1 71

ကိုယ်ပိုင်တီထွင်မှုမဟုတ်ပဲ ခိုးချခြင်းနဲ့ ကြီးပြင်းလာတဲ့အတွက် နိုင်ငံတကာကိုဝင်လို့ မရဘူးဆိုတဲ့

ထိလိုက်တာဆိုတာအန်တီGraceရယ်

Posted by Thae Wutt Yee Kitt on Monday, 24 September 2018

ကျောင်းသားဘ၀ထဲကခိုးချလာတဲ့အတွက် ကိုယ်ပိုင်စတိုင်မရှိတဲ့အတွက်နိုင်ငံတကာကိုထိုးဖောက်ဖို့ မဖြစ်နိုင်ပါဘူးအရမ်းမိုက်ပါတယ် အန်တီရေလေးစားသွားပါတယ်

မြန်မာ့ရုပ်ရှင်ကို စကားလုံး ထိထိမိမိ ပြစ်ပြစ်နှစ်နှစ် ဝေဖန်လိုက်တဲ့ ဆရာအောင်မြိုင်သင်း

အတွေးစ (၅၁)

အောင်မယ်လေးဗျာ အဆုံးသတ်ကျတော့ ကိုယ်တွေဘဲ မောပြီးကျန်ခဲ့တော့တာကိုးဗျ။ အဲ တေဇာမောင်မာင်ရဲ့ နောက်ဆုံးဆုတောင်းထားသလို ခီတို့မီတို့ ကို ဒီအဖွဲ့တွေနဲ့တွဲပြီး မရကြပါစေနဲ့တော့. . ဆိုတဲ့ အတိုင်း ကိုယ်ပါရောပြီး ဆုတောင်းလိုက်မိတာ ကိုယ်ပါရောပြီး ဆုတောင်းပြည့်သွားသလို. ခံစားလိုက်ရပါသဗျား

မြန်မာ့ရုပ်ရှင်ဟာ အဆင့်တစ်ခု ရှိနေတယ်ဆိုတာကိုလက်ခံပါတယ်. သို့သော် သူတို့ကို အားမကိုးခဲ့ဘဲ သူတို့ဖာသာသူတို့ ဖြစ်လာတဲ့သူဆိုရင်တော့ ချီးနဲ့ ဝိုင်းသုတ်ဖို့ဝန်မလေးတဲ့ မြန်မာ့ရုပ်ရှင်လောကသားတွေကိုးဗျ. . . အင်မတန် ရွံစရာကောင်းသပေါ့ဗျာ

စတီဗင် စပီးလ်ဘတ်ကြီးတောင် မြန်မာပြည်မှာ လာရိုက်ရင် အဖက်တွေက ကမ္ဘာ ကျော်ငွေလှိုင်လောက်မကောင်းဘူးဆိုပြီး ဘွတ်စမန်ပေးခံရမယ့်သဘောရှိတယ်.. . 😁😁😁😁

ဦးဇင်ဝိုင်းကြီးလဲ ပထမတုန်းက အပြင်ကနေ အထူးဆုပေးမယ်တွေဘာတွေ လျှောက်ပြော ဟုတ်တိဟုတ်ရဲ့နဲ့ ပြီးတော့. ဘာမှလဲမဟုတ်ဘူး အင်မတန် မနာလိုစိတ် ကြီးတဲ့သူတွေကိုးဗျ. . တစ်ယောက်ယောက် ပေးထားတဲ့ အထူးဆု ကို မခံစားနိုင်တော့ ဒီအစီစဉ်ကိုတောင်ရုတ်တရက်ဖျက်လိုက် သလားလို့တောင် ထင်မိတယ်. ဖြစ်လောက်တယ် ထင်တာဘဲ

ဖေ့စ်ဘုတ် တစ်ခုလုံးက ရီးခြင်း.မိုးမွှန်နေပြီကိုးဗျ သူမတွေ့ဘဲ မရှိဘူး သြင်္ကန် မိုးတို့ ဒဏ္ဍာရီတို့မှာ သောက်ထင်ကြီး ခဲ့သမျှ သွားတော့တာဘဲ အင်မတန် မနာလိုစိတ်ကြီးတဲ့သူတွေ သူထူးစံခမျာလဲ ပေးတဲ့သူတွေက ဇွတ်ပေးတော့. အူကြောင်ကြောင် ရှက်တက်တက်လေးနဲ့ ဆုယူသွားရတာကိုးဗျ. (သူ့သရုပ်ဆောင်ကွက်က ဘာမှာ မှ မဟုတ်ဘဲ ကျားကြီးက ငိုတာတောင် ပြုံးတုန်းတုန်းရီဝေဝေလေး. သွားကြီးတွေ ဖြဲတာက အဖက်ကြီးနဲ့. မျက်လုံးဝါကြီးတွေနဲ့. ရှက်စရာကြီး) . သူထူးစံထက်စာရင် မုန်းစွဲ က နေတိုးရဲ့. သရုပ်ဆောင်ခြင်းက. ခဏလေးပြတာတောင် ပိုကောင်းတယ်လို့ခံစားရပါသဗျ

ဝိုင်း ကပြောလိုက်သေးတယ်. သူရတဲ့ဆုက ပရိသတ်ကို ကိုယ်စားပြုပါတယ်လို့. . ဆိုးချက်ဗျာ.ရွံစရာ ပရိသတ်ကို ကိုယ်စားပြုပါတယ်ဆိုတဲ့ စကားကို သိချင်ရင် ဖေ့စ်ဘုတ်ပေါ်တက်ကြည့်လိုက်ဗျို့.. မြန်မာ့ ရုပ်ရှင်လောကဘယ်လောက် ဖာဆန်နေတယ်ဆိုတာ တွေ့ရလိမ့်မယ်. စကရင်ရှော့ ရိုက်ပြီးပြရင်တောင် ခင်ဗျားတို့ မျက်လုံးကန်းသည်အထိ လိုက်ကြည့်လို့ရတယ်

ဟိုနေ့က.အသံ နဲ့ ပတ်သက်တဲ့ သမန်းကျားကိုမြင့်တို့လို ပညာရှင်တွေရဲ့ .ဝေဖန်ချက်ကောက်နူတ်ချက်တွေ. ကြားရတော့ ဒီနှစ်ကို တကယ့်ကို မျှော်လင့်တကြီးနဲ့ ရုပ်ရှင်လောကကြီးကို သောက်ထင်ကြီးခဲ့မိတဲ့ ငါကိုက ဖာမှားကြီး မှားတာပါ. . 😁😁😁😁

စစ်အစိုးရ လက်ထက်ကတည်းက ဆိတ်လဇိတွေလို ဟိုဖက်ပြေးကပ် ဒီဖက်ပြေးကပ်လုပ်နေတဲ့ အဖွဲ့အစည်းကြီးတစ်ခုလုံးကို ရွံလွန်းလို့ ဒီစာကိုရေးတယ်. ကြိုးစားနေတဲ့ လူငယ်တွေကို အသိအမှတ်ပြုပေးဖို့တောင် ဝန်လေးနေကြတဲ့ အောက်တန်းစားအုပ်စုတွေ.. တိုင်းပြည်ရဲ့ တိုးတက်မူ့တွေ. နှောင့်နှေးခဲ့ရင် ဒီလို လူတွေကြောင့် ဒီလို လူတွေကို အကုန် ဆွဲထုတ်ပြီး တန်ကျင်လျိုပစ်ရမှာ.😤😤😤

ကျွန်တော်/ကျွန်မ ရဲ့ကျေးဇူးရှင်ဆရာကြီး ဘယ်သူ့ကို ဦးခိုက်ပါတယ်. ရှစ်ခိုးပါတယ်. ဆိုပြီး စင်ပေါ်ကနေ မျက်ရည်လေးဝဲပြ လက်ကလေးတွေ ဆုပ်ပြ အသံကို အမောဖောက်နေတဲ့ အသံနဲ့ပြောပြ ဒီလို ဒီလိုစကားပြောမယ့်သူကိုဘဲ ရွေးပြီး အကယ်ဒမီပေးတဲ့. မြန်မာ့မြန်မာ့ ရုပ်ရှင် ဖာခန်းကိုဝင်

ကိုင်း စိတ်ကြိုက်တော့တုပ်ပြီးပြီ.. ကိုယ်ကတော့ ကျေနပ်သွားပြီ. ဆုတွေကို ယူကြပေးကြနဲ့ ရှက်ဖွယ်လိလိ နဲ့ ချီးထုပ်ကြီးတွေ ကိုင်ထားမိတဲ့. ဆြာကြီးများ လိပ်ပြာ လုံလုံနဲ့ ပျော်နိုင်ကြပါစေ.

အိမ်း.ကိုယ်ကတော့. . မြန်မာရုပ်ရှင်ကို ရုံမှာတောင်မကြည့်တာ.အနှစ်နှစ်ဆယ်ကျော်ကြာပြီးမှ ရုံထဲကို ပြန်ပြီး မရောက် ရောက်အောင် တွန်းပို့ပေးခဲ့တဲ့ ခီတို့ မီတို့ လင်မယားကို သူတို့တွေနဲ့ တွဲပီး ဆု မရလိုက်ခြင်းအတွက် အင်မတန် ဂုဏ်ယူတန်ဖိုးထားပါသဗျား ကျက်သရေ ရှိသွားတာပေါ့

ကိုင်း ခီတို့ မီတို့ ကိုယ့် ညီ ညီမ များရေ ကြိုက်တဲ့ ရုပ်ရှင် ကားကိုရိုက်လိုက်စမ်းပါ. . အီစကိုယ်မြိုင် ရောက်အောင်လာခဲ့ပြီး အနုပညာဆိုတာ ဒါဘဲလို့ ခံစားရင်း. ညီ ညီမတို့ ဖန်တီးထားတဲ့ ရုပ်ရှင်ကို အထင်ကြီးလေးစားစွာနဲ့ ရုပ်ရှင်ရုံ ထဲကိုအရောက်လာခဲ့မည် ဖြစ်ကြောင်း. အီစကိုယ်မြိုင်က ကတိပေးရင်း. အမည်စာရင်းကို ဘွတ်ကင် လုပ်ထား လိုက်ပါရစေ ခင်ဗျား

ဆရာမြိုင်

Source : Aung Myaing Thin

Facebook Comments