1 132

Miss ေတြဆုိတာဟာ Miss Crown ေဆာင္းလိုက္ကတည္းက က်န္တဲ့ျပိဳင္ပြဲဝင္ေတြအားလံုးထက္ အစစအရာရာမွာ သာလြန္ျပည့္စံုေကာင္းမြန္တာေၾကာင့္ သရဖူူနဲ႔ထိုက္တန္စြာေရြးခ်ယ္ခံလိုက္ရျခင္းျဖစ္ေၾကာင္း လူေတြအားလံုးက သိၾကပါတယ္။ အဲဒီလိုပဲ ျမန္မာတစ္နုိင္ငံလံုးက လွပတဲ့အရည္အခ်င္းရွိျပဳင္ပြဲဝင္ေတြကုိ ေက်ာ္လြန္ျပီးအရပ္တပါးမွာ သြားေရာက္ယွဥ္ျပ္ိဳင္ခြင့္ရတဲ့ Miss Myanmar ဆုိတာဟာလည္း ျမန္မာတစ္နုိင္ငံလံုးကုိ ကုိယ္စားျပဳရတာေၾကာင့္ ပုိျပီးတာဝန္ၾကီးသလို လိုအပ္တဲ့ အရည္အခ်င္းေတြနဲ႔လည္း ျပည့္စံုေနသင့္ပါတယ္။

2 25

ဒါေပမယ့္္ အဲဒီလိုလုိအပ္ခ်က္ေတြျပည့္စံုျခင္းမရွိပဲ သြားေရာက္ယွဥ္ျပိဳင္ခဲ့တဲ့ Miss တစ္ဦးေၾကာင့္ ျမန္မာဟာ အမ်ားအလည္မွာ အရွက္ကြဲခဲ့ရသလို အဲဒီ Miss ဟာလည္း ျပင္းထန္တဲ့ေဝဖန္မႈေတြနဲ႔ ရင္ဆိုင္ခဲ့ရပါတယ္။ အဲဒီ Miss ေလးရဲ႕နာမည္ကေတာ့ နန္းခ်ယ္ရီလို႔သိရျပီး နုိင္ငံတကာနဲ႔ ယွဥ္ရတဲ့ Miss ျပိဳင္ပြဲၾကီးမွာ ျမန္မာကုိယ္စားျပဳအျဖစ္သြားေရာက္ယွဥ္ျပိဳင္ခဲ့ရတာပါ။ Miss Myanmar ဆိ္ုတဲဲ့ ေခၚသံအဆံုးမွာ Presenter က “သင့္နုိင္ငံရဲ႕အလွတရားနဲ႔ ယဥ္ေက်းမႈေတြအေၾကာင္းကို အကဲျဖတ္ အမွတ္ေပးမယ့္ လူၾကီးမင္းေတြကုိ မိတ္ဆက္ေျပာျပေပးပါဦး”လိုိ႔ အဂၤလိပ္လိုေျပာခဲ့ျပီး

နန္းခ်ယ္ရီက ျပံဳးျပံဳးေလးနဲ႔ မုိက္ကုိကုိင္ျပီး “ၾကြေရာက္လာၾကတဲ့ လူၾကီးမင္းမ်ားအားလံုး မဂၤလာပါရွင္”လို႔ ခ်စ္ဖို႔ေကာင္းတဲ့အသံေလးနဲ႔ နႈတ္ဆက္ခဲ့ပါတယ္။ အဲဒီအထိ အရာအားလံုးက အဆင္ေျပေခ်ာေမြ႔လို႔ေနပါေသးတယ္။ ဒါေပမယ့္ သိပ္မၾကာခင္မွာပဲ Miss Myanmar ဟာ ကံဆိုးမိုးေမွာင္က်သြားခဲ့တယ္လို႔ဆိုရမွာပါ။ အေၾကာင္းကေတာ့ Miss ေလးဟာ သူအလြတ္က်က္ထားဟန္တူတဲ့စကားေတြကုိ ရုတ္တရက္ၾကီးေမ့သြားလိုု႕႔ပါပဲ။ “ကြ်န္မတို႔က နုိင္ငံေပါင္းစံုက မတူကြဲျပားတဲ့ လူမ်ိဳးူေတြ၊ယဥ္ေက်းမႈေတြနဲ႔ပါ..”လို႔ ေျပာရင္းနဲ႔ ေျပာစရာေတြေမ့သြားပံုပါပဲ။

1 133

ဒါေပမယ့္ Miss Myanmar နန္းခ်ယ္ရီက စိတ္ဓာတ္ခိုင္မာတာတစ္ခ်က္ကေတာ့ ခ်ီးက်ဴးစရာပဲလို႔ဆိုရမွာပါ။ ေျပာစရာေတြေမ့သြားေပမယ့္ ငါးမိနစ္ဆိုတဲ့အခ်ိန္အစအဆံုးကုိ ငိုျပီးထြက္ေျပးသြားတာတို႔ လက္ေျမွာက္အရံႈးေပးလုိက္တာတို႔ေတြမလုပ္ပဲ ၾကံ့ၾကံ့ခံျပီးသူရသေလာက္အင္အားကေလးနဲ႔ ေမးခြန္းေတြကုိေျဖဖုိ႔ၾကိဳးစားခဲ့တာေတြ႕ရပါတယ္။ ဘယ္လုိပဲျဖစ္ျဖစ္ အဲဒီ video ေလးက Online ေပၚမွာ ပ်ံ႕နွံ႕သြားတဲ့အခါမွာသူမဟာ ျပင္းထန္တဲ့ေဝဖန္မႈေတြနဲ႔ ရင္ဆိုင္ခဲ့ရတာအမွန္ပါပဲ။

ပရိသတ္ေတြကေတာ့ သူမကုိ တတ္နုိင္သမွ်ၾကိဳးစားျပီးေျဖခဲ့တဲ့အတြက္သနားဂရုဏာသက္ၾကသူေတြလည္းရွိသလုိအရည္အခ်င္းမျပည့္မီပဲ သြားေရာက္ယွဥ္ျပိဳင္တယ္ဆိုျပီး ျပင္းျပင္းထန္ထန္ေဝဖန္ေနၾကသူေတြလည္းရွိပါတယ္။ ပရိသတ္ၾကီးေရာ နန္းခ်ယ္ရီကုိ အားေပးၾကလား။ ဒီအျဖစ္အပ်က္အေပၚေရာ ဘယ္လိုသံုးသပ္မိၾကလဲ။ေျပာခဲ့ၾကပါဦး။

Can’t Wait To Say

Unicode

Miss တွေဆိုတာဟာ Miss Crown ဆောင်းလိုက်ကတည်းက ကျန်တဲ့ပြိုင်ပွဲဝင်တွေအားလုံးထက် အစစအရာရာမှာ သာလွန်ပြည့်စုံကောင်းမွန်တာကြောင့် သရဖူူနဲ့ထိုက်တန်စွာရွေးချယ်ခံလိုက်ရခြင်းဖြစ်ကြောင်း လူတွေအားလုံးက သိကြပါတယ်။ အဲဒီလိုပဲ မြန်မာတစ်နိုင်ငံလုံးက လှပတဲ့အရည်အချင်းရှိပြုင်ပွဲဝင်တွေကို ကျော်လွန်ပြီးအရပ်တပါးမှာ သွားရောက်ယှဉ်ပြ်ိုင်ခွင့်ရတဲ့ Miss Myanmar ဆိုတာဟာလည်း မြန်မာတစ်နိုင်ငံလုံးကို ကိုယ်စားပြုရတာကြောင့် ပိုပြီးတာဝန်ကြီးသလို လိုအပ်တဲ့ အရည်အချင်းတွေနဲ့လည်း ပြည့်စုံနေသင့်ပါတယ်။

ဒါပေမယ့်် အဲဒီလိုလိုအပ်ချက်တွေပြည့်စုံခြင်းမရှိပဲ သွားရောက်ယှဉ်ပြိုင်ခဲ့တဲ့ Miss တစ်ဦးကြောင့် မြန်မာဟာ အများအလည်မှာ အရှက်ကွဲခဲ့ရသလို အဲဒီ Miss ဟာလည်း ပြင်းထန်တဲ့ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ အဲဒီ Miss လေးရဲ့နာမည်ကတော့ နန်းချယ်ရီလို့သိရပြီး နိုင်ငံတကာနဲ့ ယှဉ်ရတဲ့ Miss ပြိုင်ပွဲကြီးမှာ မြန်မာကိုယ်စားပြုအဖြစ်သွားရောက်ယှဉ်ပြိုင်ခဲ့ရတာပါ။ Miss Myanmar ဆိ်ုတဲဲ့ ခေါ်သံအဆုံးမှာ Presenter က “သင့်နိုင်ငံရဲ့အလှတရားနဲ့ ယဉ်ကျေးမှုတွေအကြောင်းကို အကဲဖြတ် အမှတ်ပေးမယ့် လူကြီးမင်းတွေကို မိတ်ဆက်ပြောပြပေးပါဦး”လိို့ အင်္ဂလိပ်လိုပြောခဲ့ပြီး

နန်းချယ်ရီက ပြုံးပြုံးလေးနဲ့ မိုက်ကိုကိုင်ပြီး “ကြွရောက်လာကြတဲ့ လူကြီးမင်းများအားလုံး မင်္ဂလာပါရှင်”လို့ ချစ်ဖို့ကောင်းတဲ့အသံလေးနဲ့ နှုတ်ဆက်ခဲ့ပါတယ်။ အဲဒီအထိ အရာအားလုံးက အဆင်ပြေချောမွေ့လို့နေပါသေးတယ်။ ဒါပေမယ့် သိပ်မကြာခင်မှာပဲ Miss Myanmar ဟာ ကံဆိုးမိုးမှောင်ကျသွားခဲ့တယ်လို့ဆိုရမှာပါ။ အကြောင်းကတော့ Miss လေးဟာ သူအလွတ်ကျက်ထားဟန်တူတဲ့စကားတွေကို ရုတ်တရက်ကြီးမေ့သွားလိုု့့ပါပဲ။ “ကျွန်မတို့က နိုင်ငံပေါင်းစုံက မတူကွဲပြားတဲ့ လူမျိုးူတွေ၊ယဉ်ကျေးမှုတွေနဲ့ပါ..”လို့ ပြောရင်းနဲ့ ပြောစရာတွေမေ့သွားပုံပါပဲ။

ဒါပေမယ့် Miss Myanmar နန်းချယ်ရီက စိတ်ဓာတ်ခိုင်မာတာတစ်ချက်ကတော့ ချီးကျူးစရာပဲလို့ဆိုရမှာပါ။ ပြောစရာတွေမေ့သွားပေမယ့် ငါးမိနစ်ဆိုတဲ့အချိန်အစအဆုံးကို ငိုပြီးထွက်ပြေးသွားတာတို့ လက်မြှောက်အရှုံးပေးလိုက်တာတို့တွေမလုပ်ပဲ ကြံ့ကြံ့ခံပြီးသူရသလောက်အင်အားကလေးနဲ့ မေးခွန်းတွေကိုဖြေဖို့ကြိုးစားခဲ့တာတွေ့ရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အဲဒီ video လေးက Online ပေါ်မှာ ပျံ့နှံ့သွားတဲ့အခါမှာသူမဟာ ပြင်းထန်တဲ့ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရတာအမှန်ပါပဲ။

ပရိသတ်တွေကတော့ သူမကို တတ်နိုင်သမျှကြိုးစားပြီးဖြေခဲ့တဲ့အတွက်သနားဂရုဏာသက်ကြသူတွေလည်းရှိသလိုအရည်အချင်းမပြည့်မီပဲ သွားရောက်ယှဉ်ပြိုင်တယ်ဆိုပြီး ပြင်းပြင်းထန်ထန်ဝေဖန်နေကြသူတွေလည်းရှိပါတယ်။ ပရိသတ်ကြီးရော နန်းချယ်ရီကို အားပေးကြလား။ ဒီအဖြစ်အပျက်အပေါ်ရော ဘယ်လိုသုံးသပ်မိကြလဲ။ပြောခဲ့ကြပါဦး။

Can’t Wait To Say

Facebook Comments