သင့် ရဲ့ ခြေချောင်းတွေ ရဲ့ ပုံစံ က ပြောပြ နေတဲ့ သင့် အကြောင်း

သင့် ရဲ့ ခြေချောင်းတွေ ရဲ့ ပုံစံ က ပြောပြ နေတဲ့ သင့် အကြောင်း

The Third Toe Turning Outwards

တတိယ ခြေချောင်း က အပြင်ထွက် နေတဲ့သူ

ယခု ခြေချောင်း ပိုင်ရှင် ကတော့ အလွန် အသေးစိတ် တတ်ပြီး ကိုယ့်ရဲ့ စံချိန် စံညွှန်း နဲ့ ကိုက်ညီတဲ့ အထိ တိုင်းတာ တတ်ကြ သူတွေ ဖြစ်ပါတယ် ။

သူတို့ရဲ့ ဘဝ မှာ ဘယ်တော့မှ အသုံးမဝင် တဲ့ အရာတွေ နဲ့ အချိန်မဖြုန်း တတ်ကြ ပါဘူး ။ အရာရာတိုင်း ကို ကိုယ့်ရဲ့ စံညွှန်း နဲ့ ကိုက်ညီ လာတဲ့ အထိ အသေးစိတ် တတ်သူ တွေ ဖြစ်ကြ ပါတယ် ။

The Teeny Tiny Little Toe

သူတို့တွေ ရဲ့ ခြေသန်း တစ်ချာင်း တည်း ဟာ အလွန် သေးငယ် ပြီးပုတိုတိုလေး ဖြစ်နေ ကြပါတယ် ။

ထိုသူမျိုးတွေ ဟာ ခေတ်ရှေ့ ပြေးသူ တွေ ဖြစ်ကြ ပြီး ကိုယ်ပိုင် လမ်းကြောင်း ပေါ်မှာ အခြား သူတွေ ဘယ်သူမှ မရှိရင် တောင်မှ ရှက်ကြောက်စွာ နဲ့ သွားနေမှာ မဟုတ်ပါဘူး ။

သူတို့တွေ ဟာ ကိုယ်ပိုင် မြေပုံ နဲ့ ခရီး သွား နေကြ သူတွေ ဖြစ်သလို ဘယ်သူ တွေ ကပဲ ကဲ့ရဲ့ ပါစေ ၊ ကိုယ် နှစ်သက်တဲ့ ဖက်ရှင် ဒီဇိုင်းမျိုး ကိုပဲ ယုံကြည်စွာ ဝတ်ဆင် တတ်ပါတယ် ။

The Moving Little Toe

ခြေသန်း တစ်ချောင်းတည်း ကိုပဲသီးသန့် လှုပ်ရှား နိုင်တဲ့ သူ

ယခု ခြေချောင်း ပိုင်ရှင်တွေ ကတော့ အပေါ် က လူနဲ့ မတူညီပဲ သူတို့ရဲ့ ခြေသန်း ကို ရွေ့လျား နိုင်သူ တွေ ဖြစ်ကြ ပါတယ် ။

သူတို့တွေရဲ့ စရိုက် ကတော့ အဖြေ ကို သိရှိ နိုင်ဖို့ အရမ်း ကို စိတ်အား ထက်သန် သူတွေ ဖြစ်ကြ ပါတယ် ။

ဒါကြောင့်ပဲ သူတို့တွေဟာ စပ်စု တတ်သူ တွေ ဖြစ်နေ ကြပြီး အသစ်တွေ ကို သင်ယူ နိုင်ဖို့ အမြဲ တက်ကြွ နေကြ ပါတယ် ။

The Immovable Little Toe

ခြေချောင်းတွေ ကို ကိုယ်တိုင် မရွေ့လျား နိုင်တဲ့ သူမျိုးတွေ ကို သင် မြင်ဖူးပါသလား ။

သူတို့တွေဟာ စူပါဟီရိုး ဆိုတဲ့ ဂုဏ်ပုဒ် နဲ့ ညီမျှ သူတွေ ဖြစ်ကြ ပါတယ် ။

သူတို့တွေ ဟာ ကိုယ့်ရဲ့ အသက်မွေး ဝမ်းကြောင်း အလုပ် ကို စိတ်အား အလွန် ထက်သန် ကြပြီး အလုပ် ကိုလည်း သရဲမရဲ စီးသလို လုပ်တတ်ကြသူတွေ ဖြစ်ကြ ပါတယ် ။

The Greek’s Feet

ဒီလို ဒုတိယမြောက် ခြေချောင်း တစ်ချောင်း တည်း က ရှည် ထွက်နေခြင်း ကို ဂရိ ခြေထောက် လို့ ခေါ်ပါတယ် ။

ဒီလို ခြေချောင်း ပုံသဏ္ဏာန် တွေကို ဂရိ ရုပ်ထုတွေ ၊ ပန်းချီတွေ မှာ အများအပြား တွေ့နိုင် ပါတယ် ။

ဂရိ ခြေထောက် ပိုင်ရှင်တွေ ဟာ အနုပညာ ၊ အားကစား နဲ့ ဖျော်ဖြေ တင်ဆက်သမား တွေ ဖြစ်နေ ကြပါတယ် ။

သူတို့ဟာ အနုပညာ ကို အရမ်း ဖန်တီး နိုင်စွမ်း ရှိကြပြီး အတွေးအခေါ်ပိုင်း မှာလည်း ပြည့်စုံ ကောင်းမွန် သူတွေ ဖြစ်ကြ ပါတယ် ။

တကယ်လို့ ဒီလို ခြေချောင်းမျိုးတွေ နဲ့ သင် မွေးဖွား လာတယ် ဆိုရင်တော့ သင်ဟာခေါင်းဆောင်တစ်ယောက် ဖြစ်လာမယ့် သူပါ ။ သင့် အတွက် ဂုဏ်ယူပါတယ် ။

Peasant’s Foot

ဒီလို ခြေချောင်းမျိုး ကလည်း အလွန် ကို ရှားပါပြီး ခြေချောင်း အားလုံး ဟာ တတန်းတည်း ရှိနေ ပါတယ် ။

ယခုလို ခြေချောင်း ကို တောသား ခြေထောက် ၊ ဆင်းရဲသား ခြေထောက် လို့ အမည်ပေး ထားတာ စော်ကားလိုတဲ့ ဆန္ဒကြောင့် မဟုတ် ပါဘူး ။

ဒီလို ခြေချောင်း ပိုင်ရှင်တွေ ဟာ အကြံ ဉာဏ်ကြီး ကြပါတယ် ။ ဘယ်လို အရာ မျိုးကိုပဲ ဖြစ်ဖြစ် သူတို့တွေ ဟာ ကောင်းစွာ စစ်ကြော နိုင်စွမ်း လည်း ရှိကြ ပါတယ် ။

သူတို့တွေဟာ အမြဲတမ်း တည်ငြိမ် နေ တတ်ပြီး ကျိုးကြောင်း ဆီလျော်စွာ ပြောဆို တတ်ကြ ပါတယ် ။

ဒါကြောင့်ပဲ အခြေအနေ အရပ်ရပ် ကို အဆုံးမသတ် ခင်မှာ အကောင်းဆုံး ဆုံးဖြတ်ချက်တွေ ချနိုင်စွမ်း ရှိကြ ပါတယ် ။

ဒီလို လူမျိုးတွေ နဲ့ သူငယ်ချင်း ဖြစ်ရင် လက် မလွှတ် သင့်ပါဘူး ။ သူတို့ ဆီ က အကောင်းဆုံး အကြံဉာဏ်တွေ ကို သင် ရရှိ ပါလိမ့် မယ် ။

The Egyptian Foot

ယခုလို ခြေချောင်း ပုံစံမျိုး ဟာ ရှားပါးပြီး အမြင့် ကနေ အနိမ့် သို့ ညီညာစွာ ဆင်းသွားတဲ့ ပုံစံမျိုး ဖြစ်ပါတယ် ။

ဒီလို ခြေချောင်း ပုံစံမျိုး ကို ဘာကြောင့် အီဂျစ်ခြေထောက် လို့ ခေါ်ရတာလဲ ဆိုတော့ အဆိုပါ ခြေချောင်း ပိုင်ရှင်တွေ ဟာ အနည်းငယ် လျှို့ဝှက် ဆန်းကြယ် ကြတာ ကြောင့် ဖြစ်ပါတယ် ။

သူတို့တွေဟာ အလွန်ကို လျှို့ဝှက် တတ်တဲ့ သူတွေ ဖြစ်ပြီး သူတို့ဟာ သင့်အမြင် မှာ အဖြေ ရှာရ ခက်တဲ့ ပုစ္ဆာ တစ်ပုဒ် လိုဖြစ်နေနိုင်ပါတယ် ။

သူတို့ရဲ့ စိတ်ကူးတွေ ခံစားချက်တွေ ကို သင် ဖော်ထုတ် နိုင်မှာ မဟုတ်ပါဘူး ။

၇ ရက်သားသမီးများနှင့် မိတ်ဆွေ အပေါင်း လိုရာဆန္ဒအဝဝ လိုရာကိစ္စ အဝဝတို့ ပြည့်စုံပြီးမြောက်၍ ကောင်းကျိူ းချမ်းသာကို အစဉ်ထာဝရ ရရှိခံစားရပါစေ

ဆရာ ဂျာမိုးဦး ဗေဒင် လက္ခဏ

Zawgyi

သင့္ ရဲ႕ ေျခေခ်ာင္းေတြ ရဲ႕ ပုံစံ က ေျပာျပ ေနတဲ့ သင့္ အေၾကာင္း

The Third Toe Turning Outwards

တတိယ ေျခေခ်ာင္း က အျပင္ထြက္ ေနတဲ့သူ

ယခု ေျခေခ်ာင္း ပိုင္ရွင္ ကေတာ့ အလြန္ အေသးစိတ္ တတ္ၿပီး ကိုယ့္ရဲ႕ စံခ်ိန္ စံၫႊန္း နဲ႔ ကိုက္ညီတဲ့ အထိ တိုင္းတာ တတ္ၾက သူေတြ ျဖစ္ပါတယ္ ။

သူတို႔ရဲ႕ ဘဝ မွာ ဘယ္ေတာ့မွ အသုံးမဝင္ တဲ့ အရာေတြ နဲ႔ အခ်ိန္မျဖဳန္း တတ္ၾက ပါဘူး ။ အရာရာတိုင္း ကို ကိုယ့္ရဲ႕ စံၫႊန္း နဲ႔ ကိုက္ညီ လာတဲ့ အထိ အေသးစိတ္ တတ္သူ ေတြ ျဖစ္ၾက ပါတယ္ ။

The Teeny Tiny Little Toe

သူတို႔ေတြ ရဲ႕ ေျခသန္း တစ္ခ်ာင္း တည္း ဟာ အလြန္ ေသးငယ္ ၿပီးပုတိုတိုေလး ျဖစ္ေန ၾကပါတယ္ ။

ထိုသူမ်ိဳးေတြ ဟာ ေခတ္ေရွ႕ ေျပးသူ ေတြ ျဖစ္ၾက ၿပီး ကိုယ္ပိုင္ လမ္းေၾကာင္း ေပၚမွာ အျခား သူေတြ ဘယ္သူမွ မရွိရင္ ေတာင္မွ ရွက္ေၾကာက္စြာ နဲ႔ သြားေနမွာ မဟုတ္ပါဘူး ။

သူတို႔ေတြ ဟာ ကိုယ္ပိုင္ ေျမပုံ နဲ႔ ခရီး သြား ေနၾက သူေတြ ျဖစ္သလို ဘယ္သူ ေတြ ကပဲ ကဲ့ရဲ႕ ပါေစ ၊ ကိုယ္ ႏွစ္သက္တဲ့ ဖက္ရွင္ ဒီဇိုင္းမ်ိဳး ကိုပဲ ယုံၾကည္စြာ ဝတ္ဆင္ တတ္ပါတယ္ ။

The Moving Little Toe

ေျခသန္း တစ္ေခ်ာင္းတည္း ကိုပဲသီးသန႔္ လႈပ္ရွား ႏိုင္တဲ့ သူ

ယခု ေျခေခ်ာင္း ပိုင္ရွင္ေတြ ကေတာ့ အေပၚ က လူနဲ႔ မတူညီပဲ သူတို႔ရဲ႕ ေျခသန္း ကို ေ႐ြ႕လ်ား ႏိုင္သူ ေတြ ျဖစ္ၾက ပါတယ္ ။

သူတို႔ေတြရဲ႕ စ႐ိုက္ ကေတာ့ အေျဖ ကို သိရွိ ႏိုင္ဖို႔ အရမ္း ကို စိတ္အား ထက္သန္ သူေတြ ျဖစ္ၾက ပါတယ္ ။

ဒါေၾကာင့္ပဲ သူတို႔ေတြဟာ စပ္စု တတ္သူ ေတြ ျဖစ္ေန ၾကၿပီး အသစ္ေတြ ကို သင္ယူ ႏိုင္ဖို႔ အၿမဲ တက္ႂကြ ေနၾက ပါတယ္ ။

The Immovable Little Toe

ေျခေခ်ာင္းေတြ ကို ကိုယ္တိုင္ မေ႐ြ႕လ်ား ႏိုင္တဲ့ သူမ်ိဳးေတြ ကို သင္ ျမင္ဖူးပါသလား ။

သူတို႔ေတြဟာ စူပါဟီ႐ိုး ဆိုတဲ့ ဂုဏ္ပုဒ္ နဲ႔ ညီမွ် သူေတြ ျဖစ္ၾက ပါတယ္ ။

သူတို႔ေတြ ဟာ ကိုယ့္ရဲ႕ အသက္ေမြး ဝမ္းေၾကာင္း အလုပ္ ကို စိတ္အား အလြန္ ထက္သန္ ၾကၿပီး အလုပ္ ကိုလည္း သရဲမရဲ စီးသလို လုပ္တတ္ၾကသူေတြ ျဖစ္ၾက ပါတယ္ ။

The Greek’s Feet

ဒီလို ဒုတိယေျမာက္ ေျခေခ်ာင္း တစ္ေခ်ာင္း တည္း က ရွည္ ထြက္ေနျခင္း ကို ဂရိ ေျခေထာက္ လို႔ ေခၚပါတယ္ ။

ဒီလို ေျခေခ်ာင္း ပုံသဏၰာန္ ေတြကို ဂရိ ႐ုပ္ထုေတြ ၊ ပန္းခ်ီေတြ မွာ အမ်ားအျပား ေတြ႕ႏိုင္ ပါတယ္ ။

ဂရိ ေျခေထာက္ ပိုင္ရွင္ေတြ ဟာ အႏုပညာ ၊ အားကစား နဲ႔ ေဖ်ာ္ေျဖ တင္ဆက္သမား ေတြ ျဖစ္ေန ၾကပါတယ္ ။

သူတို႔ဟာ အႏုပညာ ကို အရမ္း ဖန္တီး ႏိုင္စြမ္း ရွိၾကၿပီး အေတြးအေခၚပိုင္း မွာလည္း ျပည့္စုံ ေကာင္းမြန္ သူေတြ ျဖစ္ၾက ပါတယ္ ။

တကယ္လို႔ ဒီလို ေျခေခ်ာင္းမ်ိဳးေတြ နဲ႔ သင္ ေမြးဖြား လာတယ္ ဆိုရင္ေတာ့ သင္ဟာေခါင္းေဆာင္တစ္ေယာက္ ျဖစ္လာမယ့္ သူပါ ။ သင့္ အတြက္ ဂုဏ္ယူပါတယ္ ။

Peasant’s Foot

ဒီလို ေျခေခ်ာင္းမ်ိဳး ကလည္း အလြန္ ကို ရွားပါၿပီး ေျခေခ်ာင္း အားလုံး ဟာ တတန္းတည္း ရွိေန ပါတယ္ ။

ယခုလို ေျခေခ်ာင္း ကို ေတာသား ေျခေထာက္ ၊ ဆင္းရဲသား ေျခေထာက္ လို႔ အမည္ေပး ထားတာ ေစာ္ကားလိုတဲ့ ဆႏၵေၾကာင့္ မဟုတ္ ပါဘူး ။

ဒီလို ေျခေခ်ာင္း ပိုင္ရွင္ေတြ ဟာ အႀကံ ဉာဏ္ႀကီး ၾကပါတယ္ ။ ဘယ္လို အရာ မ်ိဳးကိုပဲ ျဖစ္ျဖစ္ သူတို႔ေတြ ဟာ ေကာင္းစြာ စစ္ေၾကာ ႏိုင္စြမ္း လည္း ရွိၾက ပါတယ္ ။

သူတို႔ေတြဟာ အၿမဲတမ္း တည္ၿငိမ္ ေန တတ္ၿပီး က်ိဳးေၾကာင္း ဆီေလ်ာ္စြာ ေျပာဆို တတ္ၾက ပါတယ္ ။

ဒါေၾကာင့္ပဲ အေျခအေန အရပ္ရပ္ ကို အဆုံးမသတ္ ခင္မွာ အေကာင္းဆုံး ဆုံးျဖတ္ခ်က္ေတြ ခ်ႏိုင္စြမ္း ရွိၾက ပါတယ္ ။

ဒီလို လူမ်ိဳးေတြ နဲ႔ သူငယ္ခ်င္း ျဖစ္ရင္ လက္ မလႊတ္ သင့္ပါဘူး ။ သူတို႔ ဆီ က အေကာင္းဆုံး အႀကံဉာဏ္ေတြ ကို သင္ ရရွိ ပါလိမ့္ မယ္ ။

The Egyptian Foot

ယခုလို ေျခေခ်ာင္း ပုံစံမ်ိဳး ဟာ ရွားပါးၿပီး အျမင့္ ကေန အနိမ့္ သို႔ ညီညာစြာ ဆင္းသြားတဲ့ ပုံစံမ်ိဳး ျဖစ္ပါတယ္ ။

ဒီလို ေျခေခ်ာင္း ပုံစံမ်ိဳး ကို ဘာေၾကာင့္ အီဂ်စ္ေျခေထာက္ လို႔ ေခၚရတာလဲ ဆိုေတာ့ အဆိုပါ ေျခေခ်ာင္း ပိုင္ရွင္ေတြ ဟာ အနည္းငယ္ လွ်ိဳ႕ဝွက္ ဆန္းၾကယ္ ၾကတာ ေၾကာင့္ ျဖစ္ပါတယ္ ။

သူတို႔ေတြဟာ အလြန္ကို လွ်ိဳ႕ဝွက္ တတ္တဲ့ သူေတြ ျဖစ္ၿပီး သူတို႔ဟာ သင့္အျမင္ မွာ အေျဖ ရွာရ ခက္တဲ့ ပုစာၦ တစ္ပုဒ္ လိုျဖစ္ေနႏိုင္ပါတယ္ ။

သူတို႔ရဲ႕ စိတ္ကူးေတြ ခံစားခ်က္ေတြ ကို သင္ ေဖာ္ထုတ္ ႏိုင္မွာ မဟုတ္ပါဘူး ။

၇ ရက္သားသမီးမ်ားႏွင့္ မိတ္ေဆြ အေပါင္း လိုရာဆႏၵအဝဝ လိုရာကိစၥ အဝဝတို႔ ျပည့္စုံၿပီးေျမာက္၍ ေကာင္းက်ိဴ းခ်မ္းသာကို အစဥ္ထာဝရ ရရွိခံစားရပါေစ

ဆရာ ဂ်ာမိုးဦး ေဗဒင္ လကၡဏ

Be the first to comment

Leave a Reply

Your email address will not be published.


*