ငွေကြေးလာဘ်လာဘ အထူးပွင့်လန်းစေတဲ့ နေ နဲ့ လနှစ်ပါးဆိုင်တဲ့ သိကြားကိုယ်တိုင်မ မည့်ကိန်း
နေ နဲ့ လ နှစ်ပါးဆိုင် သိကြားကိုယ်တိုင်မ မည့်ကိန်းပဲ
ယခုလို အစိမ်းရောင် ဖယောင်းတိုင်လေးမှာ ဘံ လာ ဟိ ဧ လို့ရေးပြီး နေ့စဉ် နေ့၁၁နာရီ၃၀မိနစ် မှ ၁၂နာရီ၁၀မိနစ်အတွင်း ငါးပါးသီလထဲက ကိုယ်နိုင်တဲ့သီလလေးထိန်းပြီး
ဘုရားကန်တော့ ဆုတောင်းမေတ္တာပို့မယ်ဆိုရင် ငွေကြေးလာဘ်လာဘအတွက် ပူစရာလိုပါဦးမလားလို့ လုပ်ကြည်ကြပါလားဗျာ
အကျိုးကျေးဇူးတွေကတော့ မပြောတော့ပါဘူး လုပ်ကြည့်ရင်သိလာပါလိမ့်မယ်ဗျာ…။
နောက်ထက် မြန့်မာလောကီပညာရပ် ငွေကြေးလာဘ်လာဘ အထူးပွင့်လန်းပွားများစေတဲ့ အစီအရင် နည်းလမ်းကောင်းလေးတစ်ခု မေတ္တာလက်ဆောင် ထက်ပေါင်းပေးလိုက်ပါဦးမယ်လေ… လိုအပ်ရင်တော့အသုံးပြုနိုင်ပါတယ်
အလွန်အစွမ်းထက်…လွန်းလှပါတယ်ခင်ဗျာ။ ယခုအစီအရင်အား…ကျွန်တော့်တို့ကို သင်ကြားပြသပေးပါသော ကျွန်တော်တို့ရဲ့ ရာဇဂုရုဆရာကြီးအားဦးခိုက်ကန်တော့ရင်း ပြန်လည်ပြီး ပညာဒါနပြုလိုက်ပါတယ်ခင်ဗျာ…။
တနင်္ဂတွေသားသမီးများ (အင်ကြင်းသား)
တစ်လက်မပတ်လည် အတုံးလေး တစ်တုံးရှာလိုက်ပါ။ အဲ့ဒီ တစ်လက်မပတ်လည် အင်ကြင်းသား အတုံးလေးအပေါ်မှာ (မတ်စေ့လေးတစ်စေ့) တင်ပြီး (ဧဟိလာဘံ)ရေးထားတဲ့ အစိမ်းရောင်ဖယောင်းတိုင်လေးထွန်းညှိပူဇော်ရပါတယ်။
တနင်္လာသားသမီးများ (ကံ့ကော်သား)
တစ်လက်မပတ်လည် အတုံးလေး တစ်တုံးရှာလိုက်ပါ အဲ့ဒီ တစ်လက်မပတ်လည် ကံ့ကော်သားအတုံးလေးပေါ်မှာ (မတ်စေ့လေးတစ်စေ့) တင်ပြီး (ဧဟိလာဘံ)ရေးထားတဲ့ဖယောင်းတိုင်လေးထွန်းညှိပူဇော်ရပါတယ်။
အင်္ဂါသားသမီးများ (ဇောင်ချမ်းသား)
တစ်လက်မပတ်လည် အတုံးလေး တစ်တုံးရှာလိုက်ပါ အဲ့ဒီ တစ်လက်မပတ်လည် ဇောင်ချမ်းသား အတုံးလေးအပေါ်မှာ (မတ်စေ့လေးတစ်စေ့) တင်ပြီး (ဧဟိလာဘံ)ရေးထားတဲ့ အစိမ်းရောင်ဖယောင်းတိုင်လေးထွန်းညှိပူဇော်ရပါတယ်။
ဗုဒ္ဓဟူးသားသမီးများ (ယွန်းခွက် (သို့မဟုတ်) ဝါးခွက်)
ဝါး နဲ့ ပြုလုပ်ထားတဲ့ ခွက် အသေးတစ်ခု့ အပေါ်မှာ (မတ်စေ့လေးတစ်စေ့) တင်ပြီး (ဧဟိလာဘံ)ရေးထားတဲ့အစိမ်ရောင် ဖယောင်းတိုင်လေးထွန်းညှိပူဇော်ရပါတယ်။
ကြာသပတေးသားသမီးများ (မန်ကျည်းသား)
တစ်လက်မပတ်လည် အတုံးလေး တစ်တုံးရှာလိုက်ပါ အဲ့ဒီ တစ်လက်မပတ်လည် မန်ကျည်းသား အတုံးလေးအပေါ်မှာ (မတ်စေ့လေးတစ်စေ့) တင်ပြီး (ဧဟိလာဘံ)ရေးထားတဲ့အစိမ်းရောင်ဖယောင်းတိုင်လေးထွန်းညှိပူဇော်ရပါတယ်
သောကြာသားသမီးများ (သံခွက်)
သံနဲ့ပြုလုပ်ထားတဲ့ ခွက် အသေးတစ်ခု အပေါ်မှာ (မတ်စေ့လေးတစ်စေ့) တင်ပြီး (ဧဟိလာဘံ)ရေးထားတဲ့ဖယောင်းတိုင်လေးထွန်းညှိပူဇော်ရပါတယ်။
စနေသားသမီးများ (နွယ်ချို)
တစ်လက်မပတ်လည် အတုံးလေး တစ်တုံးရှာလိုက်ပါ အဲ့ဒီ တစ်လက်မပတ်လည် နွယ်ချို အတုံးလေးအပေါ်မှာ (မတ်စေ့လေးတစ်စေ့) တင်ပြီး (ဧဟိလာဘံ)ရေးထားတဲ့အစိမ်းရောင်ဖယောင်းတိုင်လေးထွန်းညှိပူဇော်ရပါတယ်။
အထက်တွင်ရေးပြထားတဲ့အတိုင် မိမိနံသင့် အသား တစ်လက်မပတ်လည် အတုံးလေး တစ်တုံးအပေါ်မှာ မက်စေ့လေး တစ်စေ့တင်ပြီး ဧဟိလာဘံရေးထားတဲ့ အစိမ်းရောင် ဖယောင်းတိုင်တစ်တိုင် ထွန်းညှိပူဇော်နိုင်ပါတယ်
မိမိနေ့နံသားရှာလို့လွယ်တဲ့သူတွေ လုပ်ကြည့်နိုင်ပါတယ် ဘယ်လို အကျိုးထူးကြောင်း ဘယ်လိုစွမ်းကြောင်း ကိုယ်တိုင်သိလာပါလိမ့်မယ်ခင်ဗျာ။ အဲ့ဒီလိုအချိန်းမျိုးမှာ ကျွန်တော် ပီတိများစွာဖြင့် အပြုံးပန်းဆင်ချင်ပါသေးတယ်ခင်ဗျာ…။
ရသင့်ရရန်ရှိသော ကောင်းခြင်းမင်္ဂလာများ ရရှိရလွယ်ကြပါစေခင်ဗျာ။ Min Min
Zawgyi