1 96
(Unicode Version)
ပြည့်ဝ ချမ်းသာ ရေလုံငွေထုပ် ယတြာ
မိမိဟာ ရသလောက်ငွေတွေ ပြန်ကုန်နေတယ် လာဘ်ပိတ်ပြီး အရောင်းအဝယ် ပါးနေတယ်ဆိုလျင် ဒီအစီအရင် ယတြာလေးလုပ်ပါ။
ငွေ ၅၀ တန် သို့မဟုတ် ၅၀၀ တန် သို့မဟုတ် ၅ ထောင်ကျပ်တန်ကို ခေါက်ပါ ပလတ်စတစ်အိပ်သန့်ထဲထည့်ပြီး ပိတ်ပါ။ နောက်ထပ် ပလတ်စတစ်အိပ်ထဲကို ထည့်ပြီး ရေအနည်းငယ်ဖြည့်ပါ။ အိပ်ကို သားရေကွင်းနဲ့ စည်းပါ။
စတင်ပြုလုပ်ရမည့်အချိန် နံနက် ၅ နာရီ ၄၅ မိနစ်
ဒီငွေအိပ်လေးကို မိမိငွေတွေထားတဲ့ ငွေသေတ္တာထဲ သို့မဟုတ် ဆိုင်ကောင်တာတွေပေါ်မှာ ထားပါ။ရေကိုတော့ တစ်ပတ်တစ်ခါလောက်လဲပေးပါ။ လက်တွေ့သင့်အတွက် အကျိူးပေးပါလိမ့်မည်။
ဒေါ်သဇင်ထွန်း ဗေဒင်နှင့် ယတြာ
Facebook Comments