1 64

စိတ်ထဲက ခံစားချက်အမှန်ကို ဖုံးကွယ်ထားချင်တဲ့အခါ လူတွေလုပ်လေ့ရှိတဲ့ အပြုအမူ (၅)မျိုး

Unicode

လူတွေဟာ ပြင်းထန်တဲ့ခံစားချက်တွေဖြစ်လာတဲ့အခါ အဲ့ဒီခံစားချက်တွေကို ဘာမှမဖြစ်သလို ဖုံးကွယ်ထားဖို့ကြိုးစားတတ်ကြတယ်လို့ စိတ်ပညာရှင်တွေကပြောပါတယ်။ ပြီးတော့ အဲ့ဒီခံစားချက်တွေကို ဖုံးကွယ်ထားဖို့အတွက် ဒီလိုအပြုအမူတွေကို ပြုလုပ်တတ်ကြပါတယ်တဲ့။

ငြင်းဆန်တယ်

ဝမ်းနည်းတာပဲဖြစ်ဖြစ်၊ တစ်ဖက်သားကို မုန်းတီးတာပဲဖြစ်ဖြစ် အဲ့ဒီလိုတစ်ခုခုဖြစ်လာရင် လက်မခံဘဲ ဝမ်းမနည်းဘူး၊ မမုန်းဘူး ဆိုပြီး ငြင်းတတ်ကြပါတယ်။ အထင်ရှားဆုံးဥပမာတစ်ခုကိုပြောရမယ်ဆိုရင် စိတ်ထဲမှာလုံးဝထိခိုက်ပြိုလဲနေပေမယ့် ဘာမှမဖြစ်ပါဘူး၊ အဆင်ပြေပါတယ်လို့ပြေနေတာမျိုးပေါ့။

အစားတွေအများကြီးစားတယ်

စိတ်ထဲမှာပြင်းထန်တဲ့ ခံစားချက်တစ်ခုဖြစ်လာရင် နဂိုထက် အစားပိုစားတတ်တဲ့သူတွေလည်းရှိပါတယ်။ အဲ့လိုအချိန်မှာ အရသာရှိလွန်းလို့စားတာမျိုးမဟုတ်ဘဲ၊ ဒီအတိုင်းပဲ စားနေရရင်ခံစားနေရတာတွေမေ့သွားလို့စားနေတာမျိုးပါ။ ကိုယ့်ဘာကိုယ်တောင် ဘယ်လောက်စားမိလို့ စားမိမှန်းမသိတဲ့အထိဖြစ်တတ်တာပါတယ်။

တစ်ယောက်တည်းခွဲထွက်နေတယ်

ကိုယ့်စိတ်ထဲမှာ တစ်ခုခုဖြစ်နေတဲ့အခါ သူများတွေနဲ့ စကားပြောဆိုဆက်ဆံရတာလည်းအဆင်မပြေတော့ပါဘူး။ ဒီတော့ ကိုယ်တစ်ယောက်တည်း ခွဲထွက်နေဖို့ကြိုးစားလာကြပါတယ်။ ကိုယ်အဆင်မပြေဖြစ်နေတာကို လူတွေရိပ်မိသွားမှာကို မလိုလားလို့လည်းပါတာပေါ့။

ဟာသလုပ်တယ်

အခြေအနေတစ်ခု၊ အကြောင်းအရာတစ်ခုကို ရင်ဆိုင်ဖို့ ခက်ခဲလွန်းလာရင် ဟာသလုပ်တတ်ကြပါတယ်။ လူတွေရှေ့မှာတော့ အေးအေးဆေးဆေးရယ်နေနိုင်ပြီး ကွယ်ရာရောက်မှပြိုလဲနေတာမျိုးပေါ့။

ရှောင်ပြေးတယ်

စိတ်ခံစားချက်တစ်ခုဖြစ်လာတယ်၊ ဒီခံစားချက်ဖြစ်လာတာကို ကိုယ်တိုင်မနှစ်မြို့ဘူး၊ သဘောမကျဘူးဆိုရင် အဲ့ဒီခံစားချက်ကိုဖြစ်စေတဲ့လူ၊ အခြေအနေတွေကနေရှောင်ပြေးတတ်တယ်။

ခရက်ဒစ် အန်တီမေ

Zawgyi

စိတ္ထဲက ခံစားခ်က္အမွန္ကို ဖံုးကြယ္ထားခ်င္တဲ့အခါ လူေတြလုပ္ေလ့ရွိတဲ့ အျပဳအမူ (၅)မ်ိဳး

လူေတြဟာ ျပင္းထန္တဲ့ခံစားခ်က္ေတြျဖစ္လာတဲ့အခါ အဲ့ဒီခံစားခ်က္ေတြကို ဘာမွမျဖစ္သလို ဖံုးကြယ္ထားဖို႕ၾကိဳးစားတတ္ၾကတယ္လို႕ စိတ္ပညာရွင္ေတြကေျပာပါတယ္။ ျပီးေတာ့ အဲ့ဒီခံစားခ်က္ေတြကို ဖံုးကြယ္ထားဖုိ႕အတြက္ ဒီလိုအျပဳအမူေတြကို ျပဳလုပ္တတ္ၾကပါတယ္တဲ့။

ျငင္းဆန္တယ္

ဝမ္းနည္းတာပဲျဖစ္ျဖစ္၊ တစ္ဖက္သားကို မုန္းတီးတာပဲျဖစ္ျဖစ္ အဲ့ဒီလိုတစ္ခုခုျဖစ္လာရင္ လက္မခံဘဲ ဝမ္းမနည္းဘူး၊ မမုန္းဘူး ဆိုျပီး ျငင္းတတ္ၾကပါတယ္။ အထင္ရွားဆံုးဥပမာတစ္ခုကိုေျပာရမယ္ဆိုရင္ စိတ္ထဲမွာလံုးဝထိခိုက္ျပိဳလဲေနေပမယ့္ ဘာမွမျဖစ္ပါဘူး၊ အဆင္ေျပပါတယ္လို႕ေျပေနတာမ်ိဳးေပါ့။

အစားေတြအမ်ားၾကီးစားတယ္

စိတ္ထဲမွာျပင္းထန္တဲ့ ခံစားခ်က္တစ္ခုျဖစ္လာရင္ နဂိုထက္ အစားပိုစားတတ္တဲ့သူေတြလည္းရွိပါတယ္။ အဲ့လိုအခ်ိန္မွာ အရသာရွိလြန္းလို႕စားတာမ်ိဳးမဟုတ္ဘဲ၊ ဒီအတုိင္းပဲ စားေနရရင္ခံစားေနရတာေတြေမ့သြားလို႕စားေနတာမ်ိဳးပါ။ ကိုယ့္ဘာကိုယ္ေတာင္ ဘယ္ေလာက္စားမိလို႕ စားမိမွန္းမသိတဲ့အထိျဖစ္တတ္တာပါတယ္။

တစ္ေယာက္တည္းခြဲထြက္ေနတယ္

ကိုယ့္စိတ္ထဲမွာ တစ္ခုခုျဖစ္ေနတဲ့အခါ သူမ်ားေတြနဲ႕ စကားေျပာဆိုဆက္ဆံရတာလည္းအဆင္မေျပေတာ့ပါဘူး။ ဒီေတာ့ ကိုယ္တစ္ေယာက္တည္း ခြဲထြက္ေနဖို႕ၾကိဳးစားလာၾကပါတယ္။ ကိုယ္အဆင္မေျပျဖစ္ေနတာကို လူေတြရိပ္မိသြားမွာကို မလိုလားလို႕လည္းပါတာေပါ့။

ဟာသလုပ္တယ္

အေျခအေနတစ္ခု၊ အေၾကာင္းအရာတစ္ခုကို ရင္ဆိုင္ဖို႕ ခက္ခဲလြန္းလာရင္ ဟာသလုပ္တတ္ၾကပါတယ္။ လူေတြေရွ႕မွာေတာ့ ေအးေအးေဆးေဆးရယ္ေနနိုင္ျပီး ကြယ္ရာေရာက္မွျပိဳလဲေနတာမ်ိဳးေပါ့။

ေရွာင္ေျပးတယ္

စိတ္ခံစားခ်က္တစ္ခုျဖစ္လာတယ္၊ ဒီခံစားခ်က္ျဖစ္လာတာကို ကိုယ္တိုင္မႏွစ္ျမိဳ႕ဘူး၊ သေဘာမက်ဘူးဆိုရင္ အဲ့ဒီခံစားခ်က္ကိုျဖစ္ေစတဲ့လူ၊ အေျခအေနေတြကေနေရွာင္ေျပးတတ္တယ္။

ခရက္ဒစ္ အန္တီေမ

Facebook Comments