အဲယားကြန္းတက္ဆင္ရန္ အခန္းတစ္ခန္းရဲ႕ cooling load ကို တြက္ခ်က္ျခင္း

အဲယားကွန်းတစ်လုံး တပ်ချင်ပါတယ် ဒါပေမယ့် ဘယ်လိုတွက်ချက်ရမလဲ သိချင်သူများအတွက် အခန်း တစ်ခန်းမှာ မြင်းကောင်ရေ

Horse Power ဘယ်နှစ်ကောင်လောက်ကို သုံးမယ်ဆိုတာကို သိချင်ရင် BTU နဲ့ရှာတာပိုသင့်လျှော်ပါတယ်ခင်ဗျာ။

B.T.U ဆိုတာ British Thermal Unit ဖြစ်ပါတယ်။ ဒီတော့ Formula အရ B.T.U = Square feet × 35

သိချင်တာက B.T.U ဆိုရင် အခန်းရဲ့ အလျှားနဲ့ အနံကို မြှောက်လိုက်ရင် Square Feet ရပါတယ်။

ဆိုပါစို့ ၁၂ ပေ ၁၅ပေ ကျယ်တဲ့အခန်းမှာဆိုလျှင် Square Feet က 180 ရှိမယ်။ ရလာတဲ့ sq.ft ကို 35 နဲ့မြှောက်ပါ။ 35 ဆိုတာက Constant ကိန်းသေပါ။

( အိမ်အဟောင်းနဲ့ တိုက်ခန်းအဟောင်းတွေမှာဆို 35 BTU per feet နဲ့တွက်ပြီး အိမ်အသစ်နဲ့ တိုက်ခန်းအသစ်တွေကိုတော့ 30 BTU per feet နဲ့တွက်ပါတယ်။ ) ဒါကတော့ Warm နွေးတဲ့နေရာဒေသတွေမှာပါ။

ချမ်းအေးတဲ့ ဒေသတွေမှာတော့ ( အိမ်အဟောင်းနဲ့ တိုက်ခန်းအဟောင်းတွေမှာဆို 60 BTU per feet နဲ့တွက်ပြီး အိမ်အသစ်နဲ့ တိုက်ခန်းအသစ်တွေကိုတော့50 BTU per feet နဲ့တွက်ပါတယ်။ )

ဒါကြောင့် ရန်ကုန်မြို့လို ဒေသမှာ နေထိုင်တယ်ဆို 35 BTU per hour နဲ့ Sq.Ft ကို မြှောက်တာပါ။

B.T.U = Sq.ft × 35

B.T.U = 180 × 35

B.T.U = 6300 ရပါတယ်။

ရလာတဲ့ B.T.U ဟာ အကျယ် ၁၂ပေ ၁၅ပေ ကျယ်တဲ့ အခန်းမှာ တပ်ဖို့လိုတဲ့ B.T.Uပေါ့။ ဒါတင်မပြီးသေးဘူး။

နေရောင် တိုက်ရိုက်ကျတဲ့အခန်းဆိုရင် ရထားတဲ့ B.T.U အဖြေရဲ့ 10% ပေါင်းပေးပါ။

ကျနေမရှိတဲ့အခန်းဆိုရင်တော့ 10% နှုတ်လိုက်ပါ။ ဒီရလာတဲ့အဖြေက ပုံမှန်လူ ၂ယာက် နဲ့၄ ယောက်ကြားပဲ ထားတွက်တာပါ။

လူတစ်ယောက် ထပ်တိုးလာတိုင်း 600 BTU ထပ်ပေါင်းပေးပါ။

ဥပမာ လူ၁၀ယောက်ထပ်တိုးမယ်ဆိုရင် 600×10= 6000 ဆိုတော့ ပထမရထားတဲ့ 6300btu + 6000btu ဆိုတော့ 12300btu ရပါတယ်။

ဒါဆိုရင် တစ်ကောင်ခွဲ 1.5HP ရှိတဲ့ အဲယားကွန်းတစ်လုံးတပ်လိုက်ရင် အဆင်ပြေပါပြီ။

မီးဖိုချောင်မှာတပ်မယ့် အဲယားကွန်းတွေဆိုရင်တော့ ခုရလာတဲ့တန်ဖိုးကို 4000btu ထပ်ပေါင်းပြီး လိုအပ်တဲ့ အဲယားကွန်းကို တွက်ချက်ပြီး တပ်ဆင်လိုက်ပါ။ အဆင်ပြေပါစေခင်ဗျာ။

နောက်တစ်နည်းက

အခန်းတစ်ခန်းရဲ့ cooling load ကိုတွက်တဲ့ အလွယ်ဆုံး နည်းကတော့ Area နဲ့တွက်ရတာပါပဲ။

15’×10’ရှိတဲ့ အခန်းရဲ့ area 150 square feet ကို ဥပမာ ထားတွက်ကြည့်ရင် 1 square feetရဲ့ အအေးလိုအပ်ချက် က 60 Btu/hr to 85 Btu/hr ရှိရပါမယ်။

အဲဒါဆို maximum ထားပြီး တွက်ကြည့်ရရင် 150×85=12750 Btu/hr ရပါမယ်။ အဲဒါဆို 1Ton=1.5HP=12000 Btu/hr ဖြစ်တဲ့ အတွက် ၁ကောင်ခွဲ air-con တစ်လုံးလိုပါမယ်။

metric system နဲ့ တွက်မယ်ဆို 1 square meter မှာ အအေးလိုအပ်ချက် 600 to 850 Btu/hr ရှိရပါတယ် ။ Imperial နဲ့ metric က ၁၀ ဆကွာတယ်လို့ မှတ်ထားလိုက်ရင် ရပါပြီ။

Ref SGP Code YMA (လိုတရ)

Zawgyi

အဲယားကြန္းတစ္လုံး တပ္ခ်င္ပါတယ္ ဒါေပမယ့္ ဘယ္လိုတြက္ခ်က္ရမလဲ သိခ်င္သူမ်ားအတြက္ အခန္း တစ္ခန္းမွာ ျမင္းေကာင္ေရ

Horse Power ဘယ္ႏွစ္ေကာင္ေလာက္ကို သုံးမယ္ဆိုတာကို သိခ်င္ရင္ BTU နဲ႔ရွာတာပိုသင့္ေလွ်ာ္ပါတယ္ခင္ဗ်ာ။

B.T.U ဆိုတာ British Thermal Unit ျဖစ္ပါတယ္။ ဒီေတာ့ Formula အရ B.T.U = Square feet × 35

သိခ်င္တာက B.T.U ဆိုရင္ အခန္းရဲ႕ အလွ်ားနဲ႔ အနံကို ေျမႇာက္လိုက္ရင္ Square Feet ရပါတယ္။

ဆိုပါစို႔ ၁၂ ေပ ၁၅ေပ က်ယ္တဲ့အခန္းမွာဆိုလွ်င္ Square Feet က 180 ရွိမယ္။ ရလာတဲ့ sq.ft ကို 35 နဲ႔ေျမႇာက္ပါ။ 35 ဆိုတာက Constant ကိန္းေသပါ။

( အိမ္အေဟာင္းနဲ႔ တိုက္ခန္းအေဟာင္းေတြမွာဆို 35 BTU per feet နဲ႔တြက္ၿပီး အိမ္အသစ္နဲ႔ တိုက္ခန္းအသစ္ေတြကိုေတာ့ 30 BTU per feet နဲ႔တြက္ပါတယ္။ ) ဒါကေတာ့ Warm ေႏြးတဲ့ေနရာေဒသေတြမွာပါ။

ခ်မ္းေအးတဲ့ ေဒသေတြမွာေတာ့ ( အိမ္အေဟာင္းနဲ႔ တိုက္ခန္းအေဟာင္းေတြမွာဆို 60 BTU per feet နဲ႔တြက္ၿပီး အိမ္အသစ္နဲ႔ တိုက္ခန္းအသစ္ေတြကိုေတာ့50 BTU per feet နဲ႔တြက္ပါတယ္။ )

ဒါေၾကာင့္ ရန္ကုန္ၿမိဳ႕လို ေဒသမွာ ေနထိုင္တယ္ဆို 35 BTU per hour နဲ႔ Sq.Ft ကို ေျမႇာက္တာပါ။

B.T.U = Sq.ft × 35

B.T.U = 180 × 35

B.T.U = 6300 ရပါတယ္။

ရလာတဲ့ B.T.U ဟာ အက်ယ္ ၁၂ေပ ၁၅ေပ က်ယ္တဲ့ အခန္းမွာ တပ္ဖို႔လိုတဲ့ B.T.Uေပါ့။ ဒါတင္မၿပီးေသးဘူး။

ေနေရာင္ တိုက္႐ိုက္က်တဲ့အခန္းဆိုရင္ ရထားတဲ့ B.T.U အေျဖရဲ႕ 10% ေပါင္းေပးပါ။

က်ေနမရွိတဲ့အခန္းဆိုရင္ေတာ့ 10% ႏႈတ္လိုက္ပါ။ ဒီရလာတဲ့အေျဖက ပုံမွန္လူ ၂ယာက္ နဲ႔၄ ေယာက္ၾကားပဲ ထားတြက္တာပါ။

လူတစ္ေယာက္ ထပ္တိုးလာတိုင္း 600 BTU ထပ္ေပါင္းေပးပါ။

ဥပမာ လူ၁၀ေယာက္ထပ္တိုးမယ္ဆိုရင္ 600×10= 6000 ဆိုေတာ့ ပထမရထားတဲ့ 6300btu + 6000btu ဆိုေတာ့ 12300btu ရပါတယ္။

ဒါဆိုရင္ တစ္ေကာင္ခြဲ 1.5HP ရွိတဲ့ အဲယားကြန္းတစ္လုံးတပ္လိုက္ရင္ အဆင္ေျပပါၿပီ။

မီးဖိုေခ်ာင္မွာတပ္မယ့္ အဲယားကြန္းေတြဆိုရင္ေတာ့ ခုရလာတဲ့တန္ဖိုးကို 4000btu ထပ္ေပါင္းၿပီး လိုအပ္တဲ့ အဲယားကြန္းကို တြက္ခ်က္ၿပီး တပ္ဆင္လိုက္ပါ။ အဆင္ေျပပါေစခင္ဗ်ာ။

ေနာက္တစ္နည္းက

အခန္းတစ္ခန္းရဲ႕ cooling load ကိုတြက္တဲ့ အလြယ္ဆုံး နည္းကေတာ့ Area နဲ႔တြက္ရတာပါပဲ။

15’×10’ရွိတဲ့ အခန္းရဲ႕ area 150 square feet ကို ဥပမာ ထားတြက္ၾကည့္ရင္ 1 square feetရဲ႕ အေအးလိုအပ္ခ်က္ က 60 Btu/hr to 85 Btu/hr ရွိရပါမယ္။

အဲဒါဆို maximum ထားၿပီး တြက္ၾကည့္ရရင္ 150×85=12750 Btu/hr ရပါမယ္။ အဲဒါဆို 1Ton=1.5HP=12000 Btu/hr ျဖစ္တဲ့ အတြက္ ၁ေကာင္ခြဲ air-con တစ္လုံးလိုပါမယ္။

metric system နဲ႔ တြက္မယ္ဆို 1 square meter မွာ အေအးလိုအပ္ခ်က္ 600 to 850 Btu/hr ရွိရပါတယ္ ။ Imperial နဲ႔ metric က ၁၀ ဆကြာတယ္လို႔ မွတ္ထားလိုက္ရင္ ရပါၿပီ။

Ref SGP Code YMA (လိုတရ)