၁၀ရက္အတြင္း ေဆြးေျမ့ေျမေဆြးရေအာင္ ျပဳလုပ္နည္း

၁၀ရက်အတွင်း ဆွေးမြေ့မြေဆွေးရအောင် ပြုလုပ်နည်း

အိမ်ခြံဝန်း အတွင်းရှိအမှိုက်များ၊ မီးဖိုချောင် စွန့်ပစ်ပစ္စည်းများကို အသုံးပြုပြီး ရက်တိုအတွင်း ဆွေးမြေ့ စေသောနည်းဖြစ်သည်။

မြေဆွေးပုံပြုလုပ်နည်းအဆင့်ဆင့် (အလား ၅ပေ၊အနံ ၃ပေအမြင့်၃ပေကျော်ခန့်ရှိ မြေဆွေးပုံအတွက်)

၁။ မြေဆွေးပုံအောက်ခြေအဖြစ် သစ်ကိုင်းခြောက်များကို ဖြန့်ခင်းပါ။(သစ်ကိုင်းခြောက်များ ဖြန့်ခင်းခြင်းမှာ မြေဆွေးပုံအောက်ခြေနှင့် အတွင်းပိုင်းတွင် လေဝင်လေထွက် ရှိစေရန် ဖြစ်သည်)

၂။ သစ်ကိုင်းခြောက်များအပေါ်မှ သစ်ရွက်ခြောက်များ၊ သစ်ကိုင်းအသေးများ ဖြန့်ခင်းပြီး သိပ်သည်းအောင် ခြေထောက်ဖြင့်နင်းခြေပါ။ သစ်ရွက်ခြောက်များကို ၆လက်မထု အထိ ရောက်အောင်ခင်းနိုင်သည်။

၃။ သစ်ရွက်ခြောက်များပေါ်မှ နွားချေး၊ ကြက်ချေးတစ်ခုခုကို ခြင်းတောင်း(၃)တောင်းခန့် ခပ်ပါးပါးဖြူးပါ။

၄။ ပြီးလျှင် အစိုဓာတ်ကောင်းစွာရအောင် ရေ၆-၈ပုံးခန့် လောင်းပါ။

၅။ သစ်ရွက်စိမ်းများ၊ မီးဖိုးချောင်စွန့်ပစ် ဟင်းသီးဟင်းရွက်အပိုင်းအစများကို ၆လက်မထု အထိ ရောက်အောင်ခင်းပါ။

၆။ နွားချေး၊ ကြက်ချေးတစ်ခုခုကို တာခြင်းတောင်း(၂)တောင်းခန့် ခပ်ပါးပါးဖြူးပါ။

၇။ အစိုဓာတ်ကောင်းစွာရအောင် ရေ၆-၁၀ပုံးခန့် လောင်းပါ။

၈။ သစ်ရွက်ခြောက်များနှင့် သစ်ရွက်စိမ်းများကို တလှည့်စီပုံသွားရန်ဖြစ်သည်။

၉။ ဆွေးမြေ့မှုမြန်ဆန်စေရန်အတွက် အလယ်အလွှာတစ်လွှာတွင် (မြေဆွေးပုံ၏ အလယ်တည့်တည့်တွင်) အသားဓာတ် (နိုက်ထရိုဂျင် ဓာတ်) ပါဝင်နှုန်းမြင့်မားသည့် သားငါးအပိုင်းအစများ၊ ငါးအကြေးခွံများ၊ တိရစ္ဆာန်အသေကောင်များ ထည့်ပေးရမည်။

သို့မဟုတ် ကျင်ငယ်ရည် လောင်းထည့်ပေးနိုင်ပါသည်။

၁၀။ အပေါ်ဆုံးအလွှာတွင် မြေသား တာခြင်းတောင်း(၃-၅)တောင်းခန့်နှံ့အောင်ဖြူးပေးရမည်။

၁၁။ မြေဆွေးပုံကို ပလပ္စတစ္စ(သို့မဟုတ်) မိုးကာစဖြင့် လုံအောင်အုပ်ပါ။

၁၂။ မြေဆွေးပုံပြီး (၄)ရက်ခန့် ကြာလျှင် ထည့်ထားသည့် သစ်ရွက်စိမ်း၊ သစ်ရွက်ခြောက်များ ဆွေးမြေ့လာပြီဖြစ်သည်။ ထိုအချိန်တွင် မြေဆွေးပုံအား အတွင်းအပြင်လှန်ပေးခြင်း၊ ကြက်ချေးများထပ်ထည့်ပေးခြင်း ပြုလုပ်ရမည်။

၁၃။ မြေဆွေးလက်တစ်ဆုပ်စာခန့် လက်ထဲတွင်ထည့်ပြီး လက်သီးဆုပ်ကြည့်ပါက ရေတစ်စက် ခန့်သာ ထွက်လာလျှင် လုံလောက်သော အစိုဓာတ်ရှိသည်ဟု ယူဆနိင်ပါသည်။

၁၄။ မြေဆွေးပုံအား တစ်ရက်ခြားလျှင် တစ်ကြိမ်အတွင်းအပြင်နှံစပ်အောင် လှန်ပေးခြင်း၊ အစိုဓာတ် လိုအပ်ပါက ရေလောင်းပေးခြင်းများ ပြုလုပ်ရပါမည်။

၁၅။ ကောက်ရိုးများကိုဓားနှင့်စင်းပြီး မူလထည့်ထားသည့် သစ်ရွက်များနှင့်ရောပေးခြင်းဖြင့် မြေဆွေးပမာဏပိုများနိုင်သည်။

စိုက်ပျိုးရေး နည်းပညာမျှဝေပေးလိုက်ပါတယ်ဗျာ

Zawgyi

၁၀ရက္အတြင္း ေဆြးေျမ့ေျမေဆြးရေအာင္ ျပဳလုပ္နည္း

အိမ္ၿခံဝန္း အတြင္းရွိအမႈိက္မ်ား၊ မီးဖိုေခ်ာင္ စြန႔္ပစ္ပစၥည္းမ်ားကို အသုံးျပဳၿပီး ရက္တိုအတြင္း ေဆြးေျမ့ ေစေသာနည္းျဖစ္သည္။

ေျမေဆြးပုံျပဳလုပ္နည္းအဆင့္ဆင့္ (အလား ၅ေပ၊အနံ ၃ေပအျမင့္၃ေပေက်ာ္ခန႔္ရွိ ေျမေဆြးပုံအတြက္)

၁။ ေျမေဆြးပုံေအာက္ေျခအျဖစ္ သစ္ကိုင္းေျခာက္မ်ားကို ျဖန႔္ခင္းပါ။(သစ္ကိုင္းေျခာက္မ်ား ျဖန႔္ခင္းျခင္းမွာ ေျမေဆြးပုံေအာက္ေျခႏွင့္ အတြင္းပိုင္းတြင္ ေလဝင္ေလထြက္ ရွိေစရန္ ျဖစ္သည္)

၂။ သစ္ကိုင္းေျခာက္မ်ားအေပၚမွ သစ္႐ြက္ေျခာက္မ်ား၊ သစ္ကိုင္းအေသးမ်ား ျဖန႔္ခင္းၿပီး သိပ္သည္းေအာင္ ေျခေထာက္ျဖင့္နင္းေျခပါ။ သစ္႐ြက္ေျခာက္မ်ားကို ၆လက္မထု အထိ ေရာက္ေအာင္ခင္းႏိုင္သည္။

၃။ သစ္႐ြက္ေျခာက္မ်ားေပၚမွ ႏြားေခ်း၊ ၾကက္ေခ်းတစ္ခုခုကို ျခင္းေတာင္း(၃)ေတာင္းခန႔္ ခပ္ပါးပါးျဖဴးပါ။

၄။ ၿပီးလွ်င္ အစိုဓာတ္ေကာင္းစြာရေအာင္ ေရ၆-၈ပုံးခန႔္ ေလာင္းပါ။

၅။ သစ္႐ြက္စိမ္းမ်ား၊ မီးဖိုးေခ်ာင္စြန႔္ပစ္ ဟင္းသီးဟင္း႐ြက္အပိုင္းအစမ်ားကို ၆လက္မထု အထိ ေရာက္ေအာင္ခင္းပါ။

၆။ ႏြားေခ်း၊ ၾကက္ေခ်းတစ္ခုခုကို တာျခင္းေတာင္း(၂)ေတာင္းခန႔္ ခပ္ပါးပါးျဖဴးပါ။

၇။ အစိုဓာတ္ေကာင္းစြာရေအာင္ ေရ၆-၁၀ပုံးခန႔္ ေလာင္းပါ။

၈။ သစ္႐ြက္ေျခာက္မ်ားႏွင့္ သစ္႐ြက္စိမ္းမ်ားကို တလွည့္စီပုံသြားရန္ျဖစ္သည္။

၉။ ေဆြးေျမ့မႈျမန္ဆန္ေစရန္အတြက္ အလယ္အလႊာတစ္လႊာတြင္ (ေျမေဆြးပုံ၏ အလယ္တည့္တည့္တြင္) အသားဓာတ္ (ႏိုက္ထ႐ိုဂ်င္ ဓာတ္) ပါဝင္ႏႈန္းျမင့္မားသည့္ သားငါးအပိုင္းအစမ်ား၊ ငါးအေၾကးခြံမ်ား၊ တိရစာၦန္အေသေကာင္မ်ား ထည့္ေပးရမည္။

သို႔မဟုတ္ က်င္ငယ္ရည္ ေလာင္းထည့္ေပးႏိုင္ပါသည္။

၁၀။ အေပၚဆုံးအလႊာတြင္ ေျမသား တာျခင္းေတာင္း(၃-၅)ေတာင္းခန႔္ႏွံ႔ေအာင္ျဖဴးေပးရမည္။

၁၁။ ေျမေဆြးပုံကို ပလပၥတစၥ(သို႔မဟုတ္) မိုးကာစျဖင့္ လုံေအာင္အုပ္ပါ။

၁၂။ ေျမေဆြးပုံၿပီး (၄)ရက္ခန႔္ ၾကာလွ်င္ ထည့္ထားသည့္ သစ္႐ြက္စိမ္း၊ သစ္႐ြက္ေျခာက္မ်ား ေဆြးေျမ့လာၿပီျဖစ္သည္။ ထိုအခ်ိန္တြင္ ေျမေဆြးပုံအား အတြင္းအျပင္လွန္ေပးျခင္း၊ ၾကက္ေခ်းမ်ားထပ္ထည့္ေပးျခင္း ျပဳလုပ္ရမည္။

၁၃။ ေျမေဆြးလက္တစ္ဆုပ္စာခန႔္ လက္ထဲတြင္ထည့္ၿပီး လက္သီးဆုပ္ၾကည့္ပါက ေရတစ္စက္ ခန႔္သာ ထြက္လာလွ်င္ လုံေလာက္ေသာ အစိုဓာတ္ရွိသည္ဟု ယူဆနိင္ပါသည္။

၁၄။ ေျမေဆြးပုံအား တစ္ရက္ျခားလွ်င္ တစ္ႀကိမ္အတြင္းအျပင္ႏွံစပ္ေအာင္ လွန္ေပးျခင္း၊ အစိုဓာတ္ လိုအပ္ပါက ေရေလာင္းေပးျခင္းမ်ား ျပဳလုပ္ရပါမည္။

၁၅။ ေကာက္႐ိုးမ်ားကိုဓားႏွင့္စင္းၿပီး မူလထည့္ထားသည့္ သစ္႐ြက္မ်ားႏွင့္ေရာေပးျခင္းျဖင့္ ေျမေဆြးပမာဏပိုမ်ားႏိုင္သည္။

စိုက္ပ်ိဳးေရး နည္းပညာမွ်ေဝေပးလိုက္ပါတယ္ဗ်ာ

Be the first to comment

Leave a Reply

Your email address will not be published.


*