင္ေနရင္လည္း သင္ကေတာ့အဲ့လိုျမင္မွာမဟုတ္ပါဘူး။ ေလာကၾကီးထဲမွာ အသက္ရွင္ရျခင္းရဲ႕ေကာင္းကြက္ေတြကိုျမင္ေအာင္ၾကည့္တတ္သလို တရားရစရာေတြကိုလည္းျမင္တတ္တာမ်ိဳးပါ။

ကဲ သင္ကေရာ အေပၚကအခ်က္ေတြနဲ႕ ကိုက္ညီေနလား၊ တျခားသူေတြထက္ထူးျခားတဲ့၊ စြမ္းအားရွိတဲ့သူတစ္ေယာက္လားဆိုတာ ေျပာခဲ့ပါဦးေနာ္။

MAY THAZINHTOO

Unicode

မမြင်နိုင်တဲ့ စိတ်စွမ်းအင်တွေကို ပိုင်ဆိုင်ထားသူတွေ ကြုံရတတ်တဲ့ လက္ခဏာ (၉)မျိုး

လူတစ်ယောက်ဟာ သာမန်ထက်ပိုတဲ့စိတ်စွမ်းအင်တွေကို သူကိုယ်တိုင်မသိဘဲ ပိုင်ဆိုင်ထားနိုင်ပါတယ်။ အခုဖော်ပြမယ့်အချက်တွေ သင့်မှာရှိနေမယ်ဆိုရင် သင်ဟာ တခြားသူတွေထက် ထူးတဲ့စိတ်စွမ်းအင်တွေပိုင်ဆိုင်ထားတယ်ဆိုတာကို သိနိုင်ပါမှာမို့ ဖတ်ကြည့်လိုက်ပါဦးနော်။

(၁) ကလေးတွေနဲ့ တိရစ္ဆာန်လေးတွေက သင့်ကို အရမ်းချစ်ကြတယ်

ကလေးလေးတွေနဲ့ တိရစ္ဆာန်လေးတွေဆိုတာ လူတွေရဲ့အတွင်းစိတ်ကိုအသိဆုံးပါ။ ဒါကြောင့်သူတို့တွေက သင့်ကိုချစ်ခင်ကြတယ်ဆိုရင် သင်ဟာ စိတ်ထားကောင်းတဲ့သူ ဒါမှမဟုတ် လိပ်ပြာလှတဲ့သူ ဖြစ်နေလို့ပါ။

(၂) မရင်းနှီးတဲ့သူတွေကတောင် ခံစားချက်တွေကိုအလွယ်တကူဖွင့်ပြောကြတယ်

လူတစ်ယောက်ကသူရဲ့ခံစားချက်တွေကို ဖွင့်ဟပြောပြဖို့ဆိုတာ အတိုင်းအတာတစ်ခုအထိယုံကြည်ရမှဖြစ်မှာပါ။ အဲ့လိုမဟုတ်ဘဲ သင့်ကိုဆိုရင် သိပ်မရင်းနှီးတဲ့သူတွေကတောင်မှ သူတို့ခံစားချက်တွေကို အလွယ်တကူဖွင့်ဟတိုင်ပင်နေတယ်ဆိုရင် သင်ဟာ သူတို့အပေါ်လွှမ်းမိုးနိုင်တဲ့ အင်အားကြီးမားတဲ့စိတ်စွမ်းအင်တစ်မျိုးရှိလို့ပါ။

(၃) ဒဏ်ရာတစ်ခုခုဖြစ်ရင်ပျောက်လွယ်တယ်

ကိုယ်တိုင်ပဲဖြစ်ဖြစ်၊ မိသားစုထဲမှာပဲဖြစ်ဖြစ် ဒဏ်ရာတစ်ခုခုဖြစ်လာရင် အချိန််ခဏလေးအတွင်း ပျောက်သွားတတ်ပါတယ်။

(၄) သင်ကအမြဲကြေကွဲနေတတ်တယ်

လူတစ်ယောက်ကြေကွဲနေတယ်ဆိုတာ အလကားမဟုတ်ဘူး ဆိုတဲ့သဘောပေါ့။ တချို့က ကြေကွဲစရာရှိလို့ဆိုပေမယ့် တချို့ကျတော့လည်း အလကားနေကြေကွဲနေတာပါ။ ဒါပေမယ့် အဲ့ဒါနဲ့ပတ်သက်ပြီး သင့်မှာ စိတ်စွမ်းအင်တစ်ခုခုရှိလို့ဖြစ်နိုင်တယ်လို့ ပညာရှင်တွေက ပြောလိုက်ပါပြီနော်။

(၅) သင့်ကိုဘယ်သူမှလိမ်လို့မရဘူး

လိမ်ပြောမယ်ဆိုရင်ကို အလိုလိုသိနေတာမျိုးပါ။ ကိုယ့်အနီးနားကလူတစ်ယောက်ယောက်က ဘာမှမပြောရသေးခင်မှာဘဲ သူနဲ့ပတ်သက်ပြီး တစ်ခုခုရှိနေတာကို ခံစားမိနေတတ်ပါတယ်။

(၆) သဘာဝကိုအရမ်းချစ်နှစ်သက်တယ်

သဘာဝကိုအရမ်းချစ်တာ သူများတွေနဲ့ကို မတူပါဘူး။ သဘာဝအလှအပတွေကိုအရမ်းချစ်ပြီး တိရစ္ဆာန်လေးတွေအပေါ်မှာ ကြင်နာတတ်တဲ့သူတွေဟာ ကောင်းမွန်တဲ့စိတ်စွမ်းအင်တစ်မျိုးကို သေချာပေါက်ပိုင်ဆိုင်ထားပါတယ်။

(၇) တစ်ယောက်တည်းနေရတာကြိုက်တယ်

လူစုလူဝေးနဲ့နေရတာအရမ်းပင်ပန်းပြီး ခေါင်းကိုက်တဲ့အထိဖြစ်တတ်ရင်၊ တစ်ချိန်တည်းမှာ လူတွေအများကြီးနဲ့ ပြောဆိုရတာကို စိတ်ရှုပ်ထွေးနေတယ်ဆိုရင် သင်ဟာ အေးချမ်းမှုကိုနှစ်သက်တဲ့ သူတစ်ယောက်ဖြစ်ပြီး သူများထက်ထူးခြားတဲ့ အစွမ်းအစမျိုးရှိမယ့်သူပါ။

(၈) တစ်ယောက်ယောက်နာကျင်ခံစားနေရတာတွေ့ရင် မနေနိုင်ဘူး

လူတွေဟာ များသောအားဖြင့် သနားတတ်ကြတယ်ဆိုပေမယ့် ကိုယ်နဲ့တိုက်ရိုက်မသက်ဆိုင်တဲ့ကိစ္စတွေဆိုရင် အေးအေးဆေးဆေး ကျော်သွားနိုင်ကြပါတယ်။ သင်ကတော့ အဲ့လိုမဟုတ်ဘဲ တစ်ယောက်ယောက်နာကျင်ခံစားနေရတာကိုတွေ့ရင်ဘယ်လိုမှမနေနိုင်ဘူး၊ နှစ်သိမ့်ပေးတယ်၊ ကူညီတတ်တယ်ဆိုုရင် သင်ဟာစွမ်းအားရှင်ပါ။

(၉) လောကကြီးကိုတခြားသူတွေနဲ့မတူတဲ့အမြင်မျိုးနဲ့မြင်တတ်တယ်

လူတွေအားလုံးက စိတ်ပျက်စရာလောကကြီးလို့မြင်နေရင်လည်း သင်ကတော့အဲ့လိုမြင်မှာမဟုတ်ပါဘူး။ လောကကြီးထဲမှာ အသက်ရှင်ရခြင်းရဲ့ကောင်းကွက်တွေကိုမြင်အောင်ကြည့်တတ်သလို တရားရစရာတွေကိုလည်းမြင်တတ်တာမျိုးပါ။

ကဲ သင်ကရော အပေါ်ကအချက်တွေနဲ့ ကိုက်ညီနေလား၊ တခြားသူတွေထက်ထူးခြားတဲ့၊ စွမ်းအားရှိတဲ့သူတစ်ယောက်လားဆိုတာ ပြောခဲ့ပါဦးနော်။

MAY THAZINHTOO