1 80

ညညအိပ္မေပ်ာ္တဲ့သူေတြ၊ မိုးလင္းခါနီးမွ အိပ္လို႔ရသူေတြ သိထားသင့္တဲ့အခ်က္ေတြ

ညဘက္ အိပ္ေတာ့မယ္ဆိုၿပီး အိပ္ယာထဲေရာက္ခါမွ ဟိုလွိမ့္ဒီလွိမ့္နဲ႔တစ္နာရီေလာက္ အိပ္မရပဲ မိုးလင္းခါနီးမွာ အိပ္ေပ်ာ္သြားတတ္တဲ့သူေတြ၊ ဘာေဆးေသာက္ေသာက္အိပ္မေပ်ာ္နိုင္ပဲ အိပ္ေရးပ်က္တဲ့ညေတြေၾကာင့္ စိတ္ပ်က္ေနသူတစ္ခ်ိဳ႕အတြက္ ရည္ရြယ္ပါတယ္။

ကၽြန္ေတာ့္ကိုတစ္ခ်ိဳ႕ကေျပာမွာေပါ့။ ဒါဟာ က်န္းမာေရးေၾကာင့္၊ ဇီဝနာရီမမွန္တာေၾကာင့္၊ ေန႔ခင္းဘက္စိတ္ဖိစီးမႈေတြမ်ားလြန္းတာေၾကာင့္ လို႔ေျပာၾကလိမ့္မယ္။ မွန္သင့္သေလာက္ေတာ့မွန္ပါတယ္။ ဒါေပမယ့္ တစ္ခ်ိဳ႕အရာေတြက်ေတာ့ ကၽြန္ေတာ္တို႔သိနိုင္တဲ့ နယ္ပယ္ရဲ့အလြန္ကိုေရာက္သြားတတ္တယ္။ အဲ့ဒီအခါမွာ ဘာေၾကာင့္ရယ္လို႔မသိပါပဲ စိတ္ထဲမွာ ဒြိဟ ေတြမ်ားလာတတ္တယ္။

( ၁ ) အခန္းနဲ႔အိပ္သူေတြအတြက္

အခန္းထဲမွာ တစ္ေယာက္တည္းအိပ္တတ္သူေတြအေနနဲ႔ အိပ္မေပ်ာ္ျခင္းျဖစ္စဥ္စလာတဲ့အခါ၊ ဘာအေၾကာင္းေၾကာင့္မွန္း ေရေရရာရာမသိပါပဲ အိပ္မေပ်ာ္တဲ့ညေတြမ်ားလာတဲ့အခါ အခန္းကို ေသေသခ်ာခ်ာစစ္ေဆးဖို႔လိုလာပါၿပီ။ အခန္းထဲမွာ မီးေတြထြန္းထားပါရဲ့ အလင္းေရာင္ရသင့္သေလာက္မရဘူးလို႔စိတ္ထဲမွာထင္ေနတဲ့အခါ၊ အဲယားကြန္းလည္းတပ္မထားပဲ အခန္းအပူခ်ိန္က လိုတာထက္ပိုၿပီး ေအးစိမ့္စိမ့္ျဖစ္ေနတဲ့အခါ၊ သက္ရွိသတၱဝါတစ္ေကာင္ေကာင္ ( ဥပမာ ေခြးေလး၊ ေၾကာင္ေလး ) အခန္းထဲေရာက္ရင္ ဂနာမၿငိမ္ပဲ တစ္မိနစ္ထက္ပိုမေနၾကတာ၊ အခန္းထဲမွာ အလွထိုးထားတဲ့ ပန္းေတြ ခဏေလးနဲ႔ညႇိုးသြားတဲ့အခါ၊ အခန္းထဲမွာ ကိုယ့္အျပင္ေနာက္ထပ္တစ္ေယာက္ေယာက္ရွိေနတယ္လို႔ခံစားမိတဲ့အခါ၊ အလိုလိုေနရင္း ( goosebump ) ၾကက္သီးထတတ္တဲ့အခါ အခန္းကိုေသေသခ်ာခ်ာစစ္ေဆးဖို႔လိုေနပါၿပီ။ သင္အိပ္လို႔မရတဲ့အေၾကာင္းက သင္မဖိတ္ေခၚထားတဲ့ဧည့္သည္တစ္ေယာက္ေယာက္ေၾကာင့္ျဖစ္နိုင္တယ္။

( ၂ ) တစ္ေယာက္ေယာက္နဲ႔အိပ္သူေတြအတြက္

ကိုယ့္ေဘးနားမွာ တစ္ေယာက္ေယာက္ရွိေနပါရဲ့ အိပ္မေပ်ာ္တာမ်ိဳး၊ တစ္ေယာက္ေယာက္ေစာင့္ၾကည့္မႈေအာက္ေရာက္ေနတယ္လို႔ခံစားမိတာမ်ိဳး၊ ေခါင္းရင္းမွာ တစ္ေယာက္ေယာက္က ကိုယ့္ကိုငုံ႔ၾကည့္ေနတယ္လို႔ခံစားေနရတာမ်ိဳး၊ မျမင္နိုင္တဲ့အရာတစ္ခုခုက အိပ္ေပ်ာ္ခါနီးတိုင္းကိုယ့္ကိုထိကိုင္ေနတယ္လို႔ခံစားရတာမ်ိဳး၊ အိပ္ေပ်ာ္ခါနီးတိုင္း နားထဲမွာ ပုံမွန္မဟုတ္တဲ့အသံေတြၾကားရၿပီး ျပန္နိုးလာတာမ်ိဳး၊ ျခင္ေထာင္မ်က္ႏွာက်က္မွာ တစ္ခုခုပ်ံဝဲေနတယ္လို႔ခံစားေနရတာမ်ိဳး ျဖစ္ေနတယ္ဆိုရင္ အိပ္တဲ့ေနရာ နဲ႔ အိမ္ ကို ျပန္စစ္ေဆးဖို႔အခ်ိန္ပါပဲ။ မေကာင္းတဲ့ အေငြ႕အသက္တစ္ခုခုက စတင္လႊမ္းျခဳံေနတာ ဒါမွမဟုတ္ အျမစ္တြယ္စ ျပဳေနတဲ့အခ်ိန္ျဖစ္တယ္လို႔ဆိုလိုပါတယ္။

ဘာေၾကာင့္ျဖစ္ရသလဲ ?

အိပ္မေပ်ာ္ရတဲ့ေရာဂါ ( insomnia ) ဆိုတာ အေၾကာင္းရင္းအမ်ိဳးမ်ိဳးရွိပါတယ္။ ေန႔ခင္းဖက္စိတ္ဖိစီးမႈေတြမ်ားလြန္းတာ၊ စိတ္က်ေရာဂါ နဲ႔ ပတ္သက္တဲ့ေဆးေတြေသာက္ရင္း ေဆးယဥ္ၿပီး အိပ္မေပ်ာ္ေတာ့တာ၊ ဇီဝနာရီပ်က္ယြင္းတာ၊ အိပ္ခါနီး ကိုယ္လက္လႈပ္ရွား ျပင္းျပင္းထန္ထန္လုပ္မိတာ၊ အိပ္ေပ်ာ္ျခင္းကိုျဖစ္ေစတဲ့ serotonin ဓာတ္ထြက္ရွိမႈကိုတားဆီးတဲ့ အစားအေသာက္ေတြစားမိတာ ( ဥပမာ ေကာ္ဖီ၊ ကဖိန္းဓာတ္ပါတဲ့ေဖ်ာ္ရည္ေတြ၊ လက္ဖက္ရည္၊ လက္ဖက္ ) ဒါေတြဟာ အိပ္မေပ်ာ္ရျခင္းအေၾကာင္းအရင္းေတြပါ။ ဒါေပမယ့္ စာဖတ္သူက ဒီလိုမ်ိဳးေတြထဲက တစ္ခုမွမၿငိသလို အရင္တုန္းက အိပ္ေပ်ာ္ၿပီး အခုက်မွ ခ်က္ျခင္းႀကီး အိပ္လို႔မရတာမ်ိဳးဆိုရင္ေတာ့ ျဖစ္နိုင္တာေတြအမ်ားႀကီးရွိတယ္။

ကိုယ့္အိမ္က အသစ္လား .. အသစ္ဆိုရင္ ဒီအိမ္နဲ႔ပတ္သက္ၿပီး မေကာင္းသတင္းရွိလား ( မေတာ္တဆလူေသဆုံးဖူးလား )၊ အိမ္ကိုအဝင္အထြက္လုပ္ေနတဲ့မိသားစုဝင္မဟုတ္သူေတြရွိလား၊ အိမ္ကို တျခားက ပစၥည္းတစ္ခုခုအမွတ္တမဲ့သယ္လာဖူးလား ? အဲဒီလိုတစ္ခုခုလုပ္ဖူးတယ္ဆိုရင္ အိပ္မေပ်ာ္ရတဲ့ အေၾကာင္းထဲက တစ္ခ်က္ျဖစ္ဖို႔မ်ားပါတယ္။

အိပ္မေပ်ာ္ရတဲ့အေၾကာင္းအရာနဲ႔ပတ္သက္ၿပီး ဒ႑ာရီတစ္ပုဒ္ရွိတယ္။ ႐ုရွားျပည္မွာ ေနာက္ဆုံးဇာဘုရင္မ်ိဳးဆက္ ထီးနန္းစိုးစံခ်ိန္မွာ ဇာဘုရင္က ညညအိပ္မေပ်ာ္တဲ့ေဝဒနာျဖစ္တယ္။ ဘာေၾကာင့္မွန္းမသိ ညေရာက္ၿပီဆိုတာနဲ႔ ေၾကာက္စိတ္ေတြမတရားျဖစ္တယ္၊ တစ္ခုခုက သူ႔အနားရစ္ဝဲေနသလိုခံစားရသတဲ့။ အဲ့ဒါနဲ႔ နန္းတြင္းက သမားေတာ္တစ္ေယာက္အႀကံေပးမႈအရ ရပ္စ္ျပဴတင္ ( ဂရီဂိုရီ ယဖ္မင္မိုဗစ္ခ်္ ရပ္စ္ျပဴတင္ ) ဆိုသူ ေဆးဆရာတစ္ေယာက္ကို ပင့္ဖိတ္ၿပီး အစီအရင္ေတြနဲ႔လုပ္မွ အိပ္မေပ်ာ္တဲ့ေရာဂါေပ်ာက္သြားသတဲ့။

1 79

ေနာက္မွသိရတာဟာ သူ႔နန္းေတာ္ထဲမွာ ကေသာင္းကနင္းျဖစ္ေစတဲ့နတ္ဘုရားခုႏွစ္ပါး ( Ogdru Jahad – ေအာ့ဂ္ဒ႐ူဂ်ာဟတ္ ) ဆိုတဲ့ နတ္ဆိုးေတြေရာက္ေနတာျဖစ္တယ္လို႔ သိရတယ္။ တကယ္ေတာ့ ရပ္စ္ျပဴတင္ ဟာ အဲ့ဒီနတ္ဘုရားေတြကို သူကိုယ္တိုင္နန္းေတာ္ထဲ အစီအရင္နဲ႔ပင့္ဖိတ္ခဲ့တာျဖစ္ၿပီး ဘုရင့္နန္းတြင္းထဲဝင္ရေအာင္လုပ္ခဲ့တာတဲ့။

ေနာက္ပိုင္းမွာေတာ့ နန္းေတာ္ထဲက အပ်ိဳေတြ၊ ေမာင္းမေတြ၊ ေနာက္ဆုံး မိဖုရားနဲ႔ပါ ေဖာက္ျပန္မႈေတြျဖစ္ၿပီး အုပ္ခ်ဳပ္ေရးကို ဝင္ေရာက္လႊမ္းမိုးတဲ့အထိျဖစ္လာေတာ့ ဘုရင္ကိုယ္တိုင္က သတ္ပစ္ဖို႔အမိန႔္ခ်ရတယ္။မင္းမ်ိဳးမင္းႏြယ္ေတြျဖစ္ၾကတဲ့ မင္းသား ဖီးလစ္ယူဆူေပါ့ဗ္ နဲ႔ ၿမိဳ႕စား ဒီမီထရီ ပက္ဘလိုဗစ္ခ်္ တို႔က သတ္ပစ္ဖို႔ႀကံရသတဲ့။ ဆိုင္ယာနိုက္အဆိပ္ပါတဲ့ ဝိုင္အရက္၊ မုန႔္ေတြေကၽြးလည္း မေသတာမို႔ေနာက္ဆုံး မင္းသား ယူဆူေပါ့ဗ္ က ရင္အုပ္ နဲ႔ ေခါင္းတည့္တည့္ကိုေသနတ္နဲ႔ပစ္မွေသသြားခဲ့တယ္။ သူ႔အေလာင္းကိုေတာ့ မလာယာနက္ဗ္ကာ ဆိုတဲ့ျမစ္ထဲပစ္ခ်ခဲ့တယ္လို႔ဆိုတယ္။

2 19

ဒါကေတာ့ ဗဟုသုတအရေျပာတာပါ။ တကယ္လို႔ ဘာအေၾကာင္းမယ္မယ္ရရမရွိပဲ ညညအိပ္မေပ်ာ္တာေတြျဖစ္လာတယ္၊ အေပၚမွာေျပာခဲ့သလိုပဲ ခံစားေနရတယ္ဆိုရင္ေတာ့ စစ္ေဆးၿပီး ေဆာင္ရြက္သင့္တာေတြေဆာင္ရြက္သင့္တယ္လို႔ထင္ပါတယ္။

Gabriel ( ဖတ္ဖူးသိဖူးသမၽွ ျပန္လည္ေဝမၽွျခင္းျဖစ္ပါသည္။ ေခတ္ေနာက္ျပန္မဆြဲ၊ ေျခာက္လုံးလွန႔္လုံးမ်ားေပးေနျခင္းမဟုတ္ပါ။ ဗဟုသုတအျဖစ္သာ ဖတ္ၾကပါရန္ )

Unicode

ညညအိပ်မပျော်တဲ့သူတွေ၊ မိုးလင်းခါနီးမှ အိပ်လို့ရသူတွေ သိထားသင့်တဲ့အချက်တွေ

ညဘက် အိပ်တော့မယ်ဆိုပြီး အိပ်ယာထဲရောက်ခါမှ ဟိုလှိမ့်ဒီလှိမ့်နဲ့တစ်နာရီလောက် အိပ်မရပဲ မိုးလင်းခါနီးမှာ အိပ်ပျော်သွားတတ်တဲ့သူတွေ၊ ဘာဆေးသောက်သောက်အိပ်မပျော်နိုင်ပဲ အိပ်ရေးပျက်တဲ့ညတွေကြောင့် စိတ်ပျက်နေသူတစ်ချို့အတွက် ရည်ရွယ်ပါတယ်။

ကျွန်တော့်ကိုတစ်ချို့ကပြောမှာပေါ့။ ဒါဟာ ကျန်းမာရေးကြောင့်၊ ဇီဝနာရီမမှန်တာကြောင့်၊ နေ့ခင်းဘက်စိတ်ဖိစီးမှုတွေများလွန်းတာကြောင့် လို့ပြောကြလိမ့်မယ်။ မှန်သင့်သလောက်တော့မှန်ပါတယ်။ ဒါပေမယ့် တစ်ချို့အရာတွေကျတော့ ကျွန်တော်တို့သိနိုင်တဲ့ နယ်ပယ်ရဲ့အလွန်ကိုရောက်သွားတတ်တယ်။ အဲ့ဒီအခါမှာ ဘာကြောင့်ရယ်လို့မသိပါပဲ စိတ်ထဲမှာ ဒွိဟ တွေများလာတတ်တယ်။

( ၁ ) အခန်းနဲ့အိပ်သူတွေအတွက်

အခန်းထဲမှာ တစ်ယောက်တည်းအိပ်တတ်သူတွေအနေနဲ့ အိပ်မပျော်ခြင်းဖြစ်စဉ်စလာတဲ့အခါ၊ ဘာအကြောင်းကြောင့်မှန်း ရေရေရာရာမသိပါပဲ အိပ်မပျော်တဲ့ညတွေများလာတဲ့အခါ အခန်းကို သေသေချာချာစစ်ဆေးဖို့လိုလာပါပြီ။ အခန်းထဲမှာ မီးတွေထွန်းထားပါရဲ့ အလင်းရောင်ရသင့်သလောက်မရဘူးလို့စိတ်ထဲမှာထင်နေတဲ့အခါ၊ အဲယားကွန်းလည်းတပ်မထားပဲ အခန်းအပူချိန်က လိုတာထက်ပိုပြီး အေးစိမ့်စိမ့်ဖြစ်နေတဲ့အခါ၊ သက်ရှိသတ္တဝါတစ်ကောင်ကောင် ( ဥပမာ ခွေးလေး၊ ကြောင်လေး ) အခန်းထဲရောက်ရင် ဂနာမငြိမ်ပဲ တစ်မိနစ်ထက်ပိုမနေကြတာ၊ အခန်းထဲမှာ အလှထိုးထားတဲ့ ပန်းတွေ ခဏလေးနဲ့ညှိုးသွားတဲ့အခါ၊ အခန်းထဲမှာ ကိုယ့်အပြင်နောက်ထပ်တစ်ယောက်ယောက်ရှိနေတယ်လို့ခံစားမိတဲ့အခါ၊ အလိုလိုနေရင်း ( goosebump ) ကြက်သီးထတတ်တဲ့အခါ အခန်းကိုသေသေချာချာစစ်ဆေးဖို့လိုနေပါပြီ။ သင်အိပ်လို့မရတဲ့အကြောင်းက သင်မဖိတ်ခေါ်ထားတဲ့ဧည့်သည်တစ်ယောက်ယောက်ကြောင့်ဖြစ်နိုင်တယ်။

( ၂ ) တစ်ယောက်ယောက်နဲ့အိပ်သူတွေအတွက်

ကိုယ့်ဘေးနားမှာ တစ်ယောက်ယောက်ရှိနေပါရဲ့ အိပ်မပျော်တာမျိုး၊ တစ်ယောက်ယောက်စောင့်ကြည့်မှုအောက်ရောက်နေတယ်လို့ခံစားမိတာမျိုး၊ ခေါင်းရင်းမှာ တစ်ယောက်ယောက်က ကိုယ့်ကိုငုံ့ကြည့်နေတယ်လို့ခံစားနေရတာမျိုး၊ မမြင်နိုင်တဲ့အရာတစ်ခုခုက အိပ်ပျော်ခါနီးတိုင်းကိုယ့်ကိုထိကိုင်နေတယ်လို့ခံစားရတာမျိုး၊ အိပ်ပျော်ခါနီးတိုင်း နားထဲမှာ ပုံမှန်မဟုတ်တဲ့အသံတွေကြားရပြီး ပြန်နိုးလာတာမျိုး၊ ခြင်ထောင်မျက်နှာကျက်မှာ တစ်ခုခုပျံဝဲနေတယ်လို့ခံစားနေရတာမျိုး ဖြစ်နေတယ်ဆိုရင် အိပ်တဲ့နေရာ နဲ့ အိမ် ကို ပြန်စစ်ဆေးဖို့အချိန်ပါပဲ။ မကောင်းတဲ့ အငွေ့အသက်တစ်ခုခုက စတင်လွှမ်းခြုံနေတာ ဒါမှမဟုတ် အမြစ်တွယ်စ ပြုနေတဲ့အချိန်ဖြစ်တယ်လို့ဆိုလိုပါတယ်။

ဘာကြောင့်ဖြစ်ရသလဲ ?

အိပ်မပျော်ရတဲ့ရောဂါ ( insomnia ) ဆိုတာ အကြောင်းရင်းအမျိုးမျိုးရှိပါတယ်။ နေ့ခင်းဖက်စိတ်ဖိစီးမှုတွေများလွန်းတာ၊ စိတ်ကျရောဂါ နဲ့ ပတ်သက်တဲ့ဆေးတွေသောက်ရင်း ဆေးယဉ်ပြီး အိပ်မပျော်တော့တာ၊ ဇီဝနာရီပျက်ယွင်းတာ၊ အိပ်ခါနီး ကိုယ်လက်လှုပ်ရှား ပြင်းပြင်းထန်ထန်လုပ်မိတာ၊ အိပ်ပျော်ခြင်းကိုဖြစ်စေတဲ့ serotonin ဓာတ်ထွက်ရှိမှုကိုတားဆီးတဲ့ အစားအသောက်တွေစားမိတာ ( ဥပမာ ကော်ဖီ၊ ကဖိန်းဓာတ်ပါတဲ့ဖျော်ရည်တွေ၊ လက်ဖက်ရည်၊ လက်ဖက် ) ဒါတွေဟာ အိပ်မပျော်ရခြင်းအကြောင်းအရင်းတွေပါ။ ဒါပေမယ့် စာဖတ်သူက ဒီလိုမျိုးတွေထဲက တစ်ခုမှမငြိသလို အရင်တုန်းက အိပ်ပျော်ပြီး အခုကျမှ ချက်ခြင်းကြီး အိပ်လို့မရတာမျိုးဆိုရင်တော့ ဖြစ်နိုင်တာတွေအများကြီးရှိတယ်။

ကိုယ့်အိမ်က အသစ်လား .. အသစ်ဆိုရင် ဒီအိမ်နဲ့ပတ်သက်ပြီး မကောင်းသတင်းရှိလား ( မတော်တဆလူသေဆုံးဖူးလား )၊ အိမ်ကိုအဝင်အထွက်လုပ်နေတဲ့မိသားစုဝင်မဟုတ်သူတွေရှိလား၊ အိမ်ကို တခြားက ပစ္စည်းတစ်ခုခုအမှတ်တမဲ့သယ်လာဖူးလား ? အဲဒီလိုတစ်ခုခုလုပ်ဖူးတယ်ဆိုရင် အိပ်မပျော်ရတဲ့ အကြောင်းထဲက တစ်ချက်ဖြစ်ဖို့များပါတယ်။

အိပ်မပျော်ရတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီး ဒဏ္ဍာရီတစ်ပုဒ်ရှိတယ်။ ရုရှားပြည်မှာ နောက်ဆုံးဇာဘုရင်မျိုးဆက် ထီးနန်းစိုးစံချိန်မှာ ဇာဘုရင်က ညညအိပ်မပျော်တဲ့ဝေဒနာဖြစ်တယ်။ ဘာကြောင့်မှန်းမသိ ညရောက်ပြီဆိုတာနဲ့ ကြောက်စိတ်တွေမတရားဖြစ်တယ်၊ တစ်ခုခုက သူ့အနားရစ်ဝဲနေသလိုခံစားရသတဲ့။ အဲ့ဒါနဲ့ နန်းတွင်းက သမားတော်တစ်ယောက်အကြံပေးမှုအရ ရပ်စ်ပြူတင် ( ဂရီဂိုရီ ယဖ်မင်မိုဗစ်ချ် ရပ်စ်ပြူတင် ) ဆိုသူ ဆေးဆရာတစ်ယောက်ကို ပင့်ဖိတ်ပြီး အစီအရင်တွေနဲ့လုပ်မှ အိပ်မပျော်တဲ့ရောဂါပျောက်သွားသတဲ့။

နောက်မှသိရတာဟာ သူ့နန်းတော်ထဲမှာ ကသောင်းကနင်းဖြစ်စေတဲ့နတ်ဘုရားခုနှစ်ပါး ( Ogdru Jahad – အော့ဂ်ဒရူဂျာဟတ် ) ဆိုတဲ့ နတ်ဆိုးတွေရောက်နေတာဖြစ်တယ်လို့ သိရတယ်။ တကယ်တော့ ရပ်စ်ပြူတင် ဟာ အဲ့ဒီနတ်ဘုရားတွေကို သူကိုယ်တိုင်နန်းတော်ထဲ အစီအရင်နဲ့ပင့်ဖိတ်ခဲ့တာဖြစ်ပြီး ဘုရင့်နန်းတွင်းထဲဝင်ရအောင်လုပ်ခဲ့တာတဲ့။ နောက်ပိုင်းမှာတော့ နန်းတော်ထဲက အပျိုတွေ၊ မောင်းမတွေ၊ နောက်ဆုံး မိဖုရားနဲ့ပါ ဖောက်ပြန်မှုတွေဖြစ်ပြီး အုပ်ချုပ်ရေးကို ဝင်ရောက်လွှမ်းမိုးတဲ့အထိဖြစ်လာတော့ ဘုရင်ကိုယ်တိုင်က သတ်ပစ်ဖို့အမိန့်ချရတယ်။မင်းမျိုးမင်းနွယ်တွေဖြစ်ကြတဲ့ မင်းသား ဖီးလစ်ယူဆူပေါ့ဗ် နဲ့ မြို့စား ဒီမီထရီ ပက်ဘလိုဗစ်ချ် တို့က သတ်ပစ်ဖို့ကြံရသတဲ့။ ဆိုင်ယာနိုက်အဆိပ်ပါတဲ့ ဝိုင်အရက်၊ မုန့်တွေကျွေးလည်း မသေတာမို့နောက်ဆုံး မင်းသား ယူဆူပေါ့ဗ် က ရင်အုပ် နဲ့ ခေါင်းတည့်တည့်ကိုသေနတ်နဲ့ပစ်မှသေသွားခဲ့တယ်။ သူ့အလောင်းကိုတော့ မလာယာနက်ဗ်ကာ ဆိုတဲ့မြစ်ထဲပစ်ချခဲ့တယ်လို့ဆိုတယ်။

ဒါကတော့ ဗဟုသုတအရပြောတာပါ။ တကယ်လို့ ဘာအကြောင်းမယ်မယ်ရရမရှိပဲ ညညအိပ်မပျော်တာတွေဖြစ်လာတယ်၊ အပေါ်မှာပြောခဲ့သလိုပဲ ခံစားနေရတယ်ဆိုရင်တော့ စစ်ဆေးပြီး ဆောင်ရွက်သင့်တာတွေဆောင်ရွက်သင့်တယ်လို့ထင်ပါတယ်။

Gabriel ( ဖတ်ဖူးသိဖူးသမျှ ပြန်လည်ဝေမျှခြင်းဖြစ်ပါသည်။ ခေတ်နောက်ပြန်မဆွဲ၊ ခြောက်လုံးလှန့်လုံးများပေးနေခြင်းမဟုတ်ပါ။ ဗဟုသုတအဖြစ်သာ ဖတ်ကြပါရန် )

Facebook Comments