1 76



1 75



2 18



3 19


Unicode

မြန်မာနိုင်ငံရဲ့ သီချင်းဆိုပြိုင်ပွဲများစွာထဲမှ မြန်မာတစ်နိုင်ငံလုံး သာမက ပြည်ပမှ ပရိသတ်တွေပါ စိတ်ဝင်တစား အားပေးခြင်းကို ခံထားရတဲ့ သီချင်းဆိုပြိုင်ပွဲကြီးကတော့ Myanmar Idol သီချင်းဆိုပြိုင်ပွဲကြီး ပဲဖြစ်ပါတယ်။

တစ်ခဲနက် အားပေးသူ ပရိသတ်တွေ များစွာ ရှိတဲ့ Myanmar Idol ပွဲကြီးဟာဆိုရင် နှစ်တိုင်း နာမည်ကြီးပြီး လူကြိုက်များတာတွေ့ရပါတယ်။ ဒီတစ်ခါမှာတော့ ချစ်ပရိသတ်တွေအတွက် တစ်ကျော့ပြန် ရောက်ရှိလာတော့မယ့် Myanmar Idol Season4 ပွဲကြီးအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

Myanmar Idol Season4 ပွဲကြီးက အရည်အချင်း ရှိတဲ့ Winner တွေကို မွေးထုတ်ပေးတဲ့ ပြိုင်ပွဲကြီးပါ။ ဒီနှစ်မှာတော့ ပြိုင်ပွဲဝင်တွေကို အကဲဖြတ်ဆုံးဖြတ်ပေးမယ့် ဒိုင်တွေကတော့ ဝါရင့်အဆိုတော် ဒါရိုက်တာကြီး အောင်ကိုလတ် ၊ အဆိုတော် တင်ဇာမော်၊ ဖြူဖြူကျော်သိန်းနဲ့ အစီအစဉ်တင်ဆက်သူ အဖြစ် ကျော်ထက်အောင် တို့ပဲ ဖြစ်ပါတယ်။

ပြိုင်ပွဲအတွက် အသံရွေးချယ်မှုကို ၆လပိုင်း ၁၅ရက်နေ့ကနေ စတင်ရွေးချယ်တော့မှာဖြစ်ပြီး တောင်ကြီး၊ မန္တလေး၊ တောင်ငူ၊ ဖားအံ၊ ရန်ကုန်တိုင်းတို့မှာ သွားရောက်ရွေးချယ်မှာ ဖြစ်ပါတယ်။ ဖောင်တွေကို ရန်ကုန်မြို့ ရွှေထွဋ်တင် နဲ့ Shwe FM ရုံးချုပ်တွေမှာ အခမဲ့သွားရောက် ထုတ်ယူနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

Winner ဆုအတွက် ဆုကြေးငွေကတော့ သိန်း၅၀၀ နဲ့အတူ Solo Album ကို ချီးမြှင့်မှာ ဖြစ်တယ်လို့သိရပါတယ်။ ပြိုင်ပွဲချင်တဲ့ သူတွေအနေနဲ့လည်း winner ရမယ့် အခွင့်အရေးကြီးကို လက်မလွတ်ပဲ ဝင်ရောက် ယှဉ်ပြိုင်နိုင်ပြီပဲ ဖြစ်ပါတယ်။

ပြိုင်ပွဲအတွက် အသံရွေးချယ်မှုကို ၆လပိုင်း ၁၅ရက်နေ့ကနေ စတင်ရွေးချယ်တော့မှာဖြစ်ပြီး တောင်ကြီး၊ မန္တလေး၊ တောင်ငူ၊ ဖားအံ၊ ရန်ကုန်တိုင်းတို့မှာ သွားရောက်ရွေးချယ်မှာ ဖြစ်ပါတယ်။ ဖောင်တွေကို ရန်ကုန်မြို့ ရွှေထွဋ်တင် နဲ့ Shwe FM ရုံးချုပ်တွေမှာ အခမဲ့သွားရောက် ထုတ်ယူနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

ပရိသတ်တွေ မျှော်လင့်စောင့်စားနေကြတဲ့ Myanmar Idol Season4 ပွဲကြီးမှ ယှဉ်ပြိုင်မှုကို ကို စတင်ဘာလမှာ ကြည့်ခွင့်ရတော့မှာပဲ ဖြစ်ပါတယ်။

Facebook Comments