1 162

စိတ္ဖိစီးမႈတိုင္းက အႏႈတ္သေဘာေဆာင္ေနတာေတာ့ မဟုတ္ပါဘူး။ တစ္ခါတေလ စိတ္ဖိစီးမႈ အနည္းငယ္ရွိျခင္းက လူတစ္ေယာက္ကုိ တိုးတက္လာေစပါတယ္။ ဒါေပမယ့္ ဒီအခ်က္ေတြကိုသာ ၾကံဳေတြ႔ေနရျပီဆိုရင္ သင္ဟာ သင့္ခႏၶာကိုယ္က မခံႏိုင္ေလာက္ေအာင္ စိတ္ဖိစီးမႈမ်ား ေနတာျဖစ္ျပီး သင့္စိတ္ကုိ အနားေပးဖုိ႔ လိုအပ္ေနျပီဆိုတာ သိထားပါေနာ္။

(၁) အိပ္ခ်ိန္ေတြေျပာင္းသြားတယ္

တကယ္လို႔ သင့္ရဲ႕အိပ္ခ်ိန္ေတြ ေျပာင္းသြားတယ္၊ ညဖက္ေတြမွာ အိပ္မေပ်ာ္ဘူး (ဒါမွမဟုတ္) သာမန္ထက္ အိပ္လြန္းေနတယ္ ဆိုရင္ေတာ့ ဒါဟာ သင့္ခႏၶာကိုယ္က မခံႏိုင္ေလာက္ေအာင္ စိတ္ဖိစီးမႈေတြ အရမ္းမ်ားေနတဲ့ လကၡဏာပဲျဖစ္ပါတယ္။

(၂) စိတ္ဝင္စားမႈေလ်ာ့နညး္ေနတယ္

သင့္ရဲ႕ဝါသနာေတြျဖစ္တဲ့ စာဖတျ္ခင္း၊ သီခ်င္းဆိုျခင္း၊ ပန္းခ်ီဆြဲျခင္း စသျဖင့္ အရင္က ဝါသနာပါခဲ့တဲ့ အရာေတြကိုေတာင္ စိတ္မဝင္စားႏိုင္ဘူး၊ ဘယ္အရာမွာမဆို စိတ္ဝင္စားမႈမရွိဘူး၊ အာရံုစုစည္းလို႔ မရဘူးဆုိရင္ေတာ့ သင္ရဲ႕ ခႏၶာကိုယ္က မခံႏိုင္ေလာက္ေအာင္ စိတ္ဖိစီးမႈမ်ားေနပါတယ္။

(၃) အစားအေသာက္ပံုစံေတြ ေျပာင္းသြားတယ္

သင္ဟာ အရမး္အစားၾကီးလာမယ္၊ အခ်ိန္ျပည့္ စားပဲစားခ်င္ေနမယ္၊ ပံုမွန္စားေနက် ပမာဏေလာက္နဲ႔ မတင္းတိမ္ႏိုင္ေတာ့ဘူးဆိုရင္ေတာ့ ဒါဟာလည္း စိတ္ဖိစီးမႈ လြန္ကဲျခငး္ရဲ႕ လကၡဏာျဖစ္ပါတယ္။

(၄) ေသးေသးေလးကအစ စိတ္မရွည္ဘူး

စိတ္ဖိစီးမႈလြန္ကဲေနတဲ့ လကၡဏာတစ္ခုကေတာ့ ေသးေသးေလးေတြကအစ စိတ္မရွည္ျခင္းပါပဲ။ ဘယ္အရာကိုမဆို အေကာင္းျမင္စိတ္နညး္ျပီး ေတြ႔သမွ် ျမင္သမွ်ဟာ ေဒါသထြက္စရာ ေကာငး္ေနတယ္ဆိုရင္ေတာ့ သင္ဟာ လြန္ကဲစြာစိတ္ဖိစီးေနပါတယ္။

(၅) ျပင္ျပင္ဆင္ဆင္မေနေတာ့ဘူး

သင္ဟာ ခုရက္ပုိင္းေတြမွာ ျပင္ျပင္ဆင္ဆင္ ေနလိုစိတ္လညး္ မရွိဘူး၊ မ်က္ႏွာလည္း မလန္းသလို၊ သြက္သြက္လက္လက္ ေပါ့ေပါ့ပါးပါးလညး္ မရွိဘူးဆိုရင္ေတာ့ စိတ္ဖိစီးလြန္ေနတဲ့ လကၡဏာျဖစ္ပါတယ္။

(၆) အထီးက်န္ဆန္ေနမယ္

သင္ဟာ အထီးက်န္သလိုလုိ၊ အားငယ္သလိုလို ျဖစ္ေနမယ္၊ အေတြးေတြမ်ားျပီး စိတ္ထိခိုက္ေနတယ္ ဆိုရင္ေတာ့ ဒါဟာလည္း ခႏၶာကိုယ္က မခံႏိုင္ေလာက္တဲ့အထိ စိတ္ဖိစီးမႈမ်ားေနတဲ့ လကၡဏာပါ။

ခရက္ဒစ္ အန္တီေမ

Unicode

စိတ်ဖိစီးမှုတိုင်းက အနှုတ်သဘောဆောင်နေတာတော့ မဟုတ်ပါဘူး။ တစ်ခါတလေ စိတ်ဖိစီးမှု အနည်းငယ်ရှိခြင်းက လူတစ်ယောက်ကို တိုးတက်လာစေပါတယ်။ ဒါပေမယ့် ဒီအချက်တွေကိုသာ ကြုံတွေ့နေရပြီဆိုရင် သင်ဟာ သင့်ခန္ဓာကိုယ်က မခံနိုင်လောက်အောင် စိတ်ဖိစီးမှုများ နေတာဖြစ်ပြီး သင့်စိတ်ကို အနားပေးဖို့ လိုအပ်နေပြီဆိုတာ သိထားပါနော်။

(၁) အိပ်ချိန်တွေပြောင်းသွားတယ်

တကယ်လို့ သင့်ရဲ့အိပ်ချိန်တွေ ပြောင်းသွားတယ်၊ ညဖက်တွေမှာ အိပ်မပျော်ဘူး (ဒါမှမဟုတ်) သာမန်ထက် အိပ်လွန်းနေတယ် ဆိုရင်တော့ ဒါဟာ သင့်ခန္ဓာကိုယ်က မခံနိုင်လောက်အောင် စိတ်ဖိစီးမှုတွေ အရမ်းများနေတဲ့ လက္ခဏာပဲဖြစ်ပါတယ်။

(၂) စိတ်ဝင်စားမှုလျော့နည်းနေတယ်

သင့်ရဲ့ဝါသနာတွေဖြစ်တဲ့ စာဖြတ်ခင်း၊ သီချင်းဆိုခြင်း၊ ပန်းချီဆွဲခြင်း စသဖြင့် အရင်က ဝါသနာပါခဲ့တဲ့ အရာတွေကိုတောင် စိတ်မဝင်စားနိုင်ဘူး၊ ဘယ်အရာမှာမဆို စိတ်ဝင်စားမှုမရှိဘူး၊ အာရုံစုစည်းလို့ မရဘူးဆိုရင်တော့ သင်ရဲ့ ခန္ဓာကိုယ်က မခံနိုင်လောက်အောင် စိတ်ဖိစီးမှုများနေပါတယ်။

(၃) အစားအသောက်ပုံစံတွေ ပြောင်းသွားတယ်

သင်ဟာ အရမ်းအစားကြီးလာမယ်၊ အချိန်ပြည့် စားပဲစားချင်နေမယ်၊ ပုံမှန်စားနေကျ ပမာဏလောက်နဲ့ မတင်းတိမ်နိုင်တော့ဘူးဆိုရင်တော့ ဒါဟာလည်း စိတ်ဖိစီးမှု လွန်ကဲခြင်းရဲ့ လက္ခဏာဖြစ်ပါတယ်။

(၄) သေးသေးလေးကအစ စိတ်မရှည်ဘူး

စိတ်ဖိစီးမှုလွန်ကဲနေတဲ့ လက္ခဏာတစ်ခုကတော့ သေးသေးလေးတွေကအစ စိတ်မရှည်ခြင်းပါပဲ။ ဘယ်အရာကိုမဆို အကောင်းမြင်စိတ်နည်းပြီး တွေ့သမျှ မြင်သမျှဟာ ဒေါသထွက်စရာ ကောင်းနေတယ်ဆိုရင်တော့ သင်ဟာ လွန်ကဲစွာစိတ်ဖိစီးနေပါတယ်။

(၅) ပြင်ပြင်ဆင်ဆင်မနေတော့ဘူး

သင်ဟာ ခုရက်ပိုင်းတွေမှာ ပြင်ပြင်ဆင်ဆင် နေလိုစိတ်လည်း မရှိဘူး၊ မျက်နှာလည်း မလန်းသလို၊ သွက်သွက်လက်လက် ပေါ့ပေါ့ပါးပါးလည်း မရှိဘူးဆိုရင်တော့ စိတ်ဖိစီးလွန်နေတဲ့ လက္ခဏာဖြစ်ပါတယ်။

(၆) အထီးကျန်ဆန်နေမယ်

သင်ဟာ အထီးကျန်သလိုလို၊ အားငယ်သလိုလို ဖြစ်နေမယ်၊ အတွေးတွေများပြီး စိတ်ထိခိုက်နေတယ် ဆိုရင်တော့ ဒါဟာလည်း ခန္ဓာကိုယ်က မခံနိုင်လောက်တဲ့အထိ စိတ်ဖိစီးမှုများနေတဲ့ လက္ခဏာပါ။

ခရက်ဒစ် အန်တီမေ