ၾသဂုတ္လဖြားေတြရဲ႕ သူမတူတဲ့ ေမြးရာပါအားသာခ်က္နဲ႔ ထူးျခားခ်က္မ်ား

သြဂုတ်လမှာမွေးဖွားတဲ့သူလေးတွေဟာ အရမ်းကိုစိတ်ဝင်စားစရာ ကောင်းတဲ့သူတွေပါ။ ဘဝမှာ အံ့သြစရာတွေ၊ ထူးဆန်းမှုတွေပြည့်နေတဲ့ သြဂုတ်လဖွားတွေရဲ့ သူမတူတဲ့မွေးရာပါအားသာချက်တွေနဲ့ ထူးခြားချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) သြဂုတ်လဖွားတွေဟာ တစ်ခါတလေမှာခံစားချက်ကို ဘွင်းဘွင်းရှင်းရှင်း ပြောလိုက်တတ်တဲ့သူတွေပါ။ ဥပမာ အခုချိန်မှာနင့်ကိုငါ ပါးရိုက်လိုက်ချင်တယ် ဆိုတာမျိုးပေါ့။ ရုတ်တရက်ဆိုတော့ လက်ခံရလည်းခက်၊ မှန်ကလည်းမှန်နေတာမျိုးပေါ့။

(၂) သြဂုတ်လဖွားတွေဟာ သူငယ်ချင်းအပေါင်းအသင်း မက်တဲ့သူတွေဖြစ်ပြီး သူငယ်ချင်းတွေကလည်း သူတို့ကိုအရမ်းတွယ်တာပါတယ်။ အရမ်းခင်ဖို့ကောင်းတဲ့သူတွေဖြစ်လို့ပါ။

(၃) သြဂုတ်လဖွားတွေဟာ ဆုံးဖြတ်ပြီးပြီဆိုရင် ဖြစ်အောင်လုပ်ရမှ ကျေနပ်တဲ့သူတွေပါ။ ဘယ်လောက်ပဲ ခက်ခဲမှုတွေရှိလာပါစေ၊ ရင်ဆိုင်ရဲပြီး ပြသနာတွေကိုလည်း နောက်မဆုတ်တမ်း ရင်ဆိုင်နိုင်စွမ်းရှိတဲ့သူတွေပါ။

(၄) သြဂုတ်လဖွားတွေဟာ အောင်မြင်ကျော်ကြားပြီး နာမည်ကျော်မယ့် ကံပါလာတဲ့သူတွေဖြစ်ပါတယ်။ အလိုလို လူတွေရဲ့ အာရုံစိုက်ခြင်းကိုခံရရုံသာမက ဘာပဲလုပ်လုပ် လွယ်လွယ်ကူကူအောင်မြင်နိုင်တဲ့သူတွေပါ။

(၅) သြဂုတ်လဖွားတွေဟာ ဇွဲလည်းအရမ်းကြီးပါတယ်။ အရမ်းကြိုးစားတဲ့သူတွေဖြစ်တာကြောင့် ဘဝမှာ အောင်မြင်ကြပါတယ်။ တစ်ခုခုကိုလုပ်တော့မယ်ဆိုရင် ဘယ်လောက်ပဲခက်ခက် ဖြစ်အောင်လုပ်တတ်တဲ့ သူတွေပါ။

(၆) သြဂုတ်လဖွားတွေဟာ ဘဝမှာရှိတာလေးနဲ့ပျော်အောင်နေတတ်တဲ့သူတွေပါ။ စိတ်ညစ်စရာတွေကို မေ့ထားပြီး ပျော်စေမယ့်အရာတွေကိုပဲ အာရုံစိုက်ထားတဲ့သူတွေဖြစ်တာကြောင့် အမြဲလိုလို ပျော်ရွှင်ကြတဲ့သူတွေပါ။

(၇) သြဂုတ်လဖွားတွေဟာ အနည်းငယ် ပြာယာခတ်နေတတ်ကြပါတယ်။ ဒါတင်မကပဲ ရှပ်ပြာရှပ်ပြာနဲ့ အလွဲလွဲအချော်ချော် ဖြစ်နေတတ်တဲ့သူတွေပါ။ တမင်ဖန်တီးလုပ်ယူတာမျိုးမဟုတ်ပဲ မွေးရာပါကိုက ဒီလိုပါ။

(၈) သြဂုတ်လဖွားတွေဟာ ဘာပဲလုပ်လုပ် တက်ကြွစွာလုပ်ဆောင်တတ်တဲ့သူတွေဖြစ်ပါတယ်။ ဘယ်တော့မှ လွယ်လွယ်လက်လျှော့တတ်တဲ့သူတွေမဟုတ်တာကြောင့် လိုချင်ပြီဆိုရင် ရအောင်လုပ်နိုင်ကြတဲ့သူတွေပါ။

Em Em

Zawgyi

ၾသဂုတ္လမွာေမြးဖြားတဲ့သူေလးေတြဟာ အရမ္းကိုစိတ္ဝင္စားစရာ ေကာင္းတဲ့သူေတြပါ။ ဘဝမွာ အံ့ၾသစရာေတြ၊ ထူးဆန္းမႈေတြျပည့္ေနတဲ့ ၾသဂုတ္လဖြားေတြရဲ႕ သူမတူတဲ့ေမြးရာပါအားသာခ်က္ေတြနဲ႔ ထူးျခားခ်က္ေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

(၁) ၾသဂုတ္လဖြားေတြဟာ တစ္ခါတေလမွာခံစားခ်က္ကို ဘြင္းဘြင္းရွင္းရွင္း ေျပာလိုက္တတ္တဲ့သူေတြပါ။ ဥပမာ အခုခ်ိန္မွာနင့္ကိုငါ ပါး႐ိုက္လိုက္ခ်င္တယ္ ဆိုတာမ်ိဳးေပါ့။ ႐ုတ္တရက္ဆိုေတာ့ လက္ခံရလည္းခက္၊ မွန္ကလည္းမွန္ေနတာမ်ိဳးေပါ့။

(၂) ၾသဂုတ္လဖြားေတြဟာ သူငယ္ခ်င္းအေပါင္းအသင္း မက္တဲ့သူေတြျဖစ္ၿပီး သူငယ္ခ်င္းေတြကလည္း သူတို႔ကိုအရမ္းတြယ္တာပါတယ္။ အရမ္းခင္ဖို႔ေကာင္းတဲ့သူေတြျဖစ္လို႔ပါ။

(၃) ၾသဂုတ္လဖြားေတြဟာ ဆုံးျဖတ္ၿပီးၿပီဆိုရင္ ျဖစ္ေအာင္လုပ္ရမွ ေက်နပ္တဲ့သူေတြပါ။ ဘယ္ေလာက္ပဲ ခက္ခဲမႈေတြရွိလာပါေစ၊ ရင္ဆိုင္ရဲၿပီး ျပသနာေတြကိုလည္း ေနာက္မဆုတ္တမ္း ရင္ဆိုင္ႏိုင္စြမ္းရွိတဲ့သူေတြပါ။

(၄) ၾသဂုတ္လဖြားေတြဟာ ေအာင္ျမင္ေက်ာ္ၾကားၿပီး နာမည္ေက်ာ္မယ့္ ကံပါလာတဲ့သူေတြျဖစ္ပါတယ္။ အလိုလို လူေတြရဲ႕ အာ႐ုံစိုက္ျခင္းကိုခံရ႐ုံသာမက ဘာပဲလုပ္လုပ္ လြယ္လြယ္ကူကူေအာင္ျမင္ႏိုင္တဲ့သူေတြပါ။

(၅) ၾသဂုတ္လဖြားေတြဟာ ဇြဲလည္းအရမ္းႀကီးပါတယ္။ အရမ္းႀကိဳးစားတဲ့သူေတြျဖစ္တာေၾကာင့္ ဘဝမွာ ေအာင္ျမင္ၾကပါတယ္။ တစ္ခုခုကိုလုပ္ေတာ့မယ္ဆိုရင္ ဘယ္ေလာက္ပဲခက္ခက္ ျဖစ္ေအာင္လုပ္တတ္တဲ့ သူေတြပါ။

(၆) ၾသဂုတ္လဖြားေတြဟာ ဘဝမွာရွိတာေလးနဲ႔ေပ်ာ္ေအာင္ေနတတ္တဲ့သူေတြပါ။ စိတ္ညစ္စရာေတြကို ေမ့ထားၿပီး ေပ်ာ္ေစမယ့္အရာေတြကိုပဲ အာ႐ုံစိုက္ထားတဲ့သူေတြျဖစ္တာေၾကာင့္ အၿမဲလိုလို ေပ်ာ္႐ႊင္ၾကတဲ့သူေတြပါ။

(၇) ၾသဂုတ္လဖြားေတြဟာ အနည္းငယ္ ျပာယာခတ္ေနတတ္ၾကပါတယ္။ ဒါတင္မကပဲ ရွပ္ျပာရွပ္ျပာနဲ႔ အလြဲလြဲအေခ်ာ္ေခ်ာ္ ျဖစ္ေနတတ္တဲ့သူေတြပါ။ တမင္ဖန္တီးလုပ္ယူတာမ်ိဳးမဟုတ္ပဲ ေမြးရာပါကိုက ဒီလိုပါ။

(၈) ၾသဂုတ္လဖြားေတြဟာ ဘာပဲလုပ္လုပ္ တက္ႂကြစြာလုပ္ေဆာင္တတ္တဲ့သူေတြျဖစ္ပါတယ္။ ဘယ္ေတာ့မွ လြယ္လြယ္လက္ေလွ်ာ့တတ္တဲ့သူေတြမဟုတ္တာေၾကာင့္ လိုခ်င္ၿပီဆိုရင္ ရေအာင္လုပ္ႏိုင္ၾကတဲ့သူေတြပါ။

Em Em