1 207



1 206




Momolay

Unicode

အလွမ်းအဆွေးသီချင်းတွေကို ခံစားချက်အပြည့်နဲ့ ပုံဖော်တတ်တဲ့ တေးရေး၊ တေးဆို ဝေကြီးကတော့ ရေးသမျှသီချင်းတိုင်း ပေါက်တာမို့ ရွှေလက်ပိုင်ရှင်လို့တောင် ပရိသတ်တွေက တင်စားရသူတစ်ဦးပါ။

အရည်အချင်းရှိလွန်းတဲ့ တေးရေး ဝေကြီးရဲ့သီချင်းတွေကိုတော့ အဆိုတော်တွေကလည်း အရမ်းကို ကြိုက်နှစ်သက်စွာ သီဆိုလေ့ရှိပါတယ်။ လတ်တလောမှာတော့ တေးရေး ဝေကြီးက သူကိုယ်တိုင် သီဆိုထားတဲ့ “Line ပေါ်မတင်ပါနဲ့” သီချင်းလေးကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။

တေးရေးဝေကြီးရဲ့ထုံးစံအတိုင်း သူ့ရဲ့သီချင်းသစ်လေးကတော့ အရမ်းကို Feel လို့ကောင်းလှပါတယ်နော်။

ပရိသတ်တွေသာမက အနုပညာရှင် အချင်းချင်းကလည်း စောင့်မျှော်နေကြတဲ့ တေးရေး ဝေကြီးရဲ့သီချင်းသစ်လေးကိုတော့ ပရိသတ်တွေလည်း သဘောကျလိမ့်မယ်လို့ ထင်ပါတယ်။

ပရိသတ်တွေလည်း အောင်မြင်နေတဲ့ သီချင်းတွေရဲ့နောက်က ဖန်တီးရှင်တစ်ဦးဖြစ်တဲ့ တေးရေးဝေကြီးကိုယ်တိုင် သီဆိုထားတဲ့ “လိုင်းပေါ်မတင်ပါနဲ့” သီချင်းလေးကို သဘောကျရင် share သွားကြဖို့ မမေ့ပါနဲ့နော်။

Momolay

Facebook Comments