ခက်ခဲကြပ်တည်းမှုမှ လွတ်ကင်းစေသောယတြာ
ပူပင်သောကတွေများနေတယ်ဆိုရင် အခက်အခဲအဆင်မပြေ ကြပ်တည်းမှုတွေကြားထဲ ထွက်ပေါက်မရှိအောင် ချောင်ပိတ်မိနေတယ်ဆိုရင်…
အောက်ကယတြာလေးက အစစအရာရာအဆင်ပြေပြီး အခက်အခဲတွေကြားထဲက လွတ်ကင်းစေဖို့ အထောက်အပံ့ကောင်းပေးပါလိမ့်မယ်ဗျာ…။
မိမိနေအိမ်ဘုရားမှာ မနက်ပိုင်း အဆင်ပြေချိန်ပြုလုပ်နိုင်ပါတယ်……။
အရင်ဦးစွာ ကွမ်းရွက်ပေါ် ဆော့ပင်ဖြင့် * ၉ * ရေးပြီး မတ်စေ့ ( ၂၅ပြားစေ့မတ်စေ့ ကျပ်စေ့ အဆင်ပြေရာ ) တင်၍…
မတ်စေ့အပေါ် ဖရောင်းတိုင်ထွန်းလှုရပါ့မယ်……။ပြီးလျှင် ဂုဏ်တော်၉ပါးဖြင့် ပုတီး၁ပါတ်စိပ်ပြီး…
{ မိမိတွေ့ကြုံနေရသော အခက်အခဲ အဆင်မပြေမှု ကြပ်တည်းမှုများမှ လွတ်ကင်းပြီး …ကိုယ်စိတ်နှစ်ဖြာ ကျန်းမာလန်းဖြာလို့ အစစအရာအဆင်ပြေ အောင်မြင်ပါစေကြောင်း } တောင်းဆုပြုပါဗျာ။
နေ့စဉ်ပြုလုပ်သွားမယ်ဆိုရင်…တွေ့ကြုံနေတဲ့ အကြပ်အတည်း အခက်အခဲ အဆင်မပြေမှုများမှ ကင်းလွတ်ပြီး ကျန်းမာချမ်းသာ၍ အဆင်ပြေအောင်မြင်တဲ့ဘဝတခုကို ရရှိမည်ဖြစ်ပါကြောင်း
သင်ဆရာ မြင်ဆရ ကြားဆရာများအား အစဉ်ရှိခိုးဦးခိုက်လျက်…
ဆရာဟိန်း B.A (Psy:)ဗေဒင်နှင့် ဂမ္ဘီရယတြာအစီရင်ပညာ
09-259059505 09-777337919
Zawgyi