ကြမ္းအရမ္းၾကိဳက္သူမ်ားအတြက္ ကြမ္းယာျဖတ္ေဆး (မိမိကိုယ္ေတြ႕)

ျမန္မာလူမ်ိဳး ေတာ္ေတာ္မ်ားမ်ား ကြမ္းအလြန္ႀကိဳက္ႀက၏။ ေခတ္ကာလအရ က်န္းမာေရးေတြ႔ရွိခ်က္မ်ား၌ ကြမ္းသမားအခ်ိဳ႕ကင္ဆာျဖစ္ေနႀကေလသည္။

ကြမ္းႀကိဳက္သူမ်ားတြင္ မိမိကိုယ္တိုင္ လည္းပါ၏။ တစ္​​ေန႔ ၂၀၀၀က်ပ္ဖိုးေလာက္ကုန္ပါသည္။ အခ်ိဳ႕ဆိုလွ်င္ တစ္ေန႔ ၅၀၀၀ က်ပ္ေလာက္ ကုန္သည္ဟုလည္းဆိုသည္။

ကြမ္းသီးကြမ္းရြက္ ထံုး ေဆးရြက္ႀကီးမွ စကာ ကြမ္းယာေဆးအမ်ိဳးမ်ိဳး ကိုေျပာင္း၍စားသံုးမိ၏။ ၉၂ ၊ ဆာဂါ ၊ ပါရာဂ်က္ ၊ ၁၆၂ ၊ စီကနယ္​ အမ်ိဳးမ်ိဳးအဖံုဖံု နွပ္ေဆးလည္းစံုျပန္သည္။

အတိအက်မရွိေသာ ထံုးစပ္နည္းနွင့္ အတူ ကြမ္းသီးစိတ္မိွဳတက္သည္လည္းပါေပလိမ္႔မည္။ အခ်ိဳ႕ကြမ္းယာဆိုင္တို႕ကလည္း သန္႔သန္႔ျပန္႔ျပန္႔ေရာင္းခ်သည ္လည္းရွိ၏ ။

တင္ျပလိုသည္မွာ ယခုေနာက္ပိုင္း ကြမ္းယာေၾကာင့္ ကင္ဆာအေတာ္ မ်ားမ်ားျဖစ္ေနၾကသည္ဆိုေသာ သတင္းမ်ားနွင့္အတူ လက္ေတြ႔ ပတ္ဝန္းက်င္တြင္ ပါးစပ္ ၊ လွ်ာ ၊ ပါးေစာင္ကင္ဆာျဖစ္ေနၾကသည္ကို ကိုယ္တိုင္ျမင္ေတြ႔ေနရျခင္းျဖစ္ေတာ့သည္ ။

ထိုေၾကာင့္ ကြမ္းျဖတ္ခ်င္လွပါသည္။ ခက္သည္က ထမင္းစားၿပီး သည္နွင့္ ကြမ္းတစ္ယာငံုရလွ်င္ ျပည့္စံုသြားသည္။

လက္ဖက္ရည္ပဲေသာက္ေသာက္ ၊ မုန္႔ဟင္းခါးစားစား ၊ ဘာပဲစားစား စားၿပီးတိုင္း ကြမ္းမစားရပါလ်ွင္ အဆင္မေျပ ခံတြင္းတစ္ခုလံုး ေနမထိထိုင္မထိ ခ်ဥ္သလိုလို ခြ်ဲသလို ဒုကၡမ်ိဳးကြမ္းသမားတိုင္း ႀကံဳရသည္ခ်ည္းသာ။ ထိုအျဖစ္က ကြမ္းႀကိဳက္သူတိုင္းသိ၏။

ႏွစ္ေပါင္းမ်ားစြာ စဲြလန္းႏွစ္ၿခိဳက္ေသာကြမ္းကို မည္သို႔ျဖတ္မည္နည္း ထိုျပင္ လူၾကားထဲ ကြမ္းေၾကာင့္အခက္ေတြ႔ရတတ္သည္ ။ သြားမ်ားသည္လည္း နီရာကညစ္ အမည္းဂ်ဳိးႏွစ္တို႔ ကပ္ေနျပန္သည္။

ထိေရာက္ေသာကြမ္းျဖတ္နည္းေလးအားတင္ျပလိုပါသည္

၁။ ျဖတ္ခ်င္ေသာစိတ္ဆႏၵရွိရန္ အထူးလိုျခင္း

၂။ ေဆးမင္းရာဇာ(ေဆးဘုရင္)ပင္မွ အရြက္စိမ္းကိုအသံုးျပဳရန္

၃။ အရြက္မွာ အနံ႕အေတာ္ျပင္းၿပီး စိမ္းေရႊပါသည္ ။ ထမင္းစားျပီးတိုင္း လက္ဖက္ရည္ေသာက္ျပီးတိုင္း ကြမ္းယာစားခ်င္လိုေသာ ဆႏၵရွိေလတိုင္း ေဆးမင္းရာဇာရြက္(၂)ရြက္ကို လွ်ာေပၚတင္ႀကိတ္ဝါးျပီး ပါးေစာင္တြင္ငံုထားပါ ။

ကြမ္းစားခ်င္ေသာ စိတ္ေပ်ာက္ကြယ္ျပီး ​ေနထိုင္နိုင္ျခင္းျဖစ္ပါလိမ့္မည္။

၄။ အရြက္ရည္ကို ျမိဳခ်လည္းရပါသည္။ ​ေထြးထုတ္လည္းျဖစ္ပါသည္ ။ အနံ႔ဆိုးပါသည္ လက္ေတြ႔စမ္းၾကည့္ပါ

၅။ (၅)ရက္ေလာက္သာ တင္ျပပါနည္းကို စိတ္ယံုၾကည္ခ်က္ျဖင့္ လုပ္ေဆာင္လိုက္ပါ ကြမ္းအမွန္ျပတ္ပါေၾကာင္း။

ေဆးဘုရင္ ေဆးမင္းရာဇာ နတ္ေဆးပင္(ျပည့္စံုပင္)ေတာင္လံုးေက်ာ္

ေဆးပင္၏ ပဥၶငါးပါးသည္ စိမ္းေရႊေရႊအနံ႔ ရွိ၏

ေဆးအသံုးျပဳပံုမွာ

(၁) သြားကိုက္ပါကအရြက္သံုးရြက္ကို လိပ္ၿပီး အေပၚသြားႏွင့္ေအာက္သြား ညွပ္ထားေပးပါ

(၂) တစ္ေန႔( ၂ )ရြက္စားပါက ခြန္အားျဖစ္ပါသည္

(၃) ကင္ဆာအၾကိတ္ကို အရြက္ၾကိတ္၍အံုပါ။

(၄) ေသြးေလးဘက္နာျဖစ္ပါက အရြက္ကိုၾကိတ္၍ အံုပါ။

(၅) ေက်ာက္ကပ္ေရာဂါအတြက္ အရြက္(၅)ရြက္ကို အေျခာက္ျပဳ၍ လက္ဖက္ေျခာက္ လုပ္ေသာက္ႀကသည္

(၆) ေခြးကိုက္ ျခင္ကိုက္ ပဒူေကာင္းထိုးကင္းကိုက္ ပုရြက္ဆိတ္​ကိုက္ပါက အရြက္ႏွင့္ပြတ္တိုက္ပါ။

(၇) ေခါင္းကိုက္ မ်က္စိနာ နားကိုက္ အရြက္ႏွင့္ ကပ္ပါ။

(၈) ေသြးတိုးပါက(၃)ရြက္စားပါ။

(၉) ထိခိုက္ ဒဏ္ရာမ်ားကို အရြက္ၾကိတ္၍အံုေပးပါ။

(၁၀) ဝမ္းကိုက္ပါက အရြက္(၃)ရြက္စားေပးပါ

အျခားေဆးအသံုးမ်ားလည္းက်န္ရွိေနပါေသးသည္။

လိုသူယူသံုး ေစတနာအၿပံဳးးျဖင့္

ရဲမ်ိဳးသူ(ေဗာဓိၿမိဳင္)

Unicode

“ကွမ်းယာဖြတ်ဆေး (လက်တွေ့)”

မြန်မာလူမျိုး တော်တော်များများ ကွမ်းအလွန်ကြိုက်ကြ၏။ ခေတ်ကာလအရ ကျန်းမာရေးတွေ့ရှိချက်များ၌ ကွမ်းသမားအချို့ကင်ဆာဖြစ်နေကြလေသည်။

ကွမ်းကြိုက်သူများတွင် မိမိကိုယ်တိုင် လည်းပါ၏။ တစ်​​နေ့ ၂ဝဝဝကျပ်ဖိုးလောက်ကုန်ပါသည်။ အချို့ဆိုလျှင် တစ်နေ့ ၅၀၀၀ ကျပ်လောက် ကုန်သည်ဟုလည်းဆိုသည်။

ကွမ်းသီးကွမ်းရွက် ထုံး ဆေးရွက်ကြီးမှ စကာ ကွမ်းယာဆေးအမျိုးမျိုး ကိုပြောင်း၍စားသုံးမိ၏။ ၉၂ ၊ ဆာဂါ ၊ ပါရာဂျက် ၊ ၁၆၂ ၊ စီကနယ်​ အမျိုးမျိုးအဖုံဖုံ နှပ်ဆေးလည်းစုံပြန်သည်။

အတိအကျမရှိသော ထုံးစပ်နည်းနှင့် အတူ ကွမ်းသီးစိတ်မှိုတက်သည်လည်းပါပေလိမ့်မည်။ အချို့ကွမ်းယာဆိုင်တို့ကလည်း သန့်သန့်ပြန့်ပြန့်ရောင်းချသည ်လည်းရှိ၏ ။

တင်ပြလိုသည်မှာ ယခုနောက်ပိုင်း ကွမ်းယာကြောင့် ကင်ဆာအတော် များများဖြစ်နေကြသည်ဆိုသော သတင်းများနှင့်အတူ လက်တွေ့ ပတ်ဝန်းကျင်တွင် ပါးစပ် ၊ လျှာ ၊ ပါးစောင်ကင်ဆာဖြစ်နေကြသည်ကို ကိုယ်တိုင်မြင်တွေ့နေရခြင်းဖြစ်တော့သည် ။

ထိုကြောင့် ကွမ်းဖြတ်ချင်လှပါသည်။ ခက်သည်က ထမင်းစားပြီး သည်နှင့် ကွမ်းတစ်ယာငုံရလျှင် ပြည့်စုံသွားသည်။

လက်ဖက်ရည်ပဲသောက်သောက် ၊ မုန့်ဟင်းခါးစားစား ၊ ဘာပဲစားစား စားပြီးတိုင်း ကွမ်းမစားရပါလျှင် အဆင်မပြေ ခံတွင်းတစ်ခုလုံး နေမထိထိုင်မထိ ချဉ်သလိုလို ချွဲသလို ဒုက္ခမျိုးကွမ်းသမားတိုင်း ကြုံရသည်ချည်းသာ။ ထိုအဖြစ်က ကွမ်းကြိုက်သူတိုင်းသိ၏။

နှစ်ပေါင်းများစွာ စွဲလန်းနှစ်ခြိုက်သောကွမ်းကို မည်သို့ဖြတ်မည်နည်း ထိုပြင် လူကြားထဲ ကွမ်းကြောင့်အခက်တွေ့ရတတ်သည် ။ သွားများသည်လည်း နီရာကညစ် အမည်းဂျိုးနှစ်တို့ ကပ်နေပြန်သည်။

ထိရောက်သောကွမ်းဖြတ်နည်းလေးအားတင်ပြလိုပါသည်

၁။ ဖြတ်ချင်သောစိတ်ဆန္ဒရှိရန် အထူးလိုခြင်း

၂။ ဆေးမင်းရာဇာ(ဆေးဘုရင်)ပင်မှ အရွက်စိမ်းကိုအသုံးပြုရန်

၃။ အရွက်မှာ အနံ့အတော်ပြင်းပြီး စိမ်းရွှေပါသည် ။ ထမင်းစားပြီးတိုင်း လက်ဖက်ရည်သောက်ပြီးတိုင်း ကွမ်းယာစားချင်လိုသော ဆန္ဒရှိလေတိုင်း ဆေးမင်းရာဇာရွက်(၂)ရွက်ကို လျှာပေါ်တင်ကြိတ်ဝါးပြီး ပါးစောင်တွင်ငုံထားပါ ။

ကွမ်းစားချင်သော စိတ်ပျောက်ကွယ်ပြီး ​နေထိုင်နိုင်ခြင်းဖြစ်ပါလိမ့်မည်။

၄။ အရွက်ရည်ကို မြိုချလည်းရပါသည်။ ​ထွေးထုတ်လည်းဖြစ်ပါသည် ။ အနံ့ဆိုးပါသည် လက်တွေ့စမ်းကြည့်ပါ

၅။ (၅)ရက်လောက်သာ တင်ပြပါနည်းကို စိတ်ယုံကြည်ချက်ဖြင့် လုပ်ဆောင်လိုက်ပါ ကွမ်းအမှန်ပြတ်ပါကြောင်း။

ဆေးဘုရင် ဆေးမင်းရာဇာ နတ်ဆေးပင်(ပြည့်စုံပင်)တောင်လုံးကျော်

ဆေးပင်၏ ပဥ္ဓငါးပါးသည် စိမ်းရွှေရွှေအနံ့ ရှိ၏

ဆေးအသုံးပြုပုံမှာ

(၁) သွားကိုက်ပါကအရွက်သုံးရွက်ကို လိပ်ပြီး အပေါ်သွားနှင့်အောက်သွား ညှပ်ထားပေးပါ

(၂) တစ်နေ့( ၂ )ရွက်စားပါက ခွန်အားဖြစ်ပါသည်

(၃) ကင်ဆာအကြိတ်ကို အရွက်ကြိတ်၍အုံပါ။

(၄) သွေးလေးဘက်နာဖြစ်ပါက အရွက်ကိုကြိတ်၍ အုံပါ။

(၅) ကျောက်ကပ်ရောဂါအတွက် အရွက်(၅)ရွက်ကို အခြောက်ပြု၍ လက်ဖက်ခြောက် လုပ်သောက်ကြသည်

(၆) ခွေးကိုက် ခြင်ကိုက် ပဒူကောင်းထိုးကင်းကိုက် ပုရွက်ဆိတ်​ကိုက်ပါက အရွက်နှင့်ပွတ်တိုက်ပါ။

(၇) ခေါင်းကိုက် မျက်စိနာ နားကိုက် အရွက်နှင့် ကပ်ပါ။

(၈) သွေးတိုးပါက(၃)ရွက်စားပါ။

(၉) ထိခိုက် ဒဏ်ရာများကို အရွက်ကြိတ်၍အုံပေးပါ။

(၁၀) ဝမ်းကိုက်ပါက အရွက်(၃)ရွက်စားပေးပါ

အခြားဆေးအသုံးများလည်းကျန်ရှိနေပါသေးသည်။

လိုသူယူသုံး စေတနာအပြုံးးဖြင့်

ရဲမျိုးသူ(ဗောဓိမြိုင်)