တစ်ပတ်စာ ခုနှစ်ရက်သားသမီး ကံကြမ္မာဟောကိန်း (20-9-2020 to 26-9-2020) တနင်္ဂနွေသားသမီး အယုံမလွယ်သင့်တဲ့အချိန်ပါ မိမိအပေါ်အယုံသွှင်းလိမ်ညာမူပြုမည့်သူများနှင့်ဆုံတွေ့ရတတ်ပါသည် မတွဲသင့်သူများနှင့်တွဲမိ၍ နာမည်ပျက်တတ်တဲ့ကာလပါ အလုပ်နှင့် ပတ်သက်၍လက်မှတ်ထိုးတာတွေမှာစာသေသေချာချာဖတ်ပြီးမှသာဆောင်ရွက်ပါ စာသားအယူအဆတွေလွဲပြီး ကတုံးပေါ်ထိပ်ကွက်အမြတ်ထုတ်ခံရတတ်ပါတယ် အချစ်ရေးတွင်စန်းအပွင့်လွန်၍တစ်ဦးထက်ပိုသောအချစ်ရေးကိစ္စများကြုံရပါမည် ထီ၉၆ပါသောထီထိုးပါ ယတြာ မှန်အဝိုင်းတစ်ချပ်ပေါ်တွင်ဖယောင်းတိုင်တင်ထွန်း၍ဘုရားပူဇော်ပါလေ တနင်္လာသားသမီး အိမ်တွင်းရေး လူမူရေးပဋိပက္ခများကြုံရတတ်သောကာလပါ မိမိ၏အောင်မြင်မူများအပေါ်မနာလိုအနှောင့်အယှက်ပြုသူများပေါ်မည် စုပေါင်း၍စပ်တူရှယ်ယာလုပ်ရသောလုပ်ငန်းများတွင်ကတိပျက်သူများပါလာတတ်ပါသည် နေရာအပြောင်းအလဲကိစ္စများဆောင်ရွက်ထားပါကအဆင်ပြေအောင်မြင်ပါလိမ့်မည် ငယ်ရွယ်သူများအချစ်ရေးတွင်အဆင်ပြေမယ်ထင်ထားပေမယ့်လက်တွေ့တွင်မိမိအပေါ်ဆင်ခြင်ပေး၍ရှောင်လွှဲခံနေရလိမ့်မည် ကျန်းမာရေး ခါးနာဝေဒနာခံစားရပါမည် ထီ၉၇ပါသောထီရှာထိုးပါ ယတြာ ငါးစာ သို့မဟုတ် ခိုစာကျွေးပေးပါ အင်္ဂါသားသမီး ရုတ်တရက်ဘဝတစ်ဆစ်ချိူးအပြောင်းအလဲဖြစ်စေနိူင်သောအခွင့်အလန်းကောင်းများကြုံရပါလိမ့်မည် တေ့လွဲလွဲနေသောကိစ္စများပြန်လည်အဆင်ပြေချောမွေ့၍အောင်မြင်မူများရရှိပါလိမ့်မည် မိမိ၏အကူအညီပေးမူအပေါ်အသိအမှတ်ပြု၍ကျေးဇူးပြန်ဆပ်ခြင်းခံရတတ်သောကာလပါ စက်ပစ္စည်းအသစ်များဝင်မည် မထင်မှတ်ထားသောခရီးတိုထွက်ရလိမ့်မည် ငယ်ရွယ်သူများသင်တန်းတက်ရင်းချစ်သူရည်းစားရပါလိမ့်မည် ကျန်းမာရေးဇက်ကြောများလေးလံနေလိမ့်မည် ထီ ၃၅ပါသောထီထိုးပါ ယတြာ နေအိမ်ဘုရားတွင်ကော်ဖီမစ်လှုပေးပါ ဗုဒ္ဓဟူးသားသမီး စက်ပစ္စည်းတွေမကြာခဏပျက်လို့စိတ်ညစ်နေရပါလိမ့်မည် ဝမ်းကွဲဆွေမျိူးတွေရဲ့ကျန်းမာရေးကိစ္စအတွက်ငွေကုန်ကြေးကျများနေရမည့်ကာလပါ ခရီးထွက်မည့်အစီအစဉ်များပျက်ခြင်း သို့မဟုတ် ရက်ရွှေ့ရခြင်းများကြုံရတတ်ပါသည် ဘုရားပုံတော်သို့မဟုတ်ဆင်းထုတော်များဝင်လာပါလိမ့်မည် ဝင်လာသည့်နေ့တွင်ထီထိုးပါ ငယ်ရွယ်သူများအချစ်ရေးတွင်တစ်ယောက်နှင့်တစ်ယောက်ဘာမဟုတ်တဲ့ကိစ္စလေးနှင့်စကားများရတတ်ပါသည် ကျန်းမာရေးတွင်အပူနာတွေပေါက်တတ်ပါသည် … Read more