1 110

ငွက္ေပ်ာသီးအခြံရဲ႕ အံမခန္း အသံုး၀င္ပံု (၇)မ်ိဳး

ကၽြန္ေတာ္တို႕ စားျပီးရင္ အမွိုက္ပုံးထဲ လႊင့္ပစ္လိုက္တဲ့ ငွက္ေပ်ာသီးအခြံက ဒီလိုလဲ အသံုး၀င္ပါေသးတယ္။ ငွက္ေပ်ာသီးအခြံက ဘယ္ေလာက္ထိေတာင္ အသုံးဝင္လဲဆိုတာ ေဖာ္ျပေပးလိုက္မယ္ေနာ္

ငွက္ေပ်ာသီးအခြံက သင့္မီးဖိုေခ်ာင္ သန႔္ရွင္းေရးအတြက္လည္း အသုံးဝင္သလို သင့္ အလွအပေရးရာအတြက္လည္း အသုံးဝင္တဲ့အရာတစ္ခုပဲျဖစ္ပါတယ္။ ငွက္ေပ်ာခြံက သင့္ရဲ့ေန႔စဥ္ဘဝအတြက္ ဘယ္လိုအသုံးဝင္သလဲဆိုတာကို ဆက္ေလ့လာၾကည့္လိုက္ရေအာင္။

(၁) ဝက္ၿခံနဲ႔ အမဲစက္မ်ားကို ေလ်ာ့ပါးသက္သာေစျခင္း

ဝက္ၿခံနဲ႔ အမဲစက္ အဖုအပိမ့္ေတြေၾကာင့္ စိတ္ညစ္ေနရၿပီလား။ ငွက္ေပ်ာသီးအခြံကို သင့္ မ်က္ႏွာအေရျပားေပၚမွာ ၅ မိနစ္၊ ၁၀ မိနစ္ခန႔္ ပြတ္တိုက္ေပးလိုက္ပါ။ ၿပီးရင္ ေရေဆးေပးလိုက္ပါ။ တစ္ရက္ကို ႏွစ္ႀကိမ္ ျပဳလုပ္ေပးမယ္ဆိုရင္ေတာ့ ဝက္ၿခံနဲ႔ အမဲစက္မ်ား ေပ်ာက္ကင္းသြားပါလိမ့္မယ္။

(၂) အေရးအေၾကာင္းမ်ားျဖစ္ေပၚျခင္းကို ေႏွာင့္ေႏွးေစျခင္း

အသက္အရြယ္ရလာလို႔ အေရးအေၾကာင္းနဲ႔ ပါးေရတြန႔္တာေတြ ျဖစ္ေပၚမွာ ေၾကာက္တယ္ဆိုရင္ ငွက္ေပ်ာသီးအခြံကို မ်က္ႏွာေပၚမွာ ပြတ္တိုက္ေပးၿပီးေနာက္ မ်က္ႏွာေပၚမွာ မိနစ္ ၃၀ ခန႔္ ကပ္ထားလိုက္ပါ။ (သို႔) အိပ္ေပ်ာ္ေနစဥ္မွာ ကပ္ထားလိုက္ပါ။ အခ်ိန္ျပည့္ပါက မ်က္ႏွာသစ္ေပးလိုက္ပါ။ တစ္ပတ္ကို သုံးႀကိမ္ ျပဳလုပ္ေပးနိုင္ပါတယ္။

(၃) ေငြထည္ပစၥည္းမ်ားကို အေရာင္ေတာက္ေျပာင္ေစျခင္း

ငွက္ေပ်ာသီးအခြံကို သစ္သီးေဖ်ာ္စက္ထဲ ထည့္လိုက္ပါ။ ေရ ဖန္ခြက္တစ္ဝက္ခန႔္ကို ေဖ်ာ္စက္ထဲ ေလာင္းထည့္လိုက္ပါ။ ရရွိလာတဲ့ အႏွစ္မ်ားကို ေငြထည္ပစၥည္းမ်ားေပၚမွာ မိနစ္ အနည္းငယ္ၾကာ ပြတ္တိုက္ေပးလိုက္ပါ။

(၄) သြားမ်ားကို ျဖဴေဖြးဝင္းပေစျခင္း

အရင္ဦးဆုံး သင့္သြားကို စင္ၾကယ္ေအာင္ ေဆးေၾကာသန႔္စင္လိုက္ပါ။ ထို႔ေနာက္ ငွက္ေပ်ာသီးအခြံရဲ့အတြင္းသားျဖင့္ သင့္သြားမ်ားကို ပြတ္တိုက္ေပးလိုက္ပါ။ ၂ မိနစ္ခန႔္ၾကာေအာင္ ပြတ္တိုက္ေပးၿပီးမွ ပလုတ္က်င္းေပးလိုက္ပါ။ ေန႔စဥ္ျပဳလုပ္ေပးမယ္ဆိုရင္ေတာ့ သြားမ်ား ျဖဴေဖြးသန႔္စင္သြားမွာပဲျဖစ္ပါတယ္။

(၅) အမာရြတ္မ်ားကို သက္သာေစျခင္း

ငွက္ေပ်ာသီးအခြံကို အမာရြတ္ေပၚတြင္ ပြတ္တိုက္ေပးလိုက္ပါ။ ပြတ္တိုက္ၿပီးပါက ထိုငွက္ေပ်ာသီးအခြံကို အမာရြတ္ေပၚတြင္ တစ္နာရီခန႔္ ၾကာသည္အထိ အုပ္ထားေပးလိုက္ပါ (သို႔) တစ္ညလုံးအုပ္ထားလည္း ရပါတယ္။ ေန႔စဥ္ေန႔တိုင္း ျပဳလုပ္ေပးရပါမယ္။

(၆) ေျမၾသဇာအျဖစ္ အသုံးျပဳနိုင္ျခင္း

ငွက္ေပ်ာသီးအခြံမ်ားကို အရြယ္အစား ေသးေသးေလးျဖစ္သြားေအာင္ လွီးျဖတ္ေပးလိုက္ပါ။ ထို႔ေနာက္ မိမိစိုက္ပ်ိဳးမယ့္အပင္ရဲ့အျမစ္နားမွာ ကပ္ၿပီး ေျမျမႇုပ္လိုက္ပါ။ သစ္ပင္စိုက္ၿပီးတာနဲ႔ ေရ ခ်က္ခ်င္းေလာင္းေပးရပါမယ္။

(၇) ေခါင္းကိုက္ျခင္းေဝဒနာကို ကုသေပးနိုင္ျခင္း

မခံမရပ္နိုင္ေအာင္ ေခါင္းကိုက္လာၿပီဆိုရင္ေတာ့ ဒီနည္းလမ္းေလးကို အသုံးျပဳေပးလိုက္ပါ။ အရင္ဦးဆုံး ငွက္ေပ်ာသီးအခြံကို ေရခဲေသတၱာထဲမွာ တစ္နာရီခန႔္ ထည့္ၿပီး အေအးခံလိုက္ပါ။ ငွက္ေပ်ာသီးအခြံတစ္ေျမာင္းကို နဖူးေပၚ တင္ထားၿပီး က်န္တစ္ေျမာင္းကိုေတာ့ ဂုတ္မွာ ကပ္ထားေပးလိုက္ပါ။ ထိုငွက္ေပ်ာခြံ ေႏြးလာသည္အထိ ကပ္ထားေပးရပါမယ္။ တစ္ႀကိမ္တည္းနဲ႔ ေဝဒနာ မသက္သာေသးဘူးဆိုရင္ေတာ့ က်န္ရွိေနတဲ့ ငွက္ေပ်ာခြံမ်ားနဲ႔ ထပ္ကပ္ေပးထားနိုင္ပါတယ္။

ခရက္ဒစ္ မိုင္စတိုင္ျမန္မာ

Unicode

ငှက်ပျောသီးအခွံရဲ့ အံမခန်း အသုံးဝင်ပုံ

ကျွန်တော်တို့ စားပြီးရင် အမှိုက်ပုံးထဲ လွှင့်ပစ်လိုက်တဲ့ ငှက်ပျောသီးအခွံက ဒီလိုလဲ အသုံးဝင်ပါသေးတယ်။ ငှက်ပျောသီးအခွံက ဘယ်လောက်ထိတောင် အသုံးဝင်လဲဆိုတာ ဖော်ပြပေးလိုက်မယ်နော်

ငှက်ပျောသီးအခွံက သင့်မီးဖိုချောင် သန့်ရှင်းရေးအတွက်လည်း အသုံးဝင်သလို သင့် အလှအပရေးရာအတွက်လည်း အသုံးဝင်တဲ့အရာတစ်ခုပဲဖြစ်ပါတယ်။ ငှက်ပျောခွံက သင့်ရဲ့နေ့စဉ်ဘဝအတွက် ဘယ်လိုအသုံးဝင်သလဲဆိုတာကို ဆက်လေ့လာကြည့်လိုက်ရအောင်။

(၁) ဝက်ခြံနဲ့ အမဲစက်များကို လျော့ပါးသက်သာစေခြင်း

ဝက်ခြံနဲ့ အမဲစက် အဖုအပိမ့်တွေကြောင့် စိတ်ညစ်နေရပြီလား။ ငှက်ပျောသီးအခွံကို သင့် မျက်နှာအရေပြားပေါ်မှာ ၅ မိနစ်၊ ၁၀ မိနစ်ခန့် ပွတ်တိုက်ပေးလိုက်ပါ။ ပြီးရင် ရေဆေးပေးလိုက်ပါ။ တစ်ရက်ကို နှစ်ကြိမ် ပြုလုပ်ပေးမယ်ဆိုရင်တော့ ဝက်ခြံနဲ့ အမဲစက်များ ပျောက်ကင်းသွားပါလိမ့်မယ်။

(၂) အရေးအကြောင်းများဖြစ်ပေါ်ခြင်းကို နှောင့်နှေးစေခြင်း

အသက်အရွယ်ရလာလို့ အရေးအကြောင်းနဲ့ ပါးရေတွန့်တာတွေ ဖြစ်ပေါ်မှာ ကြောက်တယ်ဆိုရင် ငှက်ပျောသီးအခွံကို မျက်နှာပေါ်မှာ ပွတ်တိုက်ပေးပြီးနောက် မျက်နှာပေါ်မှာ မိနစ် ၃၀ ခန့် ကပ်ထားလိုက်ပါ။ (သို့) အိပ်ပျော်နေစဉ်မှာ ကပ်ထားလိုက်ပါ။ အချိန်ပြည့်ပါက မျက်နှာသစ်ပေးလိုက်ပါ။ တစ်ပတ်ကို သုံးကြိမ် ပြုလုပ်ပေးနိုင်ပါတယ်။

(၃) ငွေထည်ပစ္စည်းများကို အရောင်တောက်ပြောင်စေခြင်း

ငှက်ပျောသီးအခွံကို သစ်သီးဖျော်စက်ထဲ ထည့်လိုက်ပါ။ ရေ ဖန်ခွက်တစ်ဝက်ခန့်ကို ဖျော်စက်ထဲ လောင်းထည့်လိုက်ပါ။ ရရှိလာတဲ့ အနှစ်များကို ငွေထည်ပစ္စည်းများပေါ်မှာ မိနစ် အနည်းငယ်ကြာ ပွတ်တိုက်ပေးလိုက်ပါ။

(၄) သွားများကို ဖြူဖွေးဝင်းပစေခြင်း

အရင်ဦးဆုံး သင့်သွားကို စင်ကြယ်အောင် ဆေးကြောသန့်စင်လိုက်ပါ။ ထို့နောက် ငှက်ပျောသီးအခွံရဲ့အတွင်းသားဖြင့် သင့်သွားများကို ပွတ်တိုက်ပေးလိုက်ပါ။ ၂ မိနစ်ခန့်ကြာအောင် ပွတ်တိုက်ပေးပြီးမှ ပလုတ်ကျင်းပေးလိုက်ပါ။ နေ့စဉ်ပြုလုပ်ပေးမယ်ဆိုရင်တော့ သွားများ ဖြူဖွေးသန့်စင်သွားမှာပဲဖြစ်ပါတယ်။

(၅) အမာရွတ်များကို သက်သာစေခြင်း

ငှက်ပျောသီးအခွံကို အမာရွတ်ပေါ်တွင် ပွတ်တိုက်ပေးလိုက်ပါ။ ပွတ်တိုက်ပြီးပါက ထိုငှက်ပျောသီးအခွံကို အမာရွတ်ပေါ်တွင် တစ်နာရီခန့် ကြာသည်အထိ အုပ်ထားပေးလိုက်ပါ (သို့) တစ်ညလုံးအုပ်ထားလည်း ရပါတယ်။ နေ့စဉ်နေ့တိုင်း ပြုလုပ်ပေးရပါမယ်။

(၆) မြေသြဇာအဖြစ် အသုံးပြုနိုင်ခြင်း

ငှက်ပျောသီးအခွံများကို အရွယ်အစား သေးသေးလေးဖြစ်သွားအောင် လှီးဖြတ်ပေးလိုက်ပါ။ ထို့နောက် မိမိစိုက်ပျိုးမယ့်အပင်ရဲ့အမြစ်နားမှာ ကပ်ပြီး မြေမြှုပ်လိုက်ပါ။ သစ်ပင်စိုက်ပြီးတာနဲ့ ရေ ချက်ချင်းလောင်းပေးရပါမယ်။

(၇) ခေါင်းကိုက်ခြင်းဝေဒနာကို ကုသပေးနိုင်ခြင်း

မခံမရပ်နိုင်အောင် ခေါင်းကိုက်လာပြီဆိုရင်တော့ ဒီနည်းလမ်းလေးကို အသုံးပြုပေးလိုက်ပါ။ အရင်ဦးဆုံး ငှက်ပျောသီးအခွံကို ရေခဲသေတ္တာထဲမှာ တစ်နာရီခန့် ထည့်ပြီး အအေးခံလိုက်ပါ။ ငှက်ပျောသီးအခွံတစ်မြောင်းကို နဖူးပေါ် တင်ထားပြီး ကျန်တစ်မြောင်းကိုတော့ ဂုတ်မှာ ကပ်ထားပေးလိုက်ပါ။ ထိုငှက်ပျောခွံ နွေးလာသည်အထိ ကပ်ထားပေးရပါမယ်။ တစ်ကြိမ်တည်းနဲ့ ဝေဒနာ မသက်သာသေးဘူးဆိုရင်တော့ ကျန်ရှိနေတဲ့ ငှက်ပျောခွံများနဲ့ ထပ်ကပ်ပေးထားနိုင်ပါတယ်။

ခရက်ဒစ် မိုင်စတိုင်မြန်မာ