၂၀ရက်နေ့ အလုပ်တွေပြန်ဆင်းကြရင် ဘယ်လိုစီမံရမလဲ ဘယ်လို လုံခြုံမှုတွေပေးမှာလဲ
၂၀ရက်နေ့ အလုပ်ပြန်ဆင်းကြရင် ဘယ်လိုစီမံရမလဲ ဘယ်လို လုံခြုံမှုတွေပေးမှာလဲ ကျွန်တော် HR တစ်ယောက်ပါ ဒီစာကို အလုပ်ရှင်မြင်လည်း မတတ်နိင်ပါဘူး.. ၂၀ရက်နေ့ အလုပ်ပြန်ဆင်းကြရင် ဘယ်လိုစီမံရမလဲဆိုတာတွေက HRပညာရှင်တွေ၊အလုပ်ရှင်တွေအတွက် တော်တော်လေးကိုခက်ခဲစွာဖြေရှင်းရမယ့် ကိစ္စပါ ပညာရှင်တွေဘယ်လိုပဲပြောပြော လုပ်ငန်းအမျိုးအစား ကအမျိုးမျိုးဖြစ်နေတဲ့အတွက် အကြံဉာဏ်တွေက တကယ့်လက်တွေ့မှာ တချို့သောလုပ်ငန်းတွေအတွက် အသုံးမဝင်ပါဘူး ဥပမာ အထည်ချုပ်မှာသွားပြီး work from home 3ပေခြားတွေလုပ်လို့မရပါဘူး ဥပမာပါပဲ.. အလုပ်ရှင်နဲ့ HRတွေ မ‌ဖြေနိုင်တဲ့မေးခွန်းကတော့.. (၁)အကယ်၍ သာအလုပ်မှာ ကူးစက်ခဲ့ရင် ဘယ်လိုလုပ်ပေးမလဲ?သူကူးရင်မိသားစုမှာကူးမှာလေတဲ့ ခုချိန်မှာ အားလုံးက စိုးရိမ်စိတ်လွန်အကြောက်လွန်နေကြပါတယ် ဒါတွေကို ပြေပျောက်အောင် ဝန်ကြီးချုပ်က ကြားဝင်ပြီး မကြောက်ပါနဲ့ အလုပ်ပြန်ဆင်းကြပါဆိုရင်တောင် ဝန်ကြီးချုပ်ကို ပြန်ပြောကြမယ့် အနေအထားရှိတယ် ကျွန်တော်တို့လို HRဆိုတာ ဝေးရောပေါ့ အထက်လူကြီး၊နိုင်ငံခြားသားတွေအနေနဲ့ သေချာအချက်ကျကျစဉ်းစားတတ်ကြပေမယ့် … Read more
ကျန်းမာရေးဝန်ကြီးဌာန၏ အမိန့် ထုတ်ပြန်ချက် လူ ၅ ဦးထက် ပို၍ စုဝေးလျင် ဥပဒေအရ အရေးယူမည်
ကျန်းမာရေးဝန်ကြီးဌာန၏ အမိန့် အမှတ် ၃၇/၂၀၂၀ လူ ၅ ဦးထက် ပို၍ စုဝေးခြင်းကို ပိတ်ပင်သည်။ အောက်ပါ ကိစ္စရပ်များမှ လွဲ၍ လူ (၅) ဦး ဖြစ်စေ၊ (၅) ဦး အထက် ဖြစ်စေ စုဝေးခြင်း မပြုရ။ ၁- အစိုးရအဖွဲ့မှာ တာဝန်ထမ်းဆောင်ရန် လုပ်ငန်းခွင်သို သွားရောက်ခြင်း/ ပြန်ခြင်း ၂- ကုမ္ပဏီစက်ရုံအလုပ်ရုံများတွင် တာဝန်ထမ်းဆောင်ရန် လုပ်ငန်းခွင်သို သွားရောက်ခြင်း/ ပြန်ခြင်း ၃- ခွင့်ပြုချက်ရရှိထားတဲ့ ဈေး/ ကုန်တိုက်များတွင် ဈေးရောင်းဈေးဝယ်ပြုခြင်း ၄- ခွင့်ပြုချက်ရရှိထားတဲ့ ကုန်စည်သယ်ယူပို့ဆောင်ရေး ၅- တရားစီရင်ရေး ဆောင်ရွက်ခြင်း ၆- ခွင့်ပြု့ချက်နဲ့အညီ ကိုဗစ်ကာကွယ်ရေးဆောင်ရွက်ခြင်း ၇- အရေးပေါ်ကယ်ဆယ်ရေးဆောင်ရွက်ခြင်း ၈-ကျန်းမာရေးအရ ဆေးရုံဆေးခန်းသို့ သွားရောက်ခြင်း ၉- … Read more
မြန်မာတွေက စေတနာကောင်းတယ် ကျန်းမာရေးအသိနည်းပါးတော့ ..
ဘယ်သူ့ကိုမှ မယုံပါနဲ့
ဘယ်သူ့ကိုမှ မယုံပါနဲ့ ထပ်တိုး ၁၁ ဦး စုစုပေါင်း ၈၅ဦး…… ဒီနေ့ ထုတ်ပြန်ချက်မှာ အရမ်းကြောက်ဖို့ ကောင်းတာ တစ်ခု တွေ့ရတယ်။ ထပ်တွေ့တဲ့ လူနာ ၁၁ဦးမှာ P0sitive လူနာ တွေ နဲ့ ထိတွေ့မှု မရှိတဲ့ လူနာအသစ် ၄ ဦးပါဝင်လာတာ။ ပြည်ပ ကပြန်လာတဲ့ Q ဝင်နေတဲ့ ၂ဦးက ထားပါတော့ ဒါဆိုပြည်တွင်းက ဒီ ၂ဦးက ဘယ်က ကူးတာလဲ ? ရှင်းရှင်းလေးပဲ ဒီဗိုင်းရပ်စ်ပိုးက နေရင်း ထိုင်ရင်း ကူးတဲ့ ဗိုင်းရပ်စ်မျိုးမဟုတ်ဘူး။ ဒါဆို ဘယ်က ကူးတာလဲ ? ဘယ်က ကူးတာလဲ ဆိုတော့ ဆေးရုံကို မရောက်သေးတဲ့ P0sitive လူနာတွေ ဆီကပဲ။ … Read more
case 38 အား ပင်စင် လစာထုပ်ပေးခဲ့သော ငွေကိုင်ဝန်ထမ်းပါ ကျမထိတွေ့ခဲ့သော လူဦးရေပေါင် (၃)ထောင်ရှိသဖြင့် ရောဂါပိုးရှိ မရှိ ကျမအား အမြန်ဆုံးစစ်ပေးကျပါ
C ၀ v i d 1 9 ရောဂါပိုးရှိ.မရှိ.ကျမကိုအမြန်ဆုံးစစ်ပေးကျပါ ကျမသည်C ၀ v i d 1 9 case 38 အား24.3.2020နေ့တွင်ပင်စင်လစာထုပ်ပေးခဲ့သောငွေကိုင်ဝန်ထမ်းဖြစ်ပါသည်. ပီးနောက်31.3.2020 နေ့တွင် ရန်ကုန်ဘူတာကြီးရှိ မြန်မာ့မီးရထားဝန်ထမ်းပေါင်း.500 ခန့်အားလစာများထုပ်ပေးခဲ့ပီး 1.4.2020နေ့တွင် ရန်ကုန်မြို့မှပြည်မြို့သို့ထွက်ခွာ၍ ဘူတာစဉ်တလျောက် ပင်စင်စားများဝန်ထမ်းများအား လစာများထုပ်ပေးခဲ့ပါသည် ကျမထိတွေ့ခဲ့သော လူဦးရေပေါင် (၃)ထောင်ခန့်ရှိပါသည်. ကျမသည် ကိုယ်ပူခြင်း ဖျားနာခြင်း ချောင်းဆိုးခြင်းများလုံးဝမရှိဘဲ ယခုချိန်ထိကျမ်းမာလျက်ရှိပါသည် သို့သော် case 38 အား ပင်စင်လစာထုပ်ပေးခဲ့ပီး 21 ရက်မြောက်နေ့ဖြစ်သော မနေ့က14.4.2020 နေ့တွင် ကျမအား C ၀ v i d 1 9 သံသယရှိလူနာသတ်မှတ်၍ မြန်မာ့မီးရထား … Read more
ယနေ့ မနက် ရောဂါပိုးတွေ့သူ (12)ဦးတဲ့
C 0 V I D -19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (၁၅-၄-၂၀၂၀) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီ ၁။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)သည် (၁၄-၄-၂၀၂၀) ရက်နေ့တွင် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးမှ ပေးပို့လာသော စောင့်ကြည့်လူနာ (၁၁၂) ဦးနှင့် အသွား အလာကန့်သတ်ခြင်း/ တားမြစ်ခြင်း ဆောင်ရွက်ထားရှိသူ (၂၈၁) ဦးတို့၏ ဓာတ်ခွဲနမူနာများ စုစုပေါင်း (၃၉၃)ခုအား စစ်ဆေးခဲ့ရာ (ဇယား-၁) တွင် ဖော်ပြထားသူ (၁၂)ဦးတို့၏ ဓာတ်ခွဲနမူနာ များတွင် C 0 V I D-19 ရောဂါပိုးတွေ့ရှိရပြီး ကျန် (၃၈၁)ဦးတွင် C 0 V I D-19 ရောဂါပိုးမတွေ့ရှိကြောင်း သိရှိရပါသည်။ ၂။ ဓာတ်ခွဲအတည်ပြုလူနာ … Read more
မန္တလေးတိုင်းအတွက် စိုးရိမ်ပူပန်နေကြတဲ့ ပြည်သူများအတွက် ထုတ်ပြန်ကြေငြာချက်
မန္တလေးတိုင်းအတွက် စိုးရိမ်ပူပန်နေကြတဲ့ ပြည်သူများအတွက် ထုတ်ပြန်ကြေငြာချက် C 0 V I D-19 ရောဂါအတည်ပြုလူနာများလာလို့ မန္တလေးတိုင်းအတွက် စိုးရိမ်ပူပန်နေကြတဲ့ ပြည်သူများသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ မိမိတိုင်းအတွင်း C 0 V I D-19 ရောဂါ ပြန့်ပွားမှုမရှိစေရေး နဲ့ ကာကွယ်ထိန်းချုပ်ရေးအတွက် အခြေအနေနဲ့အချိန်အခါပေါ်မူတည်ပြီး တစ်စိုက်မတ်မတ် ကြိုးစားဆောင်ရွက်နေပါတယ်။ ပြည်သူတွေအနေနဲ့ အစိုးရအဖွဲ့ရဲ့ ညွှန်ကြားချက်တွေကို အလေးထားလိုက်နာကြဖို့ အရေးကြီးဆုံးပါ။ ခလုပ်ထိမှ အမိတ လို့မရပါဘူး။ မဖြစ်ခင်ကြိုတင်ကာကွယ်မှုကအရေးကြီးပါတယ်။ ပြည်သူတွေတောင်းဆိုနေကြတဲ့ ရန်ကုန်ကလာရောက်မယ့်သူတွေကို တားဆီးဖို့ နဲ့ q u a r an t i n e လုပ်ဖို့ဆိုတာ တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ လုပ်ပိုင်ခွင့် ဘောင်ကိုကျော်နေပါတယ်။ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ တားမြစ်မိန့်ထုတ်ပြန်ပြီး … Read more
တရားေ ဟာဆရာ ဒေးဗစ်လားအပါအဝင် လေးဦးကို အမှုဖွင့် အရေးယူ
တရားဟောဆရာ ဒေးဗစ်လားအပါအဝင် လေးဦးကို အမှုဖွင့် ဧပြီ-၁၄၊ ၂၀၂၀ ရောဂါဖြစ်ပွားစေနိုင်တဲ့လူစုလူဝေးဆောင်ရွက်ခဲ့တဲ့အတွက် တရားဟောဆရာ ဒေးဗစ်လားနဲ့ သင်းအုပ်ဆရာအပါအဝင် လေးဦးတို့ကို သဘာဝအန္တရယ် စီမံခန့်ခွဲမှုဆိုင်ရာဥပဒေအရ အမှုဖွင့်လိုက်ကြောင်း ထုတ်ပြန်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီး C 0 V I D-19 ထိန်းချုပ်ရေးနဲ့ အရေးပေါ်တုံ့ပြန်ရေးကော်မတီက ဒီကနေ့ ဧပြီ ၁၄ ရက် ရက်စွဲနဲ့ ထုတ်ပြန်လိုက်တာပါ။ တရားဟောဆရာဒေးဗစ်လား၊ သင်းအုပ်ဆရာ၊ အမှုတော်ဆောင်နဲ့ နဝရတ်တေးသံသွင်းမှ ဦးဝေထွန်းတို့ကို အင်းစိန်မြို့မရဲစခန်းနဲ့ မရမ်းကုန်မြို့မရဲ့စခန်းတွေမှာ သီးခြားစီအမှုဖွင့်လိုက်တာဖြစ်ပါတယ်။ ပြီးတော့လည်း ရန်ကုန်မြောက်ပိုင်းခရိုင်၊ ရန်ကုန်အနောက်ပိုင်းခရိုင်တို့ အတွင်းမှာရှိတဲ့ C 0 V I D -19 တွေ့ရှိခဲ့သူတွေနေထိုင်ရာနေရာတွေကို အသွားအလာကန့်သတ်တားမြစ်ခြင်း L 0 c k d o … Read more
ရော့ခ်အဆိုကျော် မျိုးကြီးပါဝင်သော ကို ဗစ်-၁၉ လူနာ ၂၁ ဦးထပ်မံတွေ့ရ
ရော့ခ်အဆိုကျော် မျိုးကြီးပါဝင်သော ကို ဗစ်-၁၉ လူနာ ၂၁ ဦးထပ်မံတွေ့ရှိ (ရန်ကုန်၊ ဧပြီ ၁၄ )ကျန်းမာရေးဝန်ကြီးဌာနက နာရီအနည်းငယ်ခြားကာ ထုတ်ပြန်သော ကြေညာချက်များအရ C ၀ V I D-19 အတည်ပြုလူနာ ၂၁ ထပ်မံထွက်ပေါ်လာရာတွင် ရော့ခ်အဆိုတော်မျိုးကြီးလည်း ပါဝင်သည်။ ဧပြီ ၁၃ ရက်နေ့ည ၈ နာရီခန့်မှစ၍ လေးနာရီအတွင်း သုံးကြိမ်ခြားထုတ်ပြန်သော ကြေညာချက်များအရ ပထမအကြိမ်တွင် ၁၁ ဦး၊ ဒုတိယအကြိမ်တွင် တစ်ဦးနှင့် တတိယအကြိမ်တွင် ကိုးဦးပါဝင်သည်ကိုတွေ့ရသည်။ ပြည်သူ့လွှတ်တော်အမတ် ဦးထွန်းမြင့်က လူနာအမှတ် (၄၆) ဖြစ်သော အဆိုတော်မျိုးကြီးကို ရည်ညွှန်းလျက် “ဗဟန်းမြို့နယ်၊ပုလဲကွန်ဒိုနေ၊အဆိုတော်အမျိုးသားတစ်ဦး(၄၄နှစ်)ထံတွင် C 0 V I D-19 ပိုးထပ်မံတွေ့ရှိပြန်” ဟု သူ၏လူမှုကွန်ယက်စာမျက်နှာတွင် … Read more
အီတလီခံလိုက်ရတာလဲ ဘာသာရေးအခန်းနားတစ်ခုမှာပဲ .. ဒုတိယ အီတလီ ဖြစ်နိုင်သလို ဒုတိယ အီကွေတော ဖြစ်သွားနိုင်ပါတယ်
အီတလီခံလိုက်ရတာလဲ ဘာသာရေးအခန်းနားတစ်ခုမှာ ၊ အခုမြန်မာပြည် တစ်ရက်ထဲ ဆယ်ယောက် p o s i t i v e တွေ့တာ အများဆုံးက ဘာသာရေးပွဲတစ်ခုက ၊ ဒီလိုတာ ရှေ့ဆက်သွားမယ်ဆိုရင် ကျွန်တော်တို့ ဒုတိယ အီတလီ ဖြစ်နိုင်သလို ဒုတိယ အီကွေတော ဖြစ်သွားနိုင်ပါတယ်၊ ဒီအချိန်မှာ သက်ဆိုင်ရာ ဘာသာရေးခေါင်းဆောင်တွေအနေနဲ့ လုပ်သင့်တာနဲ့ မလုပ်သင့်တာကို ပိုင်းခြားဆုံးဖြတ်သင့်သလို့ သက်ဆိုင်ရာ အုပ်ချုပ်ရေးပိုင်းကလည်း အဖြူအမည်းမခွဲခြားပဲ စည်းကမ်းပိုင်းဆိုင်ရာတွေကို တင်းကြပ်သင့်ပါတယ်၊ အခု ကျွန်တော်တို့ ရင်ဆ်ုင်နေရတဲ့ v i r u s က ဘယ်ဘာသာမှ မခွဲခြားသလို ချမ်းသာဆင်းရဲ အာဏာရှိမရှိ ခွဲခြားမှာမဟုတ်ပါဘူး၊ အသက်ရှိတဲ့ အရာအားလုံးကို တိုက်စားသွားမှာပါ၊ … Read more