ဝါဆို သကၤန္း ကပ္လႉၾကတဲ့အေၾကာင္း အက်ိဳး သိမွတ္ဖြယ္ရာ

ဝါဆိုသင်္ကန်း ကပ်လှူရခြင်းအကျိုးနဲ့ဖြစ်ပေါ်လာပုံ အကျဉ်း

လမြတ် ဝါဆိုမှာ ဝါဆို သင်္ကန်း ကပ်လှူကြတဲ့အကြောင်း၊ အကျိုး သိကောင်းစရာအနေနဲ့ ဖော်ပြပေးလိုက်ပါတယ်။ ထေရဝါဒ ရဟန်းတော်များရဲ့ ဝါဆိုရာ ဝါတွင်းကာလ အချိန်နီးကပ်လာတာနဲ့အမျှ ဗုဒ္ဓဘာသာမြန်မာများရဲ့

ရဟန်းတော် များ ဝါတွင်းကာလ ဝတ်ရုံအသုံးပြုနိုင်ရန် ရည်မှန်းပြီး လှူဒါန်းကြတဲ့ ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းပွဲများဟာလည်း တဖြည်းဖြည်း အချိန်လုလာကြတာကို သတိထားမိလာပါတယ်။

ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းမယ့် ရက်ကို အလုအယက် ဖြစ်လာကြတဲ့အပိုင်းမှာ တစ်ချို့က ဝါဆိုသင်္ကန်းကိုဝါမဆိုခင် ပဲ ဆက်ကပ်လှူဒါန်း ကောင်းတယ်လို့ ထင်နေကြတဲ့ အတွက်ကြောင့်ဖြစ်သလို

တစ်ချို့လည်း ဝါဆိုသင်္ကန်းအလှူဟာဝါ မဆိုခင်လှူမှ ပိုပြီးကုသိုလ်ရကာ ဝါတွင်းသုံးလလုံးလုံး မိမိတို့ လှူဒါန်းထားတဲ့ သင်္ကန်းကို အပြည့် အဝဝတ်ရုံံသုံးဆောင် နိုင် ကြမှာ ဖြစ်တယ်လို့ လက်ခံယုံကြည်ထားကြတဲ့ အတွက်ကြောင့် လည်း ဖြစ်နိုင်ပါတယ်။

တစ်ချို့လည်း ဘာရယ်မဟုတ် သူများဝါဆိုသင်္ကန်းဆိုလို့ လိုက်ပြီးဝါဆိုသင်္ကန်း လုပ်လိုက်ရတာတွေလည်း ရှိတတ်ပါတယ်။ ဒါကြောင့် ဝါဆိုသင်္ကန်းနဲ့ ပတ်သက်ပြီး ဟိုလိုလိုဒီလိုလို ဖြစ်နေတဲ့

ဗုဒ္ဓဘာသာ အချို့အတွက် ဝါဆိုရည်မှန်းမြတ် သင်္ကန်းအကြောင်း တစ်စေ့တစ်စောင်း ရေးသားတင်ပြရခြင်း ဖြစ်ပါတယ်။

တကယ်တော့ ဝါဆိုသင်္ကန်းရဲ့ မူရင်းအခေါ်ကမိုးရေခံံသင်္ကန်းဆိုတဲ့ အခေါ်အဝေါ်ပဲ ဖြစ်ပါတယ်။ ပါဠိလိုတော့ဝဿာဝါသိကစီဝရ၊ ဒါမှမဟုတ် ဝဿိကသာဋိကစီဝရလို့ ခေါ်ပါတယ်။

ခုနောက်ပိုင်းတော့ ဒီ မိုးရေခံသင်္ကန်း ဆိုတဲ့ အခေါ်ကို အသုံးမပြုကြတော့ဘဲ ဝါဆိုသင်္ကန်းဆိုတဲ့ အမည်နဲ့ပဲ တွင်တွင်ကျယ်ကျယ် အသုံးပြုဖြစ်ခဲ့ကြ ပါတယ်။

ဘယ်လိုပဲခေါ်ခေါ် ရည်ရွယ်ချက်ကတော့ ဝါဆိုဝါကပ်ကြတဲ့ ရဟန်းတော်များ ဝါတွင်းကာလမှာ သင်္ကန်းနဲ့ ပတ်သက်ပြီးချမ်းချမ်းသာသာ ဖြစ်စေလိုကြတဲ့ ရည်ရွယ်ချက်ပဲ ဖြစ်ပါတယ်။ ပြီးတော့ ဒီသင်္ကန်းအလှူဟာ မိုးတွင်းကာလ

မှာ အပိုအနေ နဲ့ လဲလှယ်ဝတ်ရုံ အသုံးပြုနိုင်ဖို့ ဘုရားရှင် ခွင့်ပြုတော်မူခဲ့တဲ့ ဝိနည်းတော်နဲ့ ညီညွတ်တဲ့ သင်္ကန်းအလှု ဖြစ်လို့လည်း မွန်မြတ်တဲ့ စီဝရဒါနအလှူ ဖြစ်ပါတယ်။ ဒီဝါဆိုသင်္ကန်းအလှူ ခွင့်ပြုဖြစ်ခဲ့ရခြင်းရဲ့ အကြောင်းက ဝိသာခါ ဒါယိကမကြီးရဲ့ တောင်းလျှောက်မှု ရဲ့ ကောင်းမှုကြောင့်ပဲ ဖြစ်ပါတယ်။

တစ်ခါက မြတ်စွာဘုရားရှင် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်တွင် သီတင်းသုံး နေထိုင်တော်မူချိန် ကျွန်းကြီး လေးကျွန်းလုံးမှာ သဲသဲမဲမဲ မိုးကြီးရွာသွန်းခဲ့ပါတယ်။ လေးကျွန်းလုံး မိုးကြီးရွာသွန်းတာ ဖြစ်တဲ့အတွက် ဘုရားရှင်က ရဟန်းတော်များကို မိုးရေခံဖို့၊ မိုးရေးချိုးဖို့ ခွင့်ပြုတော်မူခဲ့ပါ တယ်။

အဲဒီအချိန်က ရဟန်းတော်များဟာ သင်္ကန်းအပို အလှူခံခွင့် မရှိကြသေးတဲ့အတွက် မိုးရေးချိုးတဲ့အခါ သင်္ကန်းအား လုံးကို ချွတ်ပြီး မီးမွေးတိုင်းဖမွေးတိုင်း မိုးရေးချိုးဖြစ်ခဲ့ကြပါတယ်။

တိုက်တိုက်ဆိုင်ဆိုင် ဆိုသလို အဲဒီနေ့မှာ ဘုရားအမှူး ရှိ တဲ့ သံဃာတော်များကို ဆွမ်းကပ်ဖို့ ပင့်လျှောက်ထားတဲ့ဝိသာခါ ဒါယိကာမကြီးကလည်း အလုပ်အကျွေး တစ်ယောက်ကို ဘုရားကျောင်းသွားပြီး ဆွမ်းကိစ္စ အကြောင်း ကြားဖို့စေလွှတ်လိုက်ပါတယ်။

အလုပ်အကျွေး ဒကာမဟာ ကျောင်းရောက်တဲ့အခါ မိုးရေချိုးနေကြတဲ့ ရဟန်းတော်များကိုတွေ့ ပြီး ကျောင်းမှာရဟန်းတော် များ မရှိဘဲ အဝတ်မဝတ်တဲ့ ဒိဋ္ဌိတက္ကဒွန်းတွေပဲ တွေ့ခဲ့ရကြောင်း ဝိသာခါကို ပြန်ပြောပြပါတယ်။

အခြေအနေ အရပ်ရပ်ကို သိနေတဲ့ ဝိသာခါက ဉာဏ်နဲ့ဆင်ခြင်ပြီး ဒါဟာ ရဟန်းတော်များ မိုးရေးချိုးနေကြတာ ဖြစ်နိုင်ကြောင်း၊ ဒါပေမယ့် သဒ္ဓါ တရား နည်းသူများက တက္ကဒွန်းများနဲ့ အထင်မှားနိုင်ကြောင်း သဘောပေါက်ကာမြတ်စွာဘုရားရှင် ကြွတော်မူလာတဲ့အခါ ရဟန်းတော်များအတွက်

ဝဿိကသာဋိကစီဝရခေါ် မိုးရေခံသင်္ကန်းကိုလှူဒါန်း ခွင့်ပြုဖို့ တောင်းပန် လျှောက်ထားခဲ့ပါ တယ်။ ဒါကို မြတ်စွာဘုရားရှင်ကလည်း ဝိနည်းသိက္ခာပုဒ် ပညတ်ကာ မိုးရေခံသင်္ကန်း အလှူခံမှုကို ခွင့်ပြုတော်မူ ခဲ့ပါတယ်။အဲဒီ အချိန်ကစပြီး ဒီနေ့အထိ မိုးရေခံသင်္ကန်းခေါ် ဝါဆိုသင်္ကန်း ကပ်လှူခြင်း အစဉ်အလာ ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်ပါတယ်။

မိုးရေခံသင်္ကန်း ခေါ် ဝါဆိုသင်္ကန်း ခွင့်ပြုပြီးတဲ့ နောက်ပိုင်းမှာ ဒီသင်္ကန်းကို လှူဒါန်းမှုနဲ့ ပတ်သက်ပြီး အချိန် ကာလသတ်မှတ်ချက် အကြောင်းလည်း ပြောဖို့လိုလာပါတယ်။

ဒီမိုးရေခံသင်္ကန်းနဲ့ ပတ်သက်ပြီး ရဟန်းတော်များအနေနဲ့ ကိုယ်တိုင်ချုပ်လုပ်ပြီး သုံးဆောင်မယ်ဆိုရင်တော့ ပြု လုပ်နိုင်တဲ့ ကာလက နယုန်လပြည့်ကျော် (၁)ရက်နေ့ကစပြီး မိုးလေးလကုန်တဲ့အထိ ရှားမှီချုပ်လုပ်နိုင်ပါတယ်။

ဒီသင်္ကန်းကို လှူဒါန်း တဲ့ အလှူရှင်များ အနေနဲ့ကတော့ ကာလသတ်မှတ်ချက် မရှိဘဲ ဝါဆိုသင်္ကန်းအဖြစ်ရည်မှန်းပြီးတော့ဝါတွင်းပဲုဖြစ်ဖြစ်၊ ဝါပ ပဲဖြစ်ဖြစ် ကြိုက်တဲ့အချိန်မှာကြိုက်သလောက် ဆက်ကပ်လှူဒါန်းနိုင်တာ ဖြစ် ပါတယ်။

ဝါဆိုသင်္ကန်း လှူဒါန်းလိုတဲ့ အလှူရှင်တွေအတွက် ဝါမဆိုခင်လှူရတာတို့၊ ဘယ်နေ့ကစပြီး ဘယ်နေ့အထိပဲ လှူရတာတို့ စတဲ့သတ်မှတ်ချက်တွေ မရှိပါဘူး။ ဝါဆိုသင်္ကန်းလို့ ရည်မှန်းပြီး လှူဒါန်းရုံနဲ့ ဝါဆိုသင်္ကန်းအလှူမြောက်ပြီး ဖြစ်ပါတယ်။

ဝါဆိုသင်္ကန်း အလှူ နဲ့ ကထိန်သင်္ကန်းအလှူ ပြီးတော့ ရိုးရိုးသင်္ကန်းအလှူ ဘယ်လိုကွာခြားလဲလို့ မေး စရာ မေးခွန်းတွေ လည်း ရှိလာနိုင်ပါတယ်။ ယေဘုယျပြောရရင်တော့ စီဝရဒါနခေါ် အဝတ်သင်္ကန်း အလှူဟာ စေတနာပြတ်ပြီးလှူဒါန်း မယ်ဆိုရင် အကျိုးတရားက အပြည့်အဝ ရပြီးသားပဲ ဖြစ်ပါတယ်။

ဗုဒ္ဓစာပေတွေမှာ အဝတ်သင်္ကန်းကို လှူဒါန်းခြင်းဟာ အဆင်းကိုလှူဒါန်းရာ ရောက်တဲ့အတွက် ရုပ်ရည်အဆင်း လှပခြင်းကို ဖြစ်စေတတ်ကြောင်း၊ အမြင့်မြတ်ဆုံး အနေနဲ့ သင်္ကန်းအလှူကို

လှူဒါန်းတဲ့သူဟာ ဒကာတွေဆိုရင် ဘုရားတစ်ဆူဆူ အထံ တော်မှာ ဧဟိဘိက္ခု (ချစ်သားလာလော့) အခေါ်ခံရပြီး အလွယ်တကူ ရဟန်းအသွင်ကို ရရှိစေကာမဂ်ဖိုလ်နိဗ္ဗာန် ဝင်စံနိုင် သလို၊ အမျိုးသမီးတွေ ဆိုရင်လည်း

လောကီအကျိုးအနေနဲ့ အလွန် အဖိုး ထိုက်တန်တဲ့ မဟာလတာတန်ဆာကို ဝတ်ဆင် မြန်းနိုင်ပြီး နောက်ပိုင်း ဘုရားသာသနာနဲ့ ကြုံတွေ့ကာ နိဗ္ဗာန် ကို မျက်မှောက်ပြုနိုင်တဲ့အထိ အထောက်အပံ့ကို ဖြစ်စေ ကြောင်း စသဖြင့် ဖွင့်ဆိုရှင်းပြထားတာကို တွေ့ ရပါ တယ်။

ဒါကအမျိုးအမည် မကွဲပြားတဲ့ သင်္ကန်းအလှူရဲ့ အကျိုးပေးပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ကထိန်သင်္ကန်းတို့၊ ဝါဆို သင်္ကန်းတို့ ဆိုတာကတော့ ကာလအပိုင်းအခြား သတ်မှတ်ပြီး လှူဒါန်းတဲ့ အလှူတွေဖြစ်တဲ့အတွက် စီဝရ ဒါနခေါ် သင်္ကန်းအလှူ မြောက်ရုံတင်မဟုတ်ဘဲ ကာလဒါနလည်း မြောက်တဲ့အတွက် အကျိုးတရား ပိုပြီး ထူးခြားတယ်လို့ ပြောနိုင်မှာဖြစ်ပါတယ်။

ကာလဒါန အလှူရဲ့သဘောက အကျိုးပေးတဲ့အခါ ကိုယ်လိုတဲ့အချိန်မှာ လိုအပ်ချိန်နဲ့ကိုက်ညီတဲ့၊ လိုအပ်ချိန်မှာလိုအပ်တဲ့ အရာကို အလွယ်တကူ ရစေနိုင်တဲ့ အကျိုးထူးကိုလည်း ဖြစ်စေတတ်ပါတယ်။

ဝါဆိုသင်္ကန်း အလှူဟာ အမြဲမပြတ် ကုသိုလ်ဖြစ်စေတဲ့ နိဗဒ္ဓအလှူ (၇)မျိုးထဲမှာ ပါဝင်တဲ့ ကုသိုလ်ဖြစ်ပြီးဒီကုသိုလ်ကို အမြဲ မပြတ် ဆင်ခြင်ပွားများနေမယ်ဆိုရင် သေပြီးနောက် ဒုတိယ ဘဝမှာ အပါယ်မလားဘူးလို့ လည်းအဋ္ဌကထာ ဆရာ များက ဖွင့်ပြထားပါတယ်။

နိဗဒ္ဓဆိုတာ အမြဲမပြတ် ကုသိုလ်ဖြစ်စေအပ်တယ်လို့ အဓိပ္ပါယ်ရပြီးအဲဒီလို အမြဲမပြတ် ကုသိုလ် ဖြစ်စေအပ်တဲ့ နိဗဒ္ဓအလှူ (၇)မျိုးက

၁။ သရဏဂုံတည်နေခြင်း

၂။ ငါးပါးသီလလုံခြုံနေခြင်း

၃။ စာရေးတံမဲအလှူ လှူဒါန်းခြင်း

၄။ လပြည့်လကွယ် ၁၅ရက်နေ့များမှာ လှူဒါန်းတဲ့ ပက္ခအလှူ လှူဒါန်းခြင်း

၅။ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း

၆။ ရေတွင်းရေကန် တူးဖော်လှူဒါန်းခြင်း

၇။ ကျောင်းဆောက်လုပ် လှူဒါန်းခြင်း တို့ပဲ ဖြစ်ပါတယ်။

ဒီအလှူတွေထဲက နံပါတ် (၅)အလှူဟာ ဝါဆိုသင်္ကန်းအလှူဖြစ်ပြီး ဒီခုနှစ်မျိုးထဲက တစ်မျိုးမျိုးကို စွဲမြဲအောင်ထိန်းသိမ်း ပြုလုပ်ထားမယ်ဆိုရင် ဒုတိယဘဝမှာ အပါယ်မလားဘူးလို့ ဆိုခြင်း ဖြစ်ပါတယ်။

ဒီနေရာမှာ အထူးသတိပြုရမှာက ဝါဆိုသင်္ကန်းအလှူဟာနိဗဒ္ဓအလှူတွေထဲပါနေတဲ့အတွက်ဒီဝါဆိုသင်္ကန်းအလှူကိုလှူထားလိုက်ရုံနဲ့အပါယ်မလားတော့ဘူးလို့ တထစ်ချပြောလို့မရပါဘူး။

နိဗဒ္ဓအလှူတစ်ခုခုကိုလုပ်ထားပေမယ့်လည်းဒီအလှူထက်တစ်ခြားအပါယ်လားစေတဲ့အကုသိုလ်တွေကအားကြီးနေမယ် ဆိုရင်တော့ အပါယ်လားနိုင်ပါသေးတယ်။

တစ်ခြား အကုသိုလ်တွေမရှိဘူးဆိုရင်တော့ ဒီနိဗဒ္ဓအလှူထဲကတစ်မျိုးမျိုးကိုပြုလုပ်ထားသူဟာအပါယ်မလားနိုင်ဘူးလို့ ဆိုလိုတာ ဖြစ်ပါတယ်။

ဝါဆိုသင်္ကန်းအလှူဟာ စီဝရဒါနအလှူ ဖြစ်သလို ကာလဒါနအလှူလည်း ဖြစ်တဲ့အတွက် ဒီသင်္ကန်းကို လှူဒါန်းတဲ့သူတွေဟာ သင်္ကန်းလှူရကျိုးအပြင် အလိုရှိချိန်မှာလိုတာကိုရစေနိုင်တဲ့ကာလဒါနအကျိုးကို လည်း ရရှိနိုင်ပြီးအဝတ်သင်္ကန်းကိုလှူဒါန်းခြင်းဟာ

အဆင်းကိုလည်း လှူဒါန်းရာ ရောက်တဲ့အတွက် ရုပ်ရည်အဆင်းလှပခြင်းနဲ့ပြည့်စုံနိုင်ကြောင်း၊ ပါရမီပြည့်မြောက်လို့ နောက်ဆုံးရောက်တဲ့ အချိန်မှာလည်း သင်္ကန်းလှူရတဲ့အကျိုးအားကြောင့်ရဟန်းဘဝကိုအလွယ်တကူရရှိကာမဂ်ဖိုလ်နိဗ္ဗာန်အထိမျက်မှောက်ပြုနိုင်ကြောင်း စသဖြင့်ပြောလိုတာ ဖြစ်ပါတယ်။

လက်တွေ့အနေနဲ့ ဒီသင်္ကန်းလှူဒါန်းတဲ့ ကုသိုလ်အပေါ်မှာ စွဲမြဲတဲ့စိတ်ထားနဲ့ ကုသိုလ်တရားပွားပြီး တခြား အပါယ်လားစေမယ့် အကုသိုလ်တရားတွေကိုလည်း ရှောင်ရှားထားမယ်ဆိုရင် သေပြီးနောက် ဒုတိယဘဝမှာ အပါယ်တံခါးပိတ်ထားနိုင်တဲ့ အကျိုးရလာဘ်ကို ရရှိခံစားစေမှာ ဖြစ်ပါတယ်။

ဒါကြောင့်် အလှူအမျိုးမျိုးရှိတဲ့အထဲက ဝါဆိုရည်မှန်း မြတ်သင်္ကန်းအလှူဟာလည်း အမြတ်ဆုံး အလှူတွေထဲကအကောင်းဆုံး အလှူ တစ်ခုဖြစ်တဲ့အတွက်

အကြောင်းစုံလို့ လှူဒါန်းခွင့်ကြုံတဲ့အခါ ဒီအမြတ်ဆုံး အလှူတစ်ခုဖြစ်တဲ့ဝါဆိုသင်္ကန်း အလှူကို လည်း အဆင်ပြေတဲ့အချိန်မှာ အဆင်ပြေသလို ရည်မှန်းကာ လှူဒါန်းကြည့်ကြဖို့ တိုက်တွန်းရင်း ဝါဆိုရည်မှန်း မြတ် သင်္ကန်း အကြောင်း တစ်စေ့တစ်စောင်း တင်ပြလိုက်ရပါတယ်

ဆန်းသစ်လွင်

Zawgyi

ဝါဆိုသကၤန္း ကပ္လႉရျခင္းအက်ိဳးနဲ႔ျဖစ္ေပၚလာပုံ အက်ဥ္း

လျမတ္ ဝါဆိုမွာ ဝါဆို သကၤန္း ကပ္လႉၾကတဲ့အေၾကာင္း၊ အက်ိဳး သိေကာင္းစရာအေနနဲ႔ ေဖာ္ျပေပးလိုက္ပါတယ္။ ေထရဝါဒ ရဟန္းေတာ္မ်ားရဲ႕ ဝါဆိုရာ ဝါတြင္းကာလ အခ်ိန္နီးကပ္လာတာနဲ႔အမွ် ဗုဒၶဘာသာျမန္မာမ်ားရဲ႕

ရဟန္းေတာ္ မ်ား ဝါတြင္းကာလ ဝတ္႐ုံအသုံးျပဳႏိုင္ရန္ ရည္မွန္းၿပီး လႉဒါန္းၾကတဲ့ ဝါဆိုသကၤန္းဆက္ကပ္ လႉဒါန္းပြဲမ်ားဟာလည္း တျဖည္းျဖည္း အခ်ိန္လုလာၾကတာကို သတိထားမိလာပါတယ္။

ဝါဆိုသကၤန္း ဆက္ကပ္လႉဒါန္းမယ့္ ရက္ကို အလုအယက္ ျဖစ္လာၾကတဲ့အပိုင္းမွာ တစ္ခ်ိဳ႕က ဝါဆိုသကၤန္းကိုဝါမဆိုခင္ ပဲ ဆက္ကပ္လႉဒါန္း ေကာင္းတယ္လို႔ ထင္ေနၾကတဲ့ အတြက္ေၾကာင့္ျဖစ္သလို

တစ္ခ်ိဳ႕လည္း ဝါဆိုသကၤန္းအလႉဟာဝါ မဆိုခင္လႉမွ ပိုၿပီးကုသိုလ္ရကာ ဝါတြင္းသုံးလလုံးလုံး မိမိတို႔ လႉဒါန္းထားတဲ့ သကၤန္းကို အျပည့္ အဝဝတ္႐ုံံသုံးေဆာင္ ႏိုင္ ၾကမွာ ျဖစ္တယ္လို႔ လက္ခံယုံၾကည္ထားၾကတဲ့ အတြက္ေၾကာင့္ လည္း ျဖစ္ႏိုင္ပါတယ္။

တစ္ခ်ိဳ႕လည္း ဘာရယ္မဟုတ္ သူမ်ားဝါဆိုသကၤန္းဆိုလို႔ လိုက္ၿပီးဝါဆိုသကၤန္း လုပ္လိုက္ရတာေတြလည္း ရွိတတ္ပါတယ္။ ဒါေၾကာင့္ ဝါဆိုသကၤန္းနဲ႔ ပတ္သက္ၿပီး ဟိုလိုလိုဒီလိုလို ျဖစ္ေနတဲ့

ဗုဒၶဘာသာ အခ်ိဳ႕အတြက္ ဝါဆိုရည္မွန္းျမတ္ သကၤန္းအေၾကာင္း တစ္ေစ့တစ္ေစာင္း ေရးသားတင္ျပရျခင္း ျဖစ္ပါတယ္။

တကယ္ေတာ့ ဝါဆိုသကၤန္းရဲ႕ မူရင္းအေခၚကမိုးေရခံံသကၤန္းဆိုတဲ့ အေခၚအေဝၚပဲ ျဖစ္ပါတယ္။ ပါဠိလိုေတာ့ဝႆာဝါသိကစီဝရ၊ ဒါမွမဟုတ္ ဝႆိကသာဋိကစီဝရလို႔ ေခၚပါတယ္။

ခုေနာက္ပိုင္းေတာ့ ဒီ မိုးေရခံသကၤန္း ဆိုတဲ့ အေခၚကို အသုံးမျပဳၾကေတာ့ဘဲ ဝါဆိုသကၤန္းဆိုတဲ့ အမည္နဲ႔ပဲ တြင္တြင္က်ယ္က်ယ္ အသုံးျပဳျဖစ္ခဲ့ၾက ပါတယ္။

ဘယ္လိုပဲေခၚေခၚ ရည္႐ြယ္ခ်က္ကေတာ့ ဝါဆိုဝါကပ္ၾကတဲ့ ရဟန္းေတာ္မ်ား ဝါတြင္းကာလမွာ သကၤန္းနဲ႔ ပတ္သက္ၿပီးခ်မ္းခ်မ္းသာသာ ျဖစ္ေစလိုၾကတဲ့ ရည္႐ြယ္ခ်က္ပဲ ျဖစ္ပါတယ္။ ၿပီးေတာ့ ဒီသကၤန္းအလႉဟာ မိုးတြင္းကာလ

မွာ အပိုအေန နဲ႔ လဲလွယ္ဝတ္႐ုံ အသုံးျပဳႏိုင္ဖို႔ ဘုရားရွင္ ခြင့္ျပဳေတာ္မူခဲ့တဲ့ ဝိနည္းေတာ္နဲ႔ ညီၫြတ္တဲ့ သကၤန္းအလႈ ျဖစ္လို႔လည္း မြန္ျမတ္တဲ့ စီဝရဒါနအလႉ ျဖစ္ပါတယ္။ ဒီဝါဆိုသကၤန္းအလႉ ခြင့္ျပဳျဖစ္ခဲ့ရျခင္းရဲ႕ အေၾကာင္းက ဝိသာခါ ဒါယိကမႀကီးရဲ႕ ေတာင္းေလွ်ာက္မႈ ရဲ႕ ေကာင္းမႈေၾကာင့္ပဲ ျဖစ္ပါတယ္။

တစ္ခါက ျမတ္စြာဘုရားရွင္ သာဝတၳိျပည္ ေဇတဝန္ေက်ာင္းေတာ္တြင္ သီတင္းသုံး ေနထိုင္ေတာ္မူခ်ိန္ ကြၽန္းႀကီး ေလးကြၽန္းလုံးမွာ သဲသဲမဲမဲ မိုးႀကီး႐ြာသြန္းခဲ့ပါတယ္။ ေလးကြၽန္းလုံး မိုးႀကီး႐ြာသြန္းတာ ျဖစ္တဲ့အတြက္ ဘုရားရွင္က ရဟန္းေတာ္မ်ားကို မိုးေရခံဖို႔၊ မိုးေရးခ်ိဳးဖို႔ ခြင့္ျပဳေတာ္မူခဲ့ပါ တယ္။

အဲဒီအခ်ိန္က ရဟန္းေတာ္မ်ားဟာ သကၤန္းအပို အလႉခံခြင့္ မရွိၾကေသးတဲ့အတြက္ မိုးေရးခ်ိဳးတဲ့အခါ သကၤန္းအား လုံးကို ခြၽတ္ၿပီး မီးေမြးတိုင္းဖေမြးတိုင္း မိုးေရးခ်ိဳးျဖစ္ခဲ့ၾကပါတယ္။

တိုက္တိုက္ဆိုင္ဆိုင္ ဆိုသလို အဲဒီေန႔မွာ ဘုရားအမႉး ရွိ တဲ့ သံဃာေတာ္မ်ားကို ဆြမ္းကပ္ဖို႔ ပင့္ေလွ်ာက္ထားတဲ့ဝိသာခါ ဒါယိကာမႀကီးကလည္း အလုပ္အေကြၽး တစ္ေယာက္ကို ဘုရားေက်ာင္းသြားၿပီး ဆြမ္းကိစၥ အေၾကာင္း ၾကားဖို႔ေစလႊတ္လိုက္ပါတယ္။

အလုပ္အေကြၽး ဒကာမဟာ ေက်ာင္းေရာက္တဲ့အခါ မိုးေရခ်ိဳးေနၾကတဲ့ ရဟန္းေတာ္မ်ားကိုေတြ႕ ၿပီး ေက်ာင္းမွာရဟန္းေတာ္ မ်ား မရွိဘဲ အဝတ္မဝတ္တဲ့ ဒိ႒ိတကၠဒြန္းေတြပဲ ေတြ႕ခဲ့ရေၾကာင္း ဝိသာခါကို ျပန္ေျပာျပပါတယ္။

အေျခအေန အရပ္ရပ္ကို သိေနတဲ့ ဝိသာခါက ဉာဏ္နဲ႔ဆင္ျခင္ၿပီး ဒါဟာ ရဟန္းေတာ္မ်ား မိုးေရးခ်ိဳးေနၾကတာ ျဖစ္ႏိုင္ေၾကာင္း၊ ဒါေပမယ့္ သဒၶါ တရား နည္းသူမ်ားက တကၠဒြန္းမ်ားနဲ႔ အထင္မွားႏိုင္ေၾကာင္း သေဘာေပါက္ကာျမတ္စြာဘုရားရွင္ ႂကြေတာ္မူလာတဲ့အခါ ရဟန္းေတာ္မ်ားအတြက္

ဝႆိကသာဋိကစီဝရေခၚ မိုးေရခံသကၤန္းကိုလႉဒါန္း ခြင့္ျပဳဖို႔ ေတာင္းပန္ ေလွ်ာက္ထားခဲ့ပါ တယ္။ ဒါကို ျမတ္စြာဘုရားရွင္ကလည္း ဝိနည္းသိကၡာပုဒ္ ပညတ္ကာ မိုးေရခံသကၤန္း အလႉခံမႈကို ခြင့္ျပဳေတာ္မူ ခဲ့ပါတယ္။အဲဒီ အခ်ိန္ကစၿပီး ဒီေန႔အထိ မိုးေရခံသကၤန္းေခၚ ဝါဆိုသကၤန္း ကပ္လႉျခင္း အစဥ္အလာ ျဖစ္ေပၚလာခဲ့ျခင္း ျဖစ္ပါတယ္။

မိုးေရခံသကၤန္း ေခၚ ဝါဆိုသကၤန္း ခြင့္ျပဳၿပီးတဲ့ ေနာက္ပိုင္းမွာ ဒီသကၤန္းကို လႉဒါန္းမႈနဲ႔ ပတ္သက္ၿပီး အခ်ိန္ ကာလသတ္မွတ္ခ်က္ အေၾကာင္းလည္း ေျပာဖို႔လိုလာပါတယ္။

ဒီမိုးေရခံသကၤန္းနဲ႔ ပတ္သက္ၿပီး ရဟန္းေတာ္မ်ားအေနနဲ႔ ကိုယ္တိုင္ခ်ဳပ္လုပ္ၿပီး သုံးေဆာင္မယ္ဆိုရင္ေတာ့ ျပဳ လုပ္ႏိုင္တဲ့ ကာလက နယုန္လျပည့္ေက်ာ္ (၁)ရက္ေန႔ကစၿပီး မိုးေလးလကုန္တဲ့အထိ ရွားမွီခ်ဳပ္လုပ္ႏိုင္ပါတယ္။

ဒီသကၤန္းကို လႉဒါန္း တဲ့ အလႉရွင္မ်ား အေနနဲ႔ကေတာ့ ကာလသတ္မွတ္ခ်က္ မရွိဘဲ ဝါဆိုသကၤန္းအျဖစ္ရည္မွန္းၿပီးေတာ့ဝါတြင္းပဲုျဖစ္ျဖစ္၊ ဝါပ ပဲျဖစ္ျဖစ္ ႀကိဳက္တဲ့အခ်ိန္မွာႀကိဳက္သေလာက္ ဆက္ကပ္လႉဒါန္းႏိုင္တာ ျဖစ္ ပါတယ္။

ဝါဆိုသကၤန္း လႉဒါန္းလိုတဲ့ အလႉရွင္ေတြအတြက္ ဝါမဆိုခင္လႉရတာတို႔၊ ဘယ္ေန႔ကစၿပီး ဘယ္ေန႔အထိပဲ လႉရတာတို႔ စတဲ့သတ္မွတ္ခ်က္ေတြ မရွိပါဘူး။ ဝါဆိုသကၤန္းလို႔ ရည္မွန္းၿပီး လႉဒါန္း႐ုံနဲ႔ ဝါဆိုသကၤန္းအလႉေျမာက္ၿပီး ျဖစ္ပါတယ္။

ဝါဆိုသကၤန္း အလႉ နဲ႔ ကထိန္သကၤန္းအလႉ ၿပီးေတာ့ ႐ိုး႐ိုးသကၤန္းအလႉ ဘယ္လိုကြာျခားလဲလို႔ ေမး စရာ ေမးခြန္းေတြ လည္း ရွိလာႏိုင္ပါတယ္။ ေယဘုယ်ေျပာရရင္ေတာ့ စီဝရဒါနေခၚ အဝတ္သကၤန္း အလႉဟာ ေစတနာျပတ္ၿပီးလႉဒါန္း မယ္ဆိုရင္ အက်ိဳးတရားက အျပည့္အဝ ရၿပီးသားပဲ ျဖစ္ပါတယ္။

ဗုဒၶစာေပေတြမွာ အဝတ္သကၤန္းကို လႉဒါန္းျခင္းဟာ အဆင္းကိုလႉဒါန္းရာ ေရာက္တဲ့အတြက္ ႐ုပ္ရည္အဆင္း လွပျခင္းကို ျဖစ္ေစတတ္ေၾကာင္း၊ အျမင့္ျမတ္ဆုံး အေနနဲ႔ သကၤန္းအလႉကို

လႉဒါန္းတဲ့သူဟာ ဒကာေတြဆိုရင္ ဘုရားတစ္ဆူဆူ အထံ ေတာ္မွာ ဧဟိဘိကၡဳ (ခ်စ္သားလာေလာ့) အေခၚခံရၿပီး အလြယ္တကူ ရဟန္းအသြင္ကို ရရွိေစကာမဂ္ဖိုလ္နိဗၺာန္ ဝင္စံႏိုင္ သလို၊ အမ်ိဳးသမီးေတြ ဆိုရင္လည္း

ေလာကီအက်ိဳးအေနနဲ႔ အလြန္ အဖိုး ထိုက္တန္တဲ့ မဟာလတာတန္ဆာကို ဝတ္ဆင္ ျမန္းႏိုင္ၿပီး ေနာက္ပိုင္း ဘုရားသာသနာနဲ႔ ႀကဳံေတြ႕ကာ နိဗၺာန္ ကို မ်က္ေမွာက္ျပဳႏိုင္တဲ့အထိ အေထာက္အပံ့ကို ျဖစ္ေစ ေၾကာင္း စသျဖင့္ ဖြင့္ဆိုရွင္းျပထားတာကို ေတြ႕ ရပါ တယ္။

ဒါကအမ်ိဳးအမည္ မကြဲျပားတဲ့ သကၤန္းအလႉရဲ႕ အက်ိဳးေပးပဲ ျဖစ္ပါတယ္။ ဒါေပမယ့္ ကထိန္သကၤန္းတို႔၊ ဝါဆို သကၤန္းတို႔ ဆိုတာကေတာ့ ကာလအပိုင္းအျခား သတ္မွတ္ၿပီး လႉဒါန္းတဲ့ အလႉေတြျဖစ္တဲ့အတြက္ စီဝရ ဒါနေခၚ သကၤန္းအလႉ ေျမာက္႐ုံတင္မဟုတ္ဘဲ ကာလဒါနလည္း ေျမာက္တဲ့အတြက္ အက်ိဳးတရား ပိုၿပီး ထူးျခားတယ္လို႔ ေျပာႏိုင္မွာျဖစ္ပါတယ္။

ကာလဒါန အလႉရဲ႕သေဘာက အက်ိဳးေပးတဲ့အခါ ကိုယ္လိုတဲ့အခ်ိန္မွာ လိုအပ္ခ်ိန္နဲ႔ကိုက္ညီတဲ့၊ လိုအပ္ခ်ိန္မွာလိုအပ္တဲ့ အရာကို အလြယ္တကူ ရေစႏိုင္တဲ့ အက်ိဳးထူးကိုလည္း ျဖစ္ေစတတ္ပါတယ္။

ဝါဆိုသကၤန္း အလႉဟာ အၿမဲမျပတ္ ကုသိုလ္ျဖစ္ေစတဲ့ နိဗဒၶအလႉ (၇)မ်ိဳးထဲမွာ ပါဝင္တဲ့ ကုသိုလ္ျဖစ္ၿပီးဒီကုသိုလ္ကို အၿမဲ မျပတ္ ဆင္ျခင္ပြားမ်ားေနမယ္ဆိုရင္ ေသၿပီးေနာက္ ဒုတိယ ဘဝမွာ အပါယ္မလားဘူးလို႔ လည္းအ႒ကထာ ဆရာ မ်ားက ဖြင့္ျပထားပါတယ္။

နိဗဒၶဆိုတာ အၿမဲမျပတ္ ကုသိုလ္ျဖစ္ေစအပ္တယ္လို႔ အဓိပၸါယ္ရၿပီးအဲဒီလို အၿမဲမျပတ္ ကုသိုလ္ ျဖစ္ေစအပ္တဲ့ နိဗဒၶအလႉ (၇)မ်ိဳးက

၁။ သရဏဂုံတည္ေနျခင္း

၂။ ငါးပါးသီလလုံၿခဳံေနျခင္း

၃။ စာေရးတံမဲအလႉ လႉဒါန္းျခင္း

၄။ လျပည့္လကြယ္ ၁၅ရက္ေန႔မ်ားမွာ လႉဒါန္းတဲ့ ပကၡအလႉ လႉဒါန္းျခင္း

၅။ ဝါဆိုသကၤန္း ဆက္ကပ္လႉဒါန္းျခင္း

၆။ ေရတြင္းေရကန္ တူးေဖာ္လႉဒါန္းျခင္း

၇။ ေက်ာင္းေဆာက္လုပ္ လႉဒါန္းျခင္း တို႔ပဲ ျဖစ္ပါတယ္။

ဒီအလႉေတြထဲက နံပါတ္ (၅)အလႉဟာ ဝါဆိုသကၤန္းအလႉျဖစ္ၿပီး ဒီခုႏွစ္မ်ိဳးထဲက တစ္မ်ိဳးမ်ိဳးကို စြဲၿမဲေအာင္ထိန္းသိမ္း ျပဳလုပ္ထားမယ္ဆိုရင္ ဒုတိယဘဝမွာ အပါယ္မလားဘူးလို႔ ဆိုျခင္း ျဖစ္ပါတယ္။

ဒီေနရာမွာ အထူးသတိျပဳရမွာက ဝါဆိုသကၤန္းအလႉဟာနိဗဒၶအလႉေတြထဲပါေနတဲ့အတြက္ဒီဝါဆိုသကၤန္းအလႉကိုလႉထားလိုက္႐ုံနဲ႔အပါယ္မလားေတာ့ဘူးလို႔ တထစ္ခ်ေျပာလို႔မရပါဘူး။

နိဗဒၶအလႉတစ္ခုခုကိုလုပ္ထားေပမယ့္လည္းဒီအလႉထက္တစ္ျခားအပါယ္လားေစတဲ့အကုသိုလ္ေတြကအားႀကီးေနမယ္ ဆိုရင္ေတာ့ အပါယ္လားႏိုင္ပါေသးတယ္။

တစ္ျခား အကုသိုလ္ေတြမရွိဘူးဆိုရင္ေတာ့ ဒီနိဗဒၶအလႉထဲကတစ္မ်ိဳးမ်ိဳးကိုျပဳလုပ္ထားသူဟာအပါယ္မလားႏိုင္ဘူးလို႔ ဆိုလိုတာ ျဖစ္ပါတယ္။

ဝါဆိုသကၤန္းအလႉဟာ စီဝရဒါနအလႉ ျဖစ္သလို ကာလဒါနအလႉလည္း ျဖစ္တဲ့အတြက္ ဒီသကၤန္းကို လႉဒါန္းတဲ့သူေတြဟာ သကၤန္းလႉရက်ိဳးအျပင္ အလိုရွိခ်ိန္မွာလိုတာကိုရေစႏိုင္တဲ့ကာလဒါနအက်ိဳးကို လည္း ရရွိႏိုင္ၿပီးအဝတ္သကၤန္းကိုလႉဒါန္းျခင္းဟာ

အဆင္းကိုလည္း လႉဒါန္းရာ ေရာက္တဲ့အတြက္ ႐ုပ္ရည္အဆင္းလွပျခင္းနဲ႔ျပည့္စုံႏိုင္ေၾကာင္း၊ ပါရမီျပည့္ေျမာက္လို႔ ေနာက္ဆုံးေရာက္တဲ့ အခ်ိန္မွာလည္း သကၤန္းလႉရတဲ့အက်ိဳးအားေၾကာင့္ရဟန္းဘဝကိုအလြယ္တကူရရွိကာမဂ္ဖိုလ္နိဗၺာန္အထိမ်က္ေမွာက္ျပဳႏိုင္ေၾကာင္း စသျဖင့္ေျပာလိုတာ ျဖစ္ပါတယ္။

လက္ေတြ႕အေနနဲ႔ ဒီသကၤန္းလႉဒါန္းတဲ့ ကုသိုလ္အေပၚမွာ စြဲၿမဲတဲ့စိတ္ထားနဲ႔ ကုသိုလ္တရားပြားၿပီး တျခား အပါယ္လားေစမယ့္ အကုသိုလ္တရားေတြကိုလည္း ေရွာင္ရွားထားမယ္ဆိုရင္ ေသၿပီးေနာက္ ဒုတိယဘဝမွာ အပါယ္တံခါးပိတ္ထားႏိုင္တဲ့ အက်ိဳးရလာဘ္ကို ရရွိခံစားေစမွာ ျဖစ္ပါတယ္။

ဒါေၾကာင့္္ အလႉအမ်ိဳးမ်ိဳးရွိတဲ့အထဲက ဝါဆိုရည္မွန္း ျမတ္သကၤန္းအလႉဟာလည္း အျမတ္ဆုံး အလႉေတြထဲကအေကာင္းဆုံး အလႉ တစ္ခုျဖစ္တဲ့အတြက္

အေၾကာင္းစုံလို႔ လႉဒါန္းခြင့္ႀကဳံတဲ့အခါ ဒီအျမတ္ဆုံး အလႉတစ္ခုျဖစ္တဲ့ဝါဆိုသကၤန္း အလႉကို လည္း အဆင္ေျပတဲ့အခ်ိန္မွာ အဆင္ေျပသလို ရည္မွန္းကာ လႉဒါန္းၾကည့္ၾကဖို႔ တိုက္တြန္းရင္း ဝါဆိုရည္မွန္း ျမတ္ သကၤန္း အေၾကာင္း တစ္ေစ့တစ္ေစာင္း တင္ျပလိုက္ရပါတယ္

ဆန္းသစ္လြင္

Be the first to comment

Leave a Reply

Your email address will not be published.


*