1 57

ကမာၻေက်ာ္ စတန္႔မင္းသားႀကီး ဂ်က္ကီခ်န္းဟာဆိုရင္ ကမာၻတစ္ဝွမ္းက ပရိတ္သတ္ေတြ အမ်ားအျပားရရွိထားတဲ့ သူတစ္ဦးပါ။ ဂ်က္ကီခ်န္းဟာ ေဟာလိဝုဒ္ ေၾကးအႀကီးဆုံး မင္းသားေတြထဲကတစ္ေယာက္အပါအဝင္ျဖစ္ပါတယ္။ ငယ္စဥ္က သိုင္းပညာသင္တန္းေက်ာင္းမွာ Bruce Lee မင္းသားႀကီးကို အားက်မိလို႔ ႀကိဳးစားရင္းက အခုဆုိ ကမာၻေက်ာ္စတန္႔မင္းသားႀကီးျဖစ္လာပါၿပီ။

ဂ်က္ဟာ ေအာင္ျမင္လာၿပီးေနာက္ပိုင္း ပရဟိတလုပ္ငန္းေတြကို လူမွုအဖြဲ႕အစည္းေတြနဲ႔အတူ ပူးေပါင္းလုပ္ေဆာင္လာပါတယ္။ ဂ်က္ကီခ်န္းဟာ Unicef ရဲ႕ သံတမန္တစ္ဦးျဖစ္ၿပီး ကမာၻတစ္ဝွမ္းက ဒုကၡသည္ေတြကုိ ကယ္တင္ခဲ့ပါတယ္။ ဂ်က္ဟာ ဒုကၡသည္ေတြကို ကယ္တင္ရုံသာမက သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေစာင့္ေရွာက္ေရး အဖြဲ႕အစည္းတစ္ခုျဖစ္တဲ့ CERS နဲ႔ ပူးေပါင္းၿပီး ေရေနသတၱဝါေလးေတြကို ကယ္တင္ဖို႔ လုပ္ခဲ့ပါတယ္။

ျမန္မာႏုိင္ငံ ဧရာဝတီ ျမစ္အတြင္း လင္ပုိင္မ်ားကို လ်ွပ္စစ္ေရွာ့ခ္ရုိက္ဖမ္းတာမ်ိဳးေတြ မလုပ္ၾကဖို႔ ျမန္မာဘာသာနဲ႔ ေျပာၿပီး တုိက္တြန္းေျပာဆိုထားပါတယ္။

ဧရာဝတီ လင္းပိုင္ေတြ မ်ိဳးမတုန္းေစဖို႔ ဒုကၡသည္ကေလးေလးေတြကို ကယ္တင္သလိုမ်ိဳးပဲ လင္းပိုင္ေလးေတြကုိ ရွင္သန္ခြင့္ေပးပါလို႔ ဂ်က္ကီခ်န္းက ေျပာၾကားခဲ့ပါတယ္။

“ခင္ဗ်ားတို႔ အားလုံးလင္းပိုင္ေတြကို ကာကြယ္ေပးရမယ္ ကၽြန္ေတာ္ မၾကာခင္ လာလည္မယ္၊ လင္းပိုင္ေတြနဲ႔ ေတြ႕ရဖို႔ေမ်ွာ္လင့္တယ္” ဆုိၿပီး ေျပာၾကားသြားပါတယ္။ ဒီအေၾကာင္းအရာကို ဂ်က္ဟာ လြန္ခဲ့တဲ့ ေလးႏွစ္ကေျပာၾကားခဲ့တာျဖစ္ပါတယ္။

ဂ်က္ကီခ်န္းတစ္ေယာက္ လင္းပိုင္ေတြကို အသက္ရွင္ခြင့္ေပးဖို႔ ျမန္မာဘာသာစကားနဲ႔ ေတာင္းဆိုထားတဲ့ ဗြီဒီယိုဖိုင္ကို ခံစားၾကည္႔ရွုနားဆင္လုိက္ၾကပါဦး ခ်စ္တဲ့ပရိတ္သတ္ႀကီးေရ။


ပိုပိုေလး

Unicode

ကမ္ဘာကျော် စတန့်မင်းသားကြီး ဂျက်ကီချန်းဟာဆိုရင် ကမ္ဘာတစ်ဝှမ်းက ပရိတ်သတ်တွေ အများအပြားရရှိထားတဲ့ သူတစ်ဦးပါ။ ဂျက်ကီချန်းဟာ ဟောလိဝုဒ် ကြေးအကြီးဆုံး မင်းသားတွေထဲကတစ်ယောက်အပါအဝင်ဖြစ်ပါတယ်။ ငယ်စဉ်က သိုင်းပညာသင်တန်းကျောင်းမှာ Bruce Lee မင်းသားကြီးကို အားကျမိလို့ ကြိုးစားရင်းက အခုဆို ကမ္ဘာကျော်စတန့်မင်းသားကြီးဖြစ်လာပါပြီ။

ဂျက်ဟာ အောင်မြင်လာပြီးနောက်ပိုင်း ပရဟိတလုပ်ငန်းတွေကို လူမှုအဖွဲ့အစည်းတွေနဲ့အတူ ပူးပေါင်းလုပ်ဆောင်လာပါတယ်။ ဂျက်ကီချန်းဟာ Unicef ရဲ့ သံတမန်တစ်ဦးဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းက ဒုက္ခသည်တွေကို ကယ်တင်ခဲ့ပါတယ်။ ဂျက်ဟာ ဒုက္ခသည်တွေကို ကယ်တင်ရုံသာမက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ CERS နဲ့ ပူးပေါင်းပြီး ရေနေသတ္တဝါလေးတွေကို ကယ်တင်ဖို့ လုပ်ခဲ့ပါတယ်။

မြန်မာနိုင်ငံ ဧရာဝတီ မြစ်အတွင်း လင်ပိုင်များကို လျှပ်စစ်ရှော့ခ်ရိုက်ဖမ်းတာမျိုးတွေ မလုပ်ကြဖို့ မြန်မာဘာသာနဲ့ ပြောပြီး တိုက်တွန်းပြောဆိုထားပါတယ်။

ဧရာဝတီ လင်းပိုင်တွေ မျိုးမတုန်းစေဖို့ ဒုက္ခသည်ကလေးလေးတွေကို ကယ်တင်သလိုမျိုးပဲ လင်းပိုင်လေးတွေကို ရှင်သန်ခွင့်ပေးပါလို့ ဂျက်ကီချန်းက ပြောကြားခဲ့ပါတယ်။

“ခင်ဗျားတို့ အားလုံးလင်းပိုင်တွေကို ကာကွယ်ပေးရမယ် ကျွန်တော် မကြာခင် လာလည်မယ်၊ လင်းပိုင်တွေနဲ့ တွေ့ရဖို့မျှော်လင့်တယ်” ဆိုပြီး ပြောကြားသွားပါတယ်။ ဒီအကြောင်းအရာကို ဂျက်ဟာ လွန်ခဲ့တဲ့ လေးနှစ်ကပြောကြားခဲ့တာဖြစ်ပါတယ်။

ဂျက်ကီချန်းတစ်ယောက် လင်းပိုင်တွေကို အသက်ရှင်ခွင့်ပေးဖို့ မြန်မာဘာသာစကားနဲ့ တောင်းဆိုထားတဲ့ ဗွီဒီယိုဖိုင်ကို ခံစားကြည့်ရှုနားဆင်လိုက်ကြပါဦး ချစ်တဲ့ပရိတ်သတ်ကြီးရေ။

ပိုပိုလေး

Facebook Comments