1 198

အခုလတ္တေလာ နိုင္ငံတကာပရိသတ္ေတြၾကားမွာ ေရပန္းစားေနတဲ့ ေတာင္ကိုရီးယားဇာတ္လမ္းတြဲ “Crush Landing on You” ကို ၿပီးခဲ့တဲ့ ၂၀၁၉ ခုႏွစ္၊ ဒီဇင္ဘာကတည္းက ေတာင္ကိုရီးယား႐ုပ္သံလိုင္းတစ္ခုျဖစ္တဲ့ tvN နဲ႔ အေမရိကန္ရဲ့ Netflix ကေန စတင္ျပသခဲ့တာ ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ရက္ပိုင္းတုန္းကေတာ့ ေတာင္ ကိုရီးယားနိုင္ငံမွာ တရားစြဲဆိုခံရမႈေၾကာင့္ CLOY ဇာတ္လမ္း ဆက္မျပေတာ့ဘူးဆိုတဲ့ ေကာလာဟလေတြ ထြက္ရွိခဲ့ပါတယ္။

အဲဒီလိုေကာလာဟလေတြေၾကင့္ CLOY ကို တခဲနက္အားေပးခဲ့ၾကတဲ့ နိုင္ငံတကာပရိသတ္ေတြလည္း စိုးရိမ္မကင္း ျဖစ္ခဲ့ၾကပါတယ္။ ဒါေပမဲ့ ေကာလာဟလဟာ ေကာလာဟလသာ ျဖစ္ပါတယ္။ tvN ဟာ CLOY ဇာတ္လမ္းတြဲရဲ့ အပိုင္းသစ္ကို ဆက္လက္ထုတ္လႊတ္သြားမွာပါ။ CLOP ရဲ့ အပိုင္းသစ္ျဖစ္တဲ့ အပိုင္း ၁၁ ကို လာမယ့္ ေဖေဖၚဝါရီ ၁ ရက္ေန႔ စေနေန႔မွာ ျပသသြားမွာျဖစ္ၿပီး အရင္လိုပဲ တနဂၤေႏြေန႔မွာ အပိုင္း ၁၂ ဆက္ လာမွာ ျဖစ္ပါတယ္။

1 199

ၿပီးခဲ့တဲ့ စေန၊ တနဂၤေႏြပိတ္ရက္ျဖစ္တဲ့ ဇန္နဝါရီ ၂၅, ၂၆ တုန္းက ဇာတ္လမ္းတြဲျပသရမယ့္ ရက္ျဖစ္ေပမဲ့ မျပသခဲ့တာက ေတာင္ကိုရီးယားရဲ့ ႏွစ္သက္ကူးပြဲေတာ္ေၾကာင့္ တစ္ပတ္နားလိုက္ျခင္းသာ ျဖစ္ပါတယ္။ ဇာတ္လမ္းကိုဆက္ျပခြင့္ မရေတာ့ဘူးဆိုတဲ့ ေကာလာဟလေတြ ထြက္ေနေပမဲ့လည္း အဲဒီအေၾကာင္းနဲ႔ ပတ္သက္လို႔ tvN က တုံံ့ျပန္ေျပာၾကားျခင္း မရွိခဲ့ပါဘူး။

ဒါ့ျပင္ tvN ဟာ သူ႔ရဲ့ဆိုရွယ္မီဒီယာစာမ်က္ႏွာထက္မွာ CLOY နဲ႔ ပတ္သက္တဲ့ ပို႔စ္ေတြ၊ update ေတြကို ဆက္တင္ေနခဲ့ပါတယ္။ အဲဒါဟာ ၿပီးခဲ့တဲ့ရက္ပိုင္းက ထြက္ရွိခဲ့တဲ့ ေကာလာဟလေတြကို မႈစရာမလိုတဲ့ သေဘာသက္ေရာက္သလို ဇာတ္လမ္း ဆက္ျပမယ္ဆိုတဲ့ အဓိပၸါယ္လည္း ျဖစ္ပါတယ္။

CLOY ဇာတ္လမ္းတြဲဟာ အေတာ္ေလးေရပန္းစားေနၿပီး ေတာင္ကိုရီးယားတီဗီဇာတ္လမ္းတြဲ သမိုင္းေၾကာင္းမွာ လည္း ၾကည့္ရႈႏႈန္း အျမင့္ဆုံးဇာတ္လမ္းတြဲေတြထဲမွာ ပါဝင္လာခဲ့ပါတယ္။ CLOY ရဲ့ အခုလက္ရွိျပသေနတဲ့ season မွာေတာ့ စုစုေပါင္း အပိုင္း ၁၆ ပိုင္း ပါဝင္မွာ ျဖစ္ၿပီး ၁၀ ပိုင္းကေတာ့ ထုတ္လႊတ္ျပသခဲ့ၿပီး ျဖစ္ပါတယ္။ တရားဝင္ေၾကညာထားတာမ်ိဳး မရွိေသးေပမဲ့ CLOY ဇာတ္လမ္းတြဲဟာ အခု ၁၆ ပိုင္း ၿပီးတဲ့အခါ season 2 ထြက္လာနိုင္ေခ်လည္း ရွိေနပါတယ္။

2 25

Crush Landing on You ဇာတ္လမ္းတြဲဟာ ေတာင္ကိုရီးယားနိုင္ငံရဲ့ အထက္တန္းလႊာက စီးပြားေရးလုပ္ငန္း ရွင္ အမ်ိဳးသမီးေလးနဲ႔ ေျမာက္ကိုရီးယားက စစ္ဗိုလ္ႀကီးတို႔ရဲ့ အမွတ္မထင္ေတြ႕ဆုံမိရာက အခ်စ္ဇာတ္လမ္း ျဖစ္ေပၚလာပုံကို အခ်စ္၊ အလြမ္း၊ ဟာသေႏွာၿပီး ခပ္ဆန္းဆန္းေလး ရိုက္ကူးထားတာ ျဖစ္ပါတယ္။ အဲဒီဇာတ္လမ္းမွာ ေတာင္ကိုရီးယားမင္းသားေခ်ာ Hyun Bin နဲ႔ မင္းသမီးေခ်ာ Son Ye-jin တို႔ ေခါင္းေဆာင္ ပါဝင္ထားပါတယ္။

ခရက္ဒစ္ ၀ီမီဒီယာ

Unicode

အခုလတ်တလော နိုင်ငံတကာပရိသတ်တွေကြားမှာ ရေပန်းစားနေတဲ့ တောင်ကိုရီးယားဇာတ်လမ်းတွဲ “Crush Landing on You” ကို ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာကတည်းက တောင်ကိုရီးယားရုပ်သံလိုင်းတစ်ခုဖြစ်တဲ့ tvN နဲ့ အမေရိကန်ရဲ့ Netflix ကနေ စတင်ပြသခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းကတော့ တောင် ကိုရီးယားနိုင်ငံမှာ တရားစွဲဆိုခံရမှုကြောင့် CLOY ဇာတ်လမ်း ဆက်မပြတော့ဘူးဆိုတဲ့ ကောလာဟလတွေ ထွက်ရှိခဲ့ပါတယ်။

အဲဒီလိုကောလာဟလတွေကြေင့် CLOY ကို တခဲနက်အားပေးခဲ့ကြတဲ့ နိုင်ငံတကာပရိသတ်တွေလည်း စိုးရိမ်မကင်း ဖြစ်ခဲ့ကြပါတယ်။ ဒါပေမဲ့ ကောလာဟလဟာ ကောလာဟလသာ ဖြစ်ပါတယ်။ tvN ဟာ CLOY ဇာတ်လမ်းတွဲရဲ့ အပိုင်းသစ်ကို ဆက်လက်ထုတ်လွှတ်သွားမှာပါ။ CLOP ရဲ့ အပိုင်းသစ်ဖြစ်တဲ့ အပိုင်း ၁၁ ကို လာမယ့် ဖေဖေါ်ဝါရီ ၁ ရက်နေ့ စနေနေ့မှာ ပြသသွားမှာဖြစ်ပြီး အရင်လိုပဲ တနင်္ဂနွေနေ့မှာ အပိုင်း ၁၂ ဆက် လာမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေပိတ်ရက်ဖြစ်တဲ့ ဇန်နဝါရီ ၂၅, ၂၆ တုန်းက ဇာတ်လမ်းတွဲပြသရမယ့် ရက်ဖြစ်ပေမဲ့ မပြသခဲ့တာက တောင်ကိုရီးယားရဲ့ နှစ်သက်ကူးပွဲတော်ကြောင့် တစ်ပတ်နားလိုက်ခြင်းသာ ဖြစ်ပါတယ်။ ဇာတ်လမ်းကိုဆက်ပြခွင့် မရတော့ဘူးဆိုတဲ့ ကောလာဟလတွေ ထွက်နေပေမဲ့လည်း အဲဒီအကြောင်းနဲ့ ပတ်သက်လို့ tvN က တုံံ့ပြန်ပြောကြားခြင်း မရှိခဲ့ပါဘူး။

ဒါ့ပြင် tvN ဟာ သူ့ရဲ့ဆိုရှယ်မီဒီယာစာမျက်နှာထက်မှာ CLOY နဲ့ ပတ်သက်တဲ့ ပို့စ်တွေ၊ update တွေကို ဆက်တင်နေခဲ့ပါတယ်။ အဲဒါဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ထွက်ရှိခဲ့တဲ့ ကောလာဟလတွေကို မှုစရာမလိုတဲ့ သဘောသက်ရောက်သလို ဇာတ်လမ်း ဆက်ပြမယ်ဆိုတဲ့ အဓိပ္ပါယ်လည်း ဖြစ်ပါတယ်။

CLOY ဇာတ်လမ်းတွဲဟာ အတော်လေးရေပန်းစားနေပြီး တောင်ကိုရီးယားတီဗီဇာတ်လမ်းတွဲ သမိုင်းကြောင်းမှာ လည်း ကြည့်ရှုနှုန်း အမြင့်ဆုံးဇာတ်လမ်းတွဲတွေထဲမှာ ပါဝင်လာခဲ့ပါတယ်။ CLOY ရဲ့ အခုလက်ရှိပြသနေတဲ့ season မှာတော့ စုစုပေါင်း အပိုင်း ၁၆ ပိုင်း ပါဝင်မှာ ဖြစ်ပြီး ၁၀ ပိုင်းကတော့ ထုတ်လွှတ်ပြသခဲ့ပြီး ဖြစ်ပါတယ်။ တရားဝင်ကြေညာထားတာမျိုး မရှိသေးပေမဲ့ CLOY ဇာတ်လမ်းတွဲဟာ အခု ၁၆ ပိုင်း ပြီးတဲ့အခါ season 2 ထွက်လာနိုင်ချေလည်း ရှိနေပါတယ်။

Crush Landing on You ဇာတ်လမ်းတွဲဟာ တောင်ကိုရီးယားနိုင်ငံရဲ့ အထက်တန်းလွှာက စီးပွားရေးလုပ်ငန်း ရှင် အမျိုးသမီးလေးနဲ့ မြောက်ကိုရီးယားက စစ်ဗိုလ်ကြီးတို့ရဲ့ အမှတ်မထင်တွေ့ဆုံမိရာက အချစ်ဇာတ်လမ်း ဖြစ်ပေါ်လာပုံကို အချစ်၊ အလွမ်း၊ ဟာသနှောပြီး ခပ်ဆန်းဆန်းလေး ရိုက်ကူးထားတာ ဖြစ်ပါတယ်။ အဲဒီဇာတ်လမ်းမှာ တောင်ကိုရီးယားမင်းသားချော Hyun Bin နဲ့ မင်းသမီးချော Son Ye-jin တို့ ခေါင်းဆောင် ပါဝင်ထားပါတယ်။

ခရက်ဒစ် ဝီမီဒီယာ