ပါးပြီး ကြည့်ရဆိုးနေတဲ့ ဆံသားတွေကို သဘာဝအတိုင်း ပြန်ထူလာစေမယ့် နည်း

ပါးပြီး ကြည့်ရဆိုးနေတဲ့ ဆံသားတွေကို သဘာဝအတိုင်း ပြန်ထူလာစေမယ့် နည်းလမ်းများ

ဆံပင်က လူတစ်ယောက်ရဲ့ ဒုတိယမျက်နှာလို့ပြောရင်လည်းမမှားပါဘူး ။ မျက်နှာလှပဖို့ ခန္ဓာကိုယ်လှပဖို့ ဂရုစိုက်ကြသလို ဆံပင်တွေ ကျွတ်ပြီး ပါးလာမယ် ၊ ထိပ်တွေကွက်လာနေပြီဆိုရင်တော့ အထူးဂရုစိုက်ပေးဖို့လိုပါတယ်။

ဆံပင်တွေပြန်ပေါက်လာစေဖို့ အထိရောက်ဆုံးဖြစ်တဲ့ နည်းလေးတွေလည်း ရှိပါတယ် ။ ဖော်ပြပါနည်းလေးတွေကိုဂရုတစိုက်နဲ့လုပ်ပေးပါ ၊ ထိပ်ကွက်လာတာတွေပျောက်ပြီး ဆံပင်တွေပြန်ထူလာမှာပါ …

(၁) ဆံပင်အာဟာဓါတ်ဖြည့်စွက်စာများ စားပါ

လွဲမှားနေတဲ့ diet လုပ်ခြင်းကြောင့် အာဟာရဓာတ်မမျှတတာတွေက ဆံပင်တွေကျွတ်လာတာ ၊ ပါးလာတာတွေရဲ့အဓိကအချက်ပါ။

ဆံပင်အတွက်အာဟာရဓါတ်ပြန်လည် ပြည့်ဝစေမယ့် အစားအစာတွေကတော့ … ကင်(မ်)ချီ၊ ဥ အမျိုးမျိုး ၊ ဟင်းနုနွယ်ရွက် ၊ ဆယ်လ်မွန်ငါး ၊ ထောပတ်သီး ၊ အသားများ စတာတွေကို များများစားပေးရင်တော့ ဦးရေပြားနဲ့ ဆံပင်အတွက်အာဟာရဓါတ်တွေ ပြန်ပြည့်လာမှာပါ။

(၂) ဆီနဲ့ နှိပ်နယ်ပေး

ဦးရေပြားသွေးလှည့်ပတ်မှုကောင်းမှ ဆံပင်သန်စွမ်းပြီး ပြန်ပေါက်လာမှာပါ။ ရှားစောင်းလက်ပတ်ဆီ၊ သံလွင်ဆီစတာတွေနဲ့ ခေါင်းမလျော်ခင် တစ်ရက်အလိုမှာ ဦးရေပြားကိုစွတ်ပြီး နှိပ်နယ်ပေးပါ ။

(၃) ကြက်သွန်နီရည် အသုံးပြုပါ

ကြက်သွန်နီရည်က အနံ့အသက်တော့သိပ်အဆင်မပြေပေမယ့် ဆံပင်ပါးပြီး ထိပ်ကွက်လာတာတွေ အတွက်အာဟာရဖြည့်ဖို့တော့ အကောင်းဆုံးပါပဲ။

ဆံသားအရင်းတွေကိုသန်မာစေပြီး ဆံပင်အသစ်တွေပါ ပြန်ပေါက်လာစေပါတယ် ။ ကြက်သွန်နီကို အရည်ညှစ်ပြီးသုံးနိုင်သလို ဓားနဲ့ နုတ်နုတ်ဆင်းပြီး ဦးရေပြားပေါ်ပွတ်ပေးလို့လည်းရပါတယ်။

(၄) လက်ဖက်စိမ်းရည်

လက်ဖက်စိမ်းရည်မှာ ဆံပင်သန်ဖို့ ပြန်ပေါက်ဖို့အတွက် ဓါတ်တွေပါဝင်နေပါတယ်။ လက်ဖက်စိမ်းရည်ကို ရှားစောင်းလက်ပတ်၊ သံလွင်ဆီတို့နဲ့လည်း တွဲလိမ်းပေးလို့ရပါတယ် ။ လေ့လာချက်တွေအရ ၈၀ % အထိ ဆံပင်တွေပြန်ပေါက်လာစေတယ်လို့ဆိုပါတယ်။

(၅) ဆံပင်စိုနေချိန်မှာ ခေါင်းမဖြီးပါနဲ့

ဆံသားစိုနေချိန်မှာ ဆံပင်တွေကျွတ်လွယ်၊ ပြတ်လွယ်ပါတယ် ။ ဒီလိုအချိန်မှာ ခေါင်းဖြီးတာများရင်တော့ ဆံပင်တွေကျွတ်ပြီးပါးလာမှာပါ။ ဆံပင်ကိုခြောက်အောင်ထားပြီးမှ ဘီးအကျဲလေးနဲ့ဖြီးပေးသင့်ပါတယ်။

(၆) ဗီတာမင် D လျော့နည်းနေလားစစ်ပါ

ဆံပင်တွေအရမ်းကျွတ်ပြီး ထိပ်ပြောင်လာပြီဆိုရင်တော့ ဗီတာမင် D ဓါတ်ချို့ယွင်းလို့ဖြစ်ပါတယ်။ ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်ကြည့်သင့်ပါတယ် ။ ဗီတာမင် D ဆေးတွေလည်း ဆရာဝန်ညွှန်ကြားတဲ့ အတိုင်းသောက်သုံးပေးရပါမယ်

Rain

Zawgyi

ပါးၿပီး ၾကည့္ရဆိုးေနတဲ့ ဆံသားေတြကို သဘာဝအတိုင္း ျပန္ထူလာေစမယ့္ နည္းလမ္းမ်ား

ဆံပင္က လူတစ္ေယာက္ရဲ႕ ဒုတိယမ်က္ႏွာလို႔ေျပာရင္လည္းမမွားပါဘူး ။ မ်က္ႏွာလွပဖို႔ ခႏၶာကိုယ္လွပဖို႔ ဂ႐ုစိုက္ၾကသလို ဆံပင္ေတြ ကြၽတ္ၿပီး ပါးလာမယ္ ၊ ထိပ္ေတြကြက္လာေနၿပီဆိုရင္ေတာ့ အထူးဂ႐ုစိုက္ေပးဖို႔လိုပါတယ္။

ဆံပင္ေတြျပန္ေပါက္လာေစဖို႔ အထိေရာက္ဆုံးျဖစ္တဲ့ နည္းေလးေတြလည္း ရွိပါတယ္ ။ ေဖာ္ျပပါနည္းေလးေတြကိုဂ႐ုတစိုက္နဲ႔လုပ္ေပးပါ ၊ ထိပ္ကြက္လာတာေတြေပ်ာက္ၿပီး ဆံပင္ေတြျပန္ထူလာမွာပါ …

(၁) ဆံပင္အာဟာဓါတ္ျဖည့္စြက္စာမ်ား စားပါ

လြဲမွားေနတဲ့ diet လုပ္ျခင္းေၾကာင့္ အာဟာရဓာတ္မမွ်တတာေတြက ဆံပင္ေတြကြၽတ္လာတာ ၊ ပါးလာတာေတြရဲ႕အဓိကအခ်က္ပါ။

ဆံပင္အတြက္အာဟာရဓါတ္ျပန္လည္ ျပည့္ဝေစမယ့္ အစားအစာေတြကေတာ့ … ကင္(မ္)ခ်ီ၊ ဥ အမ်ိဳးမ်ိဳး ၊ ဟင္းႏုႏြယ္႐ြက္ ၊ ဆယ္လ္မြန္ငါး ၊ ေထာပတ္သီး ၊ အသားမ်ား စတာေတြကို မ်ားမ်ားစားေပးရင္ေတာ့ ဦးေရျပားနဲ႔ ဆံပင္အတြက္အာဟာရဓါတ္ေတြ ျပန္ျပည့္လာမွာပါ။

(၂) ဆီနဲ႔ ႏွိပ္နယ္ေပး

ဦးေရျပားေသြးလွည့္ပတ္မႈေကာင္းမွ ဆံပင္သန္စြမ္းၿပီး ျပန္ေပါက္လာမွာပါ။ ရွားေစာင္းလက္ပတ္ဆီ၊ သံလြင္ဆီစတာေတြနဲ႔ ေခါင္းမေလ်ာ္ခင္ တစ္ရက္အလိုမွာ ဦးေရျပားကိုစြတ္ၿပီး ႏွိပ္နယ္ေပးပါ ။

(၃) ၾကက္သြန္နီရည္ အသုံးျပဳပါ

ၾကက္သြန္နီရည္က အနံ႔အသက္ေတာ့သိပ္အဆင္မေျပေပမယ့္ ဆံပင္ပါးၿပီး ထိပ္ကြက္လာတာေတြ အတြက္အာဟာရျဖည့္ဖို႔ေတာ့ အေကာင္းဆုံးပါပဲ။

ဆံသားအရင္းေတြကိုသန္မာေစၿပီး ဆံပင္အသစ္ေတြပါ ျပန္ေပါက္လာေစပါတယ္ ။ ၾကက္သြန္နီကို အရည္ညႇစ္ၿပီးသုံးႏိုင္သလို ဓားနဲ႔ ႏုတ္ႏုတ္ဆင္းၿပီး ဦးေရျပားေပၚပြတ္ေပးလို႔လည္းရပါတယ္။

(၄) လက္ဖက္စိမ္းရည္

လက္ဖက္စိမ္းရည္မွာ ဆံပင္သန္ဖို႔ ျပန္ေပါက္ဖို႔အတြက္ ဓါတ္ေတြပါဝင္ေနပါတယ္။ လက္ဖက္စိမ္းရည္ကို ရွားေစာင္းလက္ပတ္၊ သံလြင္ဆီတို႔နဲ႔လည္း တြဲလိမ္းေပးလို႔ရပါတယ္ ။ ေလ့လာခ်က္ေတြအရ ၈၀ % အထိ ဆံပင္ေတြျပန္ေပါက္လာေစတယ္လို႔ဆိုပါတယ္။

(၅) ဆံပင္စိုေနခ်ိန္မွာ ေခါင္းမၿဖီးပါနဲ႔

ဆံသားစိုေနခ်ိန္မွာ ဆံပင္ေတြကြၽတ္လြယ္၊ ျပတ္လြယ္ပါတယ္ ။ ဒီလိုအခ်ိန္မွာ ေခါင္းၿဖီးတာမ်ားရင္ေတာ့ ဆံပင္ေတြကြၽတ္ၿပီးပါးလာမွာပါ။ ဆံပင္ကိုေျခာက္ေအာင္ထားၿပီးမွ ဘီးအက်ဲေလးနဲ႔ၿဖီးေပးသင့္ပါတယ္။

(၆) ဗီတာမင္ D ေလ်ာ့နည္းေနလားစစ္ပါ

ဆံပင္ေတြအရမ္းကြၽတ္ၿပီး ထိပ္ေျပာင္လာၿပီဆိုရင္ေတာ့ ဗီတာမင္ D ဓါတ္ခ်ိဳ႕ယြင္းလို႔ျဖစ္ပါတယ္။ ဆရာဝန္နဲ႔ေဆြးေႏြးတိုင္ပင္ၾကည့္သင့္ပါတယ္ ။ ဗီတာမင္ D ေဆးေတြလည္း ဆရာဝန္ၫႊန္ၾကားတဲ့ အတိုင္းေသာက္သုံးေပးရပါမယ္

Rain