1 108

ကံအရမ္းနိမ့္လို႔ ဘာလုပ္လုပ္အဆင္မေျပတာ ၾကဳံရတဲ့အခါ ဒီလိုလုပ္ပါ

ျမန္မာ့႐ိုးရာနည္းစစ္စစ္ ျဖစ္ၿပီးေတာ့ ဆရာစဥ္ဆက္ က်င့္သုံးခဲ့တဲ့ အစြမ္းထက္ယၾတာႀကီးျဖစ္ပါတယ္။ ကံဇာတာၿဂိဳလ္စီးလို႔ ကံဆိုးမိုးေမွာင္က်ေနတဲ့ သူေတြအတြက္ အေကာင္းဆုံး အလြယ္အကူဆုံးနဲ႔ အထက္ျမက္ဆုံး သမားစဥ္ယၾတာေကာင္းတစ္ခု ျဖစ္တယ္ဆိုတာကေတာ့ မျငင္းႏိုင္ပါဘူး။

စီးပြားေရးမွာ ေဒဝါလီခံထားရၿပီး ခ်ဴးတစ္ျပားမွမ႐ွိ ခြၽတ္ျခဳံက်ေနတဲ့အခါ။ လူမႈေရးမွာ မိတ္ေဆြေတြအထင္အျမင္လြဲ ခိုက္ရန္ျဖစ္ စကားေတြမ်ား ကိုယ္ဘယ္ေလာက္အေကာင္းလုပ္လုပ္ အေကာင္းျမင္မခံရပဲ ကိုယ္တစ္ေယာက္ထဲလို ခံစားအထီးက်န္ေနရတဲ့အခါ။

က်မ္းမာေရးမွာ ေသလုေအာင္ေရာဂါသည္း ေဝဒနာေတြ ခံစားေနရတဲ့အခ်ိန္ ဒီကိုယ္ထားကိုယ္စားယၾတာကို လုပ္ေပးဖို႔အၾကံေပးခ်င္ပါတယ္။

ယၾတာျပဳလုပ္နည္း

လုပ္မယ္ဆိုရင္ ကာယကံ႐ွင္ရဲ႕ နံသင့္ အသားသစ္ကိုင္းတစ္ကိုင္းကို ကာယကံ႐ွင္ရဲ႕ အရပ္နဲ႔တိုင္းျဖတ္ပါ။

နႏြင္း(စႏြင္း) အရည္လိမ္းပါ။

ကာယကံ႐ွင္ရဲ႕ ဆံပင္ကိုျဖစ္ၿပီး သစ္ရဲ႕အဖ်ားမွာခ်ည္ပါ။

ကာယကံ႐ွင္ရဲ႕ လက္သည္းကိုညႇပ္ၿပီး သစ္ရဲ႕အလယ္မွာခ်ည္ပါ။

ကာယကံ႐ွင္ရဲ႕ ေျခသည္းကိုညႇပ္ၿပီး သစ္အရင္းမွာခ်ည္ပါ။

ခ်ည္တဲ့အခါမွာ ကာယကံ႐ွင္ရဲ႕ အဝတ္အစားရဲ႕ အဝတ္စနဲ႔ ေျခသည္းတစ္ထုတ္ လက္သည္းတစ္ထုတ္ ဆံပင္တစ္ထုတ္ ထုတ္ၿပီးမွ ခ်ည္ရပါမယ္။

ခ်ည္ၿပီးတာနဲ႔ ကံယကံ႐ွင္နဲ႔အတူ တစ္အိပ္ယာထဲမွာ တစ္ညသိပ္ေပးပါ။

ေနာက္ေန႔ ေနမြန္းမတည့္ခင္ သက္ဆိုင္ရာအရပ္ ေရစပ္တစ္ခုမွာ သြားေရာက္စြန္႔ပစ္ေပးပါ။

သြားပစ္တာကေတာ့ ဘယ္သူမဆို သြားပစ္ေပးလို႔ ရပါတယ္။

သြားပစ္တဲ့အခါမွာ ဘာေန႔သား နာမည္ေမာင္ဘယ္သူဦးဘယ္သူရဲ႕ ဘာေန႔သမီး မဘယ္သူေဒၚဘယ္သူရဲ႕ မေကာင္းတဲ့အညံ့ မေကာင္းတဲ့ကံ ခံစားေနရတဲ့ ေရာဂါေဝဒနာ စိတ္ဆင္းရဲကိုယ္ဆင္းရဲမွန္သမ်ွ ေပ်ာက္ကင္းခ်မ္းပါပါေစလို႔ ဆုေတာင္းေပးရပါမယ္။

ျပဳလုပ္ရမယ့္ ေနရာကေတာ့ ကာယကံ႐ွင္ရဲ႕ ဘုမၼိအရပ္ပါ။ ေဗဒင္ေဝါဟာရနဲ႔ မနီးစပ္တဲ့သူေတြ နားမလည္တဲ့သူမ်ားအတြက္ ဘုမၼိအရပ္ကို ေျပာပျေပးပါမယ္။

တနဂၤေႏြ သားသမီးမ်ားအတြက္ ဘုမၼိအရပ္သည္ အိမ္ေတာင္ဘက္

တနလၤာ သားသမီးမ်ားအတြက္ ဘုမၼိအရပ္သည္ အိမ္အေနာက္ေတာင္အရပ္

အဂၤါ သားသမီးမ်ားအတြက္ ဘုမၼိအရပ္သည္ အိမ္အေနာက္အရပ္

ဗုဒၶဟူး သားသမီးမ်ားအတြက္ ဘုမၼိအရပ္သည္ အိမ္အေနာက္ေျမာက္အရပ္

ၾကာသာပေတး သားသမီးမ်ားအတြက္ ဘုမၼိအရပ္သည္ အိမ္အေ႐ွ႕ေျမာက္အရပ္

ေသာၾကာ သားသမီးမ်ားအတြက္ ဘုမၼိအရပ္သည္ အိမ္အေ႐ွ႕ေတာင္အပ္

စေန သားသမီးမ်ားအတြက္ ဘုမၼိအရပ္သည္ အိမ္ေျမာက္အရပ္

ရာဟု သားသမီးမ်ားအတြက္ ဘုမၼိအရပ္သည္ အိမ္အေ႐ွ႕အရပ္

အရပ္မ်က္ႏွာယူရာမွာ ေနထြက္ရာအေ႐ွ႕ ေနဝင္ရာအေနာက္ စသျဖင့္သာ အရပ္ကိုယူရပါမည္။ အိမ္ရဲ႕ ေနာက္ေဖး မ်က္ႏွာစာျပဳရာအရပ္ႏွင့္ ယူလို႔မရပါ မသက္ဆိုင္ပါ သတိျပဳေပးၾကပါ။

၇ရက္သားသမီးမ်ား အဆိုးမ်ားေပ်ာက္၍ အေကာင္းမ်ားေရာက္ၾကပါေစ

ခရက္ဒစ္ မူရင္းဆရာအား ေလးစားလွ်က္

Unicode

ကံအရမ်းနိမ့်လို့ ဘာလုပ်လုပ်အဆင်မပြေတာ ကြုံရတဲ့အခါ ဒီလိုလုပ်ပါ

မြန်မာ့ရိုးရာနည်းစစ်စစ် ဖြစ်ပြီးတော့ ဆရာစဉ်ဆက် ကျင့်သုံးခဲ့တဲ့ အစွမ်းထက်ယတြာကြီးဖြစ်ပါတယ်။ ကံဇာတာဂြိုလ်စီးလို့ ကံဆိုးမိုးမှောင်ကျနေတဲ့ သူတွေအတွက် အကောင်းဆုံး အလွယ်အကူဆုံးနဲ့ အထက်မြက်ဆုံး သမားစဉ်ယတြာကောင်းတစ်ခု ဖြစ်တယ်ဆိုတာကတော့ မငြင်းနိုင်ပါဘူး။

စီးပွားရေးမှာ ဒေဝါလီခံထားရပြီး ချူးတစ်ပြားမှမရှိ ချွတ်ခြုံကျနေတဲ့အခါ။ လူမှုရေးမှာ မိတ်ဆွေတွေအထင်အမြင်လွဲ ခိုက်ရန်ဖြစ် စကားတွေများ ကိုယ်ဘယ်လောက်အကောင်းလုပ်လုပ် အကောင်းမြင်မခံရပဲ ကိုယ်တစ်ယောက်ထဲလို ခံစားအထီးကျန်နေရတဲ့အခါ။

ကျမ်းမာရေးမှာ သေလုအောင်ရောဂါသည်း ဝေဒနာတွေ ခံစားနေရတဲ့အချိန် ဒီကိုယ်ထားကိုယ်စားယတြာကို လုပ်ပေးဖို့အကြံပေးချင်ပါတယ်။

ယတြာပြုလုပ်နည်း

လုပ်မယ်ဆိုရင် ကာယကံရှင်ရဲ့ နံသင့် အသားသစ်ကိုင်းတစ်ကိုင်းကို ကာယကံရှင်ရဲ့ အရပ်နဲ့တိုင်းဖြတ်ပါ။

နနွင်း(စနွင်း) အရည်လိမ်းပါ။

ကာယကံရှင်ရဲ့ ဆံပင်ကိုဖြစ်ပြီး သစ်ရဲ့အဖျားမှာချည်ပါ။

ကာယကံရှင်ရဲ့ လက်သည်းကိုညှပ်ပြီး သစ်ရဲ့အလယ်မှာချည်ပါ။

ကာယကံရှင်ရဲ့ ခြေသည်းကိုညှပ်ပြီး သစ်အရင်းမှာချည်ပါ။

ချည်တဲ့အခါမှာ ကာယကံရှင်ရဲ့ အဝတ်အစားရဲ့ အဝတ်စနဲ့ ခြေသည်းတစ်ထုတ် လက်သည်းတစ်ထုတ် ဆံပင်တစ်ထုတ် ထုတ်ပြီးမှ ချည်ရပါမယ်။

ချည်ပြီးတာနဲ့ ကံယကံရှင်နဲ့အတူ တစ်အိပ်ယာထဲမှာ တစ်ညသိပ်ပေးပါ။

နောက်နေ့ နေမွန်းမတည့်ခင် သက်ဆိုင်ရာအရပ် ရေစပ်တစ်ခုမှာ သွားရောက်စွန့်ပစ်ပေးပါ။

သွားပစ်တာကတော့ ဘယ်သူမဆို သွားပစ်ပေးလို့ ရပါတယ်။

သွားပစ်တဲ့အခါမှာ ဘာနေ့သား နာမည်မောင်ဘယ်သူဦးဘယ်သူရဲ့ ဘာနေ့သမီး မဘယ်သူဒေါ်ဘယ်သူရဲ့ မကောင်းတဲ့အညံ့ မကောင်းတဲ့ကံ ခံစားနေရတဲ့ ရောဂါဝေဒနာ စိတ်ဆင်းရဲကိုယ်ဆင်းရဲမှန်သမျှ ပျောက်ကင်းချမ်းပါပါစေလို့ ဆုတောင်းပေးရပါမယ်။

ပြုလုပ်ရမယ့် နေရာကတော့ ကာယကံရှင်ရဲ့ ဘုမ္မိအရပ်ပါ။ ဗေဒင်ဝေါဟာရနဲ့ မနီးစပ်တဲ့သူတွေ နားမလည်တဲ့သူများအတွက် ဘုမ္မိအရပ်ကို ပြောပြပေးပါမယ်။

တနင်္ဂနွေ သားသမီးများအတွက် ဘုမ္မိအရပ်သည် အိမ်တောင်ဘက်

တနင်္လာ သားသမီးများအတွက် ဘုမ္မိအရပ်သည် အိမ်အနောက်တောင်အရပ်

အင်္ဂါ သားသမီးများအတွက် ဘုမ္မိအရပ်သည် အိမ်အနောက်အရပ်

ဗုဒ္ဓဟူး သားသမီးများအတွက် ဘုမ္မိအရပ်သည် အိမ်အနောက်မြောက်အရပ်

ကြာသာပတေး သားသမီးများအတွက် ဘုမ္မိအရပ်သည် အိမ်အရှေ့မြောက်အရပ်

သောကြာ သားသမီးများအတွက် ဘုမ္မိအရပ်သည် အိမ်အရှေ့တောင်အပ်

စနေ သားသမီးများအတွက် ဘုမ္မိအရပ်သည် အိမ်မြောက်အရပ်

ရာဟု သားသမီးများအတွက် ဘုမ္မိအရပ်သည် အိမ်အရှေ့အရပ်

အရပ်မျက်နှာယူရာမှာ နေထွက်ရာအရှေ့ နေဝင်ရာအနောက် စသဖြင့်သာ အရပ်ကိုယူရပါမည်။ အိမ်ရဲ့ နောက်ဖေး မျက်နှာစာပြုရာအရပ်နှင့် ယူလို့မရပါ မသက်ဆိုင်ပါ သတိပြုပေးကြပါ။

ရရက်သားသမီးများ အဆိုးများပျောက်၍ အကောင်းများရောက်ကြပါစေ

ခရက်ဒစ် မူရင်းဆရာအား လေးစားလျှက်