1 65
1 64
2 19
5 8
မ​ပြောသင့်​ပါ
Posted by တာတီးလေး on Sunday, 24 March 2019
Unicode
မြန်မာနိုင်ငံရဲ့ ရုပ်ရှင်လောကသားတွေအတွက် မှတ်တိုင်၊ ပန်းတိုင်တစ်ခုလို့ဆိုရမယ့် အကယ်ဒမီပေးပွဲကြီးကိုတော့ အောင်မြင်စွာနဲ့ ကျင်းပနိုင်ခဲ့ပြီဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ် မတ်လ ၂၃ ရက်နေ့မှာတော့ The One Entertainment မှာပြုလုပ်ခဲ့တဲ့ ဒီအကယ်ဒမီပေးပွဲကြီးကို အနုပညာလောကသားတွေအမြောက်အမြားတက်ရောက်လာခဲ့တာတွေ့ရပါတယ်။
3 12
လတ်တလောမှာတော့ ပရိသတ်တွေကြားမှာ ဗီဒီယိုလေးတစ်ခုကရေပန်းစားနေတာပဲဖြစ်ပါတယ်။ထိုဗီဒီယိုလေးကတော့ ဒါရိုက်တာ ဝိုင်းရဲ့ စကားနဲ့ကိုနေတိုးရဲ့ စကားကို ယှဉ်တွဲထားတဲ့ ဗီဒီယိုလေးပဲဖြစ်ပါတယ်။ 2018 ရဲ့ ဇာတ်ညွှန်းဆု ကိုတော့ ဒါရိုက်တာဝိုင်းကရရှိခဲ့ပါတယ်။ ဒါရိူက်တာဝိုင်းကတော့ ဆုတက်ယူတဲ့အချိန်မှာ ပရိသတ်တွေရဲ့ မေတ္တာနဲ့ရခဲ့တဲ့ဆုပါဆိုပြီး ပရိသတ်တွေကိုပြောခဲ့ပါတယ်။
နေတိုးကတော့ ဒါကတော့ကျွန်တော်တို့က ဒီအကယ်ဒမီဆိုတာကတော့ ဒီအကယ်ဒမီလူကြီးတွေရဲ့ ဆုံးဖြတ်ချက်နဲ့ ဆိုင်တာလေ ဟို ပရိသတ်နဲ့တော့မဆိုင် ပါဘူးလို့ပြောခဲ့ပါတယ်။ ဒီဗီဒီယိုလေးကတော့ အခွီဗီဒီယိုလေးအဖြစ်လုပ်ထားတာပဲဖြစ်ပါတယ်။
4 11
ပရိသတ်ကြီးရော အကယ်ဒမီဆုက ဝိုင်းပြောတဲ့ ပရိသတ်ရဲ့ မေတ္တာနဲ့ ရတာလား နေတိုးပြောတဲ့ အကယ်ဒမီလူကြီးတွေရဲ့ ဆုံးဖြတ်ချက်နဲ့ရတာလားပြောပေးခဲ့ကြပါဦးနော်။ ပရိသတ်ကြီးအတွက် ဗီဒီယိုဖိုင်လေးကိုဖော်ပြပေးလိုက်ပါတယ်နော်
ဖော်ပြပါဗီဒီယိုလေးကိုတော့ ဟာသအမြင်နဲ့သာကြည့်ရှုပေးကြပါနော်
Source: စွယ်စုံသတင်းစုံ
Facebook Comments